Sunday, April 28, 2013

မိမိစိတ်အားစောင့်ကြည့်ခြင်း

ဟိုဟို ဒီဒီ သွားနေ စရာမလိုပဲ အချိန်မရွေး၊ နေရာမရွေး၊ အလုပ်မရွေး၊ ရိယာပုထ် မရွေး ကျင့်လို့ရတဲ့အကျင့်လေး တွေကို မိတ် ဆွေများအတွက်မျှဝေပေးလိုက်ပါတယ်။


မိမိစိတ်အားစောင့်ကြည့်ခြင်း ♦♦♦♦♦♦♦♦♦♦♦♦♦♦♦ ♦♦♦♦♦♦♦ ကိုယ့်စိတ်ကိုယ်မှန်ကြည့်သလို သတိနဲ့ စောင့်ကြည့်နေပါ ။အထူးသဖြင့် မကောင်းတဲ့ စိတ်ဖြစ်တာနဲ့ချက်ခြင်းသိ သိတာနဲ့ ပယ်နိုင်ဖို.ပါ။ဘယ်လို ပယ်မလဲ ဆိုတော့ ပယ်နည်းမှာ နှစ်မျိုးရှိပါတယ်။ ဆင်ခြင်ပြီးပါယ်တာနဲ့ ပွားများပြီးပယ်တာပါ။


“ငါ့မှာ မကောင်းတဲ့ စိတ်တွေဖြစ်နေပြီ။သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဟာ ငါ့အောင်မြင်မူ.၊ငါ့တိုးတက်မူ.၊ ငါ့ဘ၀ ၊ငါ့အနာဂတ်ကို ငါကိုယ်တိုင် ဖျက်စီးပစ်နေတာပဲ။ သူတစ်ပါးအပေါ်မကောင်းတဲ့ စိတ်ဖြစ်တဲ့သူဟာ ကြီးပွားတိုးတက် အောင်မြင်တယ် လို. တစ်ခါ မှ မကြားဘူးသေးဘူး။စသည် ကိုယ်နားလည်သလို ဆင်ခြင်ပြီးပယ်နိုင်သလို မကောင်းတဲ့ စိတ် ဖြစ်နေတာလေးကိုလည်းသတိကပ်ပြီး


“မကောင်းတဲ့ စိတ် ဖြစ်နေတယ်။မကောင်းတဲ့ စိတ် ဖြစ်နေတယ်။” ဆိုပြီးအချက်သုံးဆယ် လောက်မှတ်ပြီးလည်းပယ်နိုင်ပါတယ်။မှတ်နေတဲ့ အချိန်မှာ ကုလားထိုင် ပေါ်မှာ ထိုင်နေတယ် ဆိုရင်လည်း မျက်လုံးလေးကို အသာလေးမှိတ်ပြီး မကောင်းတဲ့ စိတ် ဖြစ်နေတာလေးကို အာရုံ ညွတ်နိုင်သမျှညွတ်ပြီး သိနေဖို.လည်းအရေးကြီးပါတယ်။


သူတစ်ပါးအပေါ်မကောင်းတဲ့ စိတ်ကို ဆင်ခြင်ပြီး ပယ်ပယ် ပွားများပြီးပယ်ပယ် ၊ ပယ်နိုင်ဖို.ကအဓိကပါ။ ဥပမာ၊လမ်းသွားရင်းမကောင်းတဲ့ စိတ် ဖြစ်တယ် ဆိုပါစို။ လှမ်းနေတဲ့ ခြေလှမ်းကို ချက်ခြင်းရပ်ပစ်ပြီးကိုယ် စွမ်းနိုင် သမျှ နည်းနဲ့ပယ်ပစ်နိုင်ရပါမယ်။ အထူးသဖြင့် ပွားများပြီး ပယ်နိုင်ရင်တော့ ပိုကောင်းပါတယ်။အသွားမှာ ဖြစ်တဲ့ မကောင်းတဲ့ စိတ်ကိုအသွားမှာပဲ ပယ်ပစ်နိုင်ဖို.ပါ။ ဒီလိုပါပဲ၊ ကားစီးရင်းပဲဖြစ်ဖြစ်၊ဧည့် ခံပွဲ တက်ရင်းပဲ ဖြစ်ဖြစ် ထိုင်ရင်းပဲ ဖြစ်ဖြစ်၊ အိပ်ရင်းပဲဖြစ်ဖြစ် ဖြစ်တာနဲ့ သိ၊ သိတာနဲ့ ပယ် ပစ်ဖို.ပါ။ အကျင့်တစ်ခု ဆိုတာ ကျင့်ယူရတာပါပဲ ။ အတိတ်ဘ၀က အကုသိုလ် အထုံတွေများခဲ့တော့ အတိတ် အထုံတွေရဲ့ လွမ်းမိုး မူ.ကြောင့် ကျင့်စမှာ နည်းနည်းခက်ရင်ခက်မယ်။ ကျင့်ပါများလာရင် အဆင်ပြေသွားပြီးအလေ့ အကျင့်တစ်ခုလို ဖြစ်နေပါလိမ့်မယ်.။ ဒါဆို အလေ့ အကျင့်က တစ်ခု ဖြစ်နေပြီးမကောင်းတဲ့ စိတ်ရဲ့နေရာမှာ မေတ္တာ၊ ဂရုဏာ ၊ မုဒိတာ စတဲ့ ကောင်းတဲ့ စိတ်ကလေးတွေ ၀င်လာပါ လိမ့်မယ်။


အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း၊ အသက်ရှည်ခြင်း၊မရှည်ခြင်း၊ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊စသည်တွေကို အတ္တသမ္မာပဏိဓိက လူသားတစ်ယောက် အတွက် များစွာ ပြဌန်းထားပါတယ်။


ဟိုဟို ဒီဒီ သွားနေ စရာမလိုပဲ အချိန်မရွေး၊ နေရာမရွေး၊ အလုပ်မရွေး၊ ရိယာပုထ် မရွေး ကျင့်လို. ရတဲ့ အကျင့်လေး တွေကို ကျင့် ကြည့်လိုက် စမ်းပါ။အောင်မြင် စေချင်လို.ပါ။


စာဖတ်သူ- စကားလေးတစ်ခွန်းတော့ ထပ်မှာလိုက်ပါရေ စ။သူတစ်ပါးအပေါ်မကောင်းတဲ့ စိတ်ဖြစ်တဲ့ နေ.ဟာ ကိုယ့်အောင် မြင်မူ. ၊ကိုယ့်တိုးတက်မူ.၊ ကိုယ့် အနာဂတ်ကို ၊ကိုယ်တိုင်ဖျက်စီးပစ်လိုက်တဲ့ နေ.ပါပဲ။ တကယ်ပါ။အကြားနဲ့ ပြောတာ မဟုတ်ဘူး၊ကိုယ်တွေ. မို.လို. ပြောတာပါ။


ရေးသားသူ- ရဝေနွယ် (အင်းမ) အလင်းတန်း ဂျာနယ် (၆.၈.၂၀၀၃)


No comments: