Saturday, April 27, 2013

သဒ္ဓါတရားက စိတ်ကိုသန့်စင်ပေးတယ်

သဒ္ဓါတရားက စိတ်ကိုသန့်စင်ပေးတယ် =================


သတိပညာ၊ချိန်သီးမှာ၊ကောင်းစွာတပ်ထားမှ ၊ လုံးလသဒ္ဓါ၊လက်တံမှာ၊ မှန်စွာလည်းပတ်ကြ။ လုံ့လ ဝီရိယနဲ့ သဒ္ဓါနှစ်ပါးက လူ့ဘဝလက်တံနှစ်ချောင်း၊ သဒ္ဓါတရားက စိတ်ကိုသန့်စင်ပေးတယ် ၊လုပ်သင့်တာ ရဲရဲသာလုပ် ၊အကျိုးပေးဖို့ ကိုယ့်တာဝန်ထားလို့အကုန်လုံး အာမခံတာဝန် ယူတယ် ။


ဝီရိယက အားတွေကိုထုတ် ပေးတယ် သူကအားတွေကိုဘေးထုတ်မပစ်ပဲ အားတွေကိုထုတ်ယူထားလိုက်တယ် ဘယ်ဟာပဲလုပ်လုပ် ကိုယ်ပိုင် တရားကျန်အောင်ယူထားတယ် ။


အဲအချိန်သီးနဲ့လက်တံရှိလို့ကတော့ကိုယ့်ဝန်ကိုယ်ထမ်း လူ့အစွမ်းပဲ စားဝတ်နေရေးနဲ့ တရားတစ်သားထဲ ပေါင်းမိသွားပြီ စီးပွားရေးနဲ့ တရားအလုပ် တစ်သားထဲ ပေါင်းမိသွားပြီ၊ စီးပွားရေးနဲ့ တရားအလုပ် တစ်သားထဲ ပေါင်းမီသွားပြီ၊ လူမူရေးနဲ့ တရားအလုပ် တစ်သားထဲပေါင်း မီသွားပြီ ၊နိုင်ငံတာဝန်ထမ်းခြင်း အလုပ်နဲ့တရား တစ်သားထဲပေါင်းမီသွားပြီ ဒို့မအားပေးလို့ ကုသိုလ်မလုပ် ရသေးဘူးဆိုတာ မရှိတော့ဘူး။


စေတနာကြီးကြပ် ကွပ်ကဲရေးအဖွဲ့ကတစ်ခါထဲပါနေတာဖြ စ်လို့ တစ်ပါတည်း ကိုယ့်ဝန် ကိုယ်ထမ်းလူ့အစွမ်းကိုပြီးသွားနိုက်ပါတယ် ။


-သတိပညာ၊ချိန်သီးမှာ ၊ကောင်းစွာတပ်ထားမှ၊ -လုံ့လသဒ္ဓါ ၊လက်တံမှာ ၊မှန်စွာလည်ပတ်ကြ -လူ၏စွမ်းအား၊မြတ်တရား၊စိတ်ထားကောင်းမှရနိုင်ကြ -ကိုယ်ဝန်ကိုယ်ထမ်း ၊လူ့အစွမ်း၊ ချီးမွမ်းထိုက်ပေးစွ။ -------------------------------------------------------(တိပိဋကဓရ ဓမ္မပဏ္ဍဂါရိက (ယော)ဆရာတော်ဘုရားကြီး) ကိုယ့်ဝန်ကိုယ်ထမ်းလူ့အစွမ်း )စာအုပ်မှကူးယူဓ မ္မဒါနပြုပါသည် ။


No comments: