Sunday, April 07, 2013

ဗုဒ္ဓ အံ တော်

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းရှိဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှ ဗုဒ္ဓ အံ တော် တစ်ဆူ၏အရွယ်အစားသည် ဆက်လက် ကြီးထွားလျက် ရှိကြောင်းအဆိုပါဘုန်းတော်ကြီးကျောင်းရှိ တာဝန်ရှိ သူများကပြောကြားထားသည်။ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင် များသည် အရှည် ၂ လက်မခန့်ရှိ ဗုဒ္ဓအံတော်အားဖူးမြော် ကြည့်ရှုရန် စုဝေးရောက်ရှိ လာခဲ့ကြောင်းသိရသည်။

အဆိုပါ ရှေးဟောင်း ဓာတ်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီခန့်က ပရိနိဗ္ဗာန် ပြုခဲ့သည့် ဗုဒ္ဓ ဘုရား၏အံတော် ဖြစ်ပြီးအရွယ်အစားမှာ ပျမ်းမျှ အားဖြင့် လူ့သွား တစ်ချောင်း ၏လေးဆခန့် ရှိသည် ။

၎င်းရှေးဟောင်းဗုဒ္ဓမွေတော်သည် ထူးခြား ဆန်းကြယ်သော စွမ်းအင်မျိုးရှိသည်ဟုယူဆရပြီး လက်ရှိတွင် ၄င်းအံတော်သည် ဆက်လက် ကြီးထွားလျက် ရှိေ ကြာင်းLu Mountain ဘုန်းတော်ကြီးကျောင်းရှိ ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ သောမတ်မိုင်ယာ က ပြောကြားထားသည်။

ဖော်ပြပါဗုဒ္ဓအံတော် သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅၀၀ ခန့်ရှိပြီး၎င်း အံတော်အားဆံတော် တစ်ဆူ အပါအ၀င် အခြားသော ဓာတ်တော် မွေတော် များနှင့်အတူ အပူဇော်ခံ ပြသထားသည် ဟုလည်း ဘုန်းတော်ကြီး သောမတ်မိုင်ယာ က ပြောကြားကြောင်း သိရှိရသည်။

No comments: