(ရဟန်းမြတ်တို့၏ကျင့်ထုံးလေးတစ်ခုရယ်မို့ )
သီဟိုရ်ကျွန်းဝယ်စူဠနာဂ၊မဟာနာဂ မည်သော ညီအကို ပဉ္စင်းငယ် နှစ်ပါးရှိခဲ့ဖူး၏။ရဟန်းငယ် နှစ်ပါးတို့သည် စိတ္တလတောင် ၌အနှစ်သုံးဆယ်တိုင်တိုင် ကမ္မဋ္ဌာန်းတရား အားထုတ်နေကြ၏။ အနှစ်သုံးဆယ် ပြည့်မြောက်သောအ ခါညီအကို နှစ်ပါးလုံးရဟန္တာဖြစ်ကြ၏။ရဟန္တာဖြစ်ပြီးသောအခါ မိခင်ကြီးအားချီးမြောက်ရန်မိခင်ကြီးနေထိုင်သော မဟေဠ မြို့သို့ ကြွရောက်တော်မူကြ၏။မိခင်ကြီးကလည်း နံနက်တိုင်းတွင်အိမ်ရှေ့ဆွမ်းရပ်လာသော မည်သည့် ကိုယ်တော်မဆို ဆွမ်းလောင်းလှူလေ့ရှိ၏။ နောက်တစ်နေ့ နံနက်တွင်အခြားရဟန်းများနည်းတူသားရဟန်းနှစ်ပါးကလည်း မိခင်ကြီးအိမ်ရှေ့ဝယ် ဆွမ်းရပ်ခံကြ၏။မယ်တော်ကြီးကလည်းဆွမ်းရပ်လာသော ရဟန်းကို ဆွမ်းတစ်စွန်း လောင်းလှူလိုက်၏ ။ သားမထေရ်ကို မမှတ်မိသော်လည်းစိတ်ထဲက သားကဲ့သို့ မှတ်ထင်သွား၍ -ဘုန်းဘုန်းကတပည့်တော်မ၏သား မဟာနာဂ လားဘုရား-ဟုမေးမြန်းကြည့်၏။
ဒကာမကြီး နောက်က ကြွလာမည့် ကိုယ်တော်ကို မေးကြည့်ပါဦး-ဟုမိန့်ဆိုပြီးကြွသွားလေ၏။ထို့နောက် ခပ်လှမ်းလှမ်းမှ ကြွလာသော သားငယ် စူဠနာဂကိုလည်း ဆွမ်းတစ်စွန်းလှူပြီးနောက်အရှင်ဘုရားကတပည့်တော်၏ သားငယ်စူဠနာဂလား ဘုရားဟု မဝံ့မရဲဖြင့် လျှောက်ထားကြည့်၏။ဒကာမကြီးဘာဖြစ်လို့ရှေ့က ကြွသွားသော ကိုယ်တော်ကို မမေးလျှောက်ကြည့်သလဲ-ဟု မိန့်တော်ပြီးဆက်လက်ကြွသွားလေ၏။မိခင်ကြီးကလည်း ငါ့သားတော်များမဟုတ်လို့ ထင်ပါရဲ့-ဟု မိမိစိတ်ကိုဖြေသိမ့်နေလိုက်၏။
မိခင်ကြီးသည်အသက်အရွယ်ကြီးရင့်၍မျက်စိများလည်းမှုန်၊ သားတော်များနှင့်ကွဲကွာနေသည်မှာလည်းအနှစ်သုံးဆယ်ကျော်ကြာညောင်းသွားပီဖြစ်ရကားသားတော်များကို တွေ့သော်လည်းကောင်းကောင်းမမှတ်မိတော့။ မိမိသားတော်ရဟန်းနှစ်ပါးနှင့် ရုပ်ချင်းဆင်သော ရဟန်းတော်တိုင်းကိုပင်လျှောက်ထားမေးမြန်းလေ့ရှိ၏။ မည့်သည့် ရဟန်းမျှလည်း သားတော်ပါ-ဟု ဝန်ခံပြောဆိုသွားသည်မရှိကြ။သားတော် အရင်းနှစ်ပါးကပင်ဝန်ခံပြောဆို မသွားကြပါ။အဘယ်ကြောင့် ရဟန်းတော်များကကိုယ့်မိခင်အရင်းကို မိခင်ပါလို့ ဝန်ခံ ပြောဆိုမသွားကြတာလဲ။ အမေ မတော်ချင်လို့လား-ဟု ထင်မြင်စရာ ရှိ၏။ အမေပါလို့ ဝန်ခံ ပြောဆိုရမှာရှက်လို့ ကြောက်လို့လည်းမဟုတ်။ဒါဆို ဘာကြောင့်ပါလဲ။
အမှန်ကားရဟန်းတော်တိုင်းသည် ရွာထဲသို့ကြွဝင်လျှင် လူ ဒကာ၊ဒကာမတို့နှင့်အရောတဝင် မနေရ၊ဆွမ်းခံရာ၌ စကားမပြောတတ်သော သူအ ကဲ့သို့ ပြုကျင့်လျှက် ဆွမ်းရရာ ရကြောင်းကိစ္စနှင့် ပတ်သက်၍မည်သည်စကားကိုမျှ မဆိုရ=ဟူသော နာလက ကျင့်ဝတ် သိက္ခာကို စောင့်ထိန်းရိုေ သ သောကြောင့်မိမိတို့၏မိခင်အရင်းပင်ဖြစ်သော်လည်း သားတော်များအဖြစ်မသိစေဘဲစောင့်ထိန်းတော်မူကြ၏။
အရှင် မဟာကဿပမထေရ်ကြီးသည် ဒကာ၊ ဒကာမတို့ အပေါ်၌ တွယ်တာ ကပ်ငြိမှုသံယောဇဉ်မရှိရုံမျှမက တွေ့တိုင်း တွေ့တိုင်းသော ဒကာ၊ ဒကာမတို့သည်အသစ်အသစ်ချည်းသာ ဖြစ်၍တစိမ်းတရံချည်းသာဖြစ်၍နေ၏။ဒကာ၊ဒကာမတို့နှင့် ရင်းနှီးကျွမ်းဝင်အောင် နေထိုင်တော်မူလေ့မရှိ။နေရာသစ် ဌာနသစ်တို့၌သာ ပြောင်းရွှေ့ သီတင်းသုံးတော်မူ၏။ရင်းနှီး ကျွမ်းဝင်အောင်နေထိုင်တော်မမူ။အရှင် မဟာကဿပမထေရ်မြတ်ကြီးကို အတုလိုက်၍ကျင့်ကုန်သော ရဟန်းတော်မြတ်တို့သည်မိခင်ရင်းကိုပင် အသိမခံဘဲ တစိမ်းတရံကဲ့သို့နေထိုင်ကျင့်သုံးတော်မူကြ၏။ စူဠနာဂ၊ မဟာနာဂညီအကိုနှစ်ပါးတို့သည်လည်းအရှင် မဟာကဿပ မထေရ်ကြီးကို အတုလိုက်၍ကျင့်ကြသော ရဟန်းတော်မြတ်တို့တည်း။
အကယ်၍ ဒကာမကြီးရဲ့သားတော်တို့ မှန်ပေသည်-ဟု ပြောလိုက်လျှင် သားဟူသောချစ်ခြင်းဖြင့် ပေးလှူသည်ရှိသော် အကျိုးမကြီးလှ။အကျိုးမကြီးမားမည်ကို သိတော်မူကြသေြာေ ကာင့်သားအရင်းပါ-ဟု ဝန်ခံတော် မမူကြခြင်းဖြစ်တယ်။ မိခင်၏အကျိုးကြီးမားများမြတ်စေခြင်းအကျိုးငှာ သားတော်ရဟန်းများအဖြစ် အသိမခံကြခြင်းဖြစ်တယ်။
သားဟူသော ချစ်ခြင်း၊ဆွေမျိုးဟူသော ချစ်ခြင်းများဖြင့် ပေးလှူသော်လှူသောသူများအဖို့မှာ အကျိုးမကြီးမားလှ။ ပုဂ္ဂိုလ်စွဲ၊ကျောင်းစွဲ၊ဒေသစွဲ လှူသော အလှူတို့သည်လည်း အကျိုးမကြီးမား။ခင်မင်ရင်းနှီး၍လှူသော အလှူများသည်လည်း အကျိုးမကြီးမား။ ထင်ပေါ်ကျော်ကြား ၍လှူသော အလှူများသည်လည်းအကျိုးများမြတ်လိမ့်မည် မဟုတ်။သင်္ဂဟ သဘောလောက်သာ သက်ရောက်ပေလိမ့် မည်။ဒီသဘောတရားကိုသိမြင်တော်မူကြသော ရဟန်းမြတ်တို့သည်သူက ငါ့ဆွေမျိုးတည်း၊သူက သားချင်းတည်း၊သူကငါ့ဒကာတည်း၊ သူကငါ့နဲ့ ရင်းနှီးကျွမ်းဝ င်သူတည်း=ဟု မိန့်တော်မမူကြပေ။တစိမ်းတရံလိုပင် ပြုမူနေထိုင်ကြ၏။သိပင် သိသော်လည်းမသိသလို နေထိုင်ကျင့်သုံးတော်မူကြ၏။ မှတ်မိသော်လည်းမ မှတ်မိသလိုပင် နေထိုင်တော်မူကြ၏။ဤကား ရဟန်းတော်များကျင့်ရသော ကျင့်ထုံးတစ်ခုပေတည်း။
ဤကဲ့သို့ မိခင်အရင်းကိုပင်သားတော်ရဟန်းများအဖြစ် မသိစေဘဲနေထိုင်ကျင့်သုံးသွားသည်မှာ သာသနာတော်ကို ကြည်ညိုကြသော သူတော်ကောင်းများအဖို့ ပီတိ တစိမ့်စိမ့်ပွား စေလျှက်ကြည်ညို သဒ္ဓါပွားနိုင်စေရန် အကျဉ်းမျှ ဖော်ပြပေးလိုက်ပါတယ်။ထို့ကြောင့်ရဟန်းတော်များအပေါ် အထင်အမြင်မလွဲသင့်ပေ။တစိမ်းတရံလို၊မသိသလိုနေခြင်းက ပင် ရဟန်းတော်တို့ရဲ့အထူးကြည်ညိုဖွယ်ရာ ဂုဏ်တစ်ခုပင်ဖြစ်ပါတယ်။ရဟန်းတော်များသည်သိသော်လည်း မသိသလိုပင်ကျင့်သုံးနေထိုင်ရ၏။မြင်သော်လည်းမမြင်သလို ကျင့်သုံးနေထိုင်ရ၏။ရဟန်းတော်တို့၏ကျင့်ဝတ်ကိုအကုန်အစင် မသိကုန်သော ဒကာ၊ ဒကာမတို့သည်ရဟန်းတို့အပေါ် အထင်အမြင်လွဲ၍မပြစ်မှားသင့်ပေ။ကျင့်ဝတ်ကို အထူးလိုက်နာ စောင့်ထိန်းသော ရဟန်းတစ်ပါးကို အထင်အမြင်လွဲ၍ ပြစ်မှားမိလျှင်အပါယ်လေးပါးသို့ နစ်မွန်းရ၍လွတ်ဖို့ရာ လမ်းမမြင်တော့။ထို့ကြောင့် မိမိတို့ လှူသောအလှူမျိုး စုံတို့သည်လည်း သိသော ကိုယ်တော်ကိုပင် မသိသလို လှူလိုက်ခြင်းက သာ၍အကြီးမားများမြတ်၏။သားရဟန်းပင် ဖြစ်သော်လည်း တစိမ်းတရံ ရဟန်းတစ်ပါးလို သဘောထား၍ လှူနိုင်ကအမြတ်ဆုံးပင်ဖြစ်တော့၏။မိမိတို့၏ စိတ် အာရုံပြုမှုအပေါ်မူတည်၍အကျိုးကြီးမားသည်၊ အကျိုးနည်းသည်ဖြစ်လာတာပါ။ရဟန်းတော်အရှင်ြ မတ်တို့သည်လည်းမိခင်အရင်းကိုပင်တစိမ်းတရံလိုပင် သဘောထားကျင့်သုံးတော်မူကြ၏။ဒီလိုသဘောထားနေကြခြင်းမှာ အကျိုးများမြတ်စေခြင်းငှာ ကျင့်သုံး နေထိုင်ကြခြင်ြး ဖစ်တယ်။ဒကာ၊ဒကာမတို့ဘက်ကလည်းတစိမ်းတရံလို သဘောထားပြီးလှူဒါန်းနိုင်ကြပါစေ-လို့ အသိပေးလိုက်ပါရေ စ။
No comments:
Post a Comment