Sunday, April 07, 2013

သုတ်သင်ရှင်းလင်းခြင်း အကျိုး

သုတ်သင်ရှင်းလင်းခြင်း အကျိုး ********************

တံမြက်လှည်းက၊စိတ်ကြည်ရ၊နှစ်ဝ သူရောကိုယ်ပါတည်း။ ဉာဏ်ဓာတ်ပွင်းလင်း၊တံမြက်ရှင်း၊လက်ငင်းရသော အကျိုးတည်း။ သန့်ရှင်းတတ်က၊ကျန်းမာရ၊မုခရသော အကျိုးတည်း။ သန့်ရှင်းကလျှင်၊နတ်လူပင်၊ ရွှင်လန်းဝမ်းသာဖြစ်သတည်း။ ဆူးငြောင့်ခလုတ်၊ပယ်ရှင်းနှုတ်၊ ကင်းပြုဘေးဒဏ် ရန်ပေါင်းတည်း။ မရှုပ်မြက်မှိုက်၊သုတ်သင်လိုက်၊ ဖြစ်ထိုက်နတ်လူ လှချောတည်း။ လှချောလူနတ်၊ ဖြစ်တုံလတ်၊ဉာဏ်ဓာတ်သူ့ထက် ထွန်းလိမ့်တည်း။ နိဗ္ဗာန်တောင့်တ၊ နိဗ္ဗာန်ရ၊ဒုက္ခခပ်သိမ်းကင်းလိမ့်တည်း။ ရှင်နာဂသေန၊ မိလိန္ဒ၊ စံပြသက်သေ ထင်ရှားတည်း။

(စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီး) — w

No comments: