သောတာပန်မတည်မီစပ်ကြားတွင် အပါယ်မကျ စေသည့်
ကုသိုလ် (၇)မျိုးအနက် တစ်မျိုးမျိုးကို စွဲမြဲစွာ အားထုတ်
ထားသင့်သည်။
ထိုကုသိုလ် (၇)မျိုးမှာ -
(၁)သရဏဂုံသုံးပါးတည်မြဲရခြင်း။
(၂)ငါးပါးသီလလုံခြုံရခြင်း။
(၃)အာရုံဆွမ်း နေ့ဆွမ်း မြဲစွာလှူဒါန်းရခြင်း။
(၄)စာရေးတန်မဲလှူဒါန်းရခြင်း။
(၅)ဝါဆိုသင်္ကန်းလှူဒါန်းရခြင်း။
(၆)ရေတွင်း ရေကန်လှူဒါန်းရခြင်း
(၇)သံဃိကကျောင်းလှူဒါန်းရခြင်း - တို့ဖြစ်သည်။
မေတ္တာရှင်( ရွှေပြည်သာ )ဆရာတော် ရေးသားသော
ဆရာကောင်းကို ရှာဖွေခြင်းစာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။
No comments:
Post a Comment