Monday, April 29, 2013

မေတ္တာဆိုတာ

မေတ္တာဆိုတာ

.. ........ ....


သူတစ်ပါးရဲ့မကောင်းတဲ့ မုန်းဖွယ် အကွက်တွေကို ဖယ်ပြီး ကောင်းတဲ့ချစ်ဖွယ် အကွက်တွေ ကို မြင်အောင် ကြည့်တတ်ရင် ကြည့်နိုင်ရင် ကြည့်ဖြစ်ရင် 'မေတ္တာ'ဆိုတဲ့ သူတစ်ပါးအကျိုး စီးပွားလိုလားမှု့ဟာ ဖြစ်ပေါ်လာတော့တာပါပဲ .....။


မနောကံ မေတ္တာမျှသာ ထားနိုင်ရုံကတော့မေတ္တာအင်အား မကောင်းလှသေးပါဘူး...။


နှုတ်ကရော ၊ကိုယ်ကပါ မေတ္တာပါလာမှ မေတ္တာအင်အားကောင်းတယ်လို့ဆိုရပါတယ် ...။


တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်ထားမေတ္တာစကား မေတ္တာအမူအရာတွေပြုကြမယ်ဆိုရင်"တစ်ဦးမေတ္တာ တစ်ဦးမှာ" ဆိုသလို အပြန်အလှန် မေတ္တာတွေ တိုးပွားလာကြပါမယ် .....။


(ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်ကြီး- ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ )


~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ~~~


No comments: