Saturday, April 06, 2013

“တို့  ပြည်ထောင်စု”


“တို့  ပြည်ထောင်စု”

ငါ့ညီပြောင်ဝင်း၊မောင်သစ်ဆင်း မင်းနှင့် ကချင်နှင့်၊ချင်းနှင့် ကယားနှင့် ရှမ်းနှင့် ရခိုင်နှင့်၊မွန်နှင့်ကရင်နှင့် သင့်သင့်မြတ်မြတ် ၊အနေတက်လျှင် နတ်ပြည်နှိုင်းတု၊ပြည်ထောင်စုဟု သူ့ စေတနာထား၊ သူ့ စကားကို မိန့် ကြားလိုက်သော ထိုအခါ။

မောရှမ်းထိုထို၊ ရှေ့ တစ်ခိုမှ တောင်ပြိုနောက်မှာ၊နယ်စပ်ရာတည့် ခါကာဘိုရာဇီ၊မြောက်ဖျားဆီမှ အောက်ပြည်ကော့သောင် သို့ တိုင်အောင်တည့် တောတောင်ကြံ့ခံ၊ ကမ်းယံဆီးတား တိုင်းခြားရန်စွယ်၊ အန္တရာယ်မှ ကာကွယ်မည်တို့ ကြို၏စို့ ။

ဆီ ပဲ ထန်းလျက်၊လက်ဖက် မက်မန်း ၀ါ ကျွန်း ရေနံ ၊ ဆန် ဆားငါးပိ သီးမှည့်စုံစွာ၊ လိုရာရာတို့  အညာအကြေ၊မြေပြန့် တောင်းတန်း ကူးသန်းရောယှက်၊ စီးပွားဆက်အောင် တက် သက်မည်တို့  ကြိုက်၏သို့ ။။

ဇော်ဂျီ (၁ - ၂- ၁၉၆၈) ပန်းချီ san haling

No comments: