မနေရလို့သေကြသောအခါ
ကိုယ့်နောက်ကို ဘာများပါမှာ
ပစ္စည်းစုစု တစ်ခုမပါ
ဇနီးမယားနဲ့သားသမီးမပါ
အိုးအိမ်များနဲ့တိုက်ကားမပါ
ဆင်မြင်းများနဲ့ကျွဲနွားမပါ
ဗန်းခုံလေးနဲ့ တောင်ဝှေးလည်းမပါ
ထီးဖိနပ်နဲ့ သပိတ်လည်းမပါ
သပိတ်ကြီးနဲ့ ထီးလည်းမပါ
ကိုယ်ပြုထားကံများ သူတို့ပါ။
(ဘဒ္ဒန္တနရပတိ) ဖြူးဆရာတော်ကြီး
ဧရာဝတီစာကြည့်တိုက်မှကူးယူဓမ္မဒါနပြုပါသည်။
No comments:
Post a Comment