Thursday, April 18, 2013

သတိပဋ္ဌာန်လေးပါး

သတိပဋ္ဌာန်လေးပါး ။

သတိ = အမှတ်ရမှု ပဋ္ဌာန = (ကာယ၊ဝေဒနာ၊ စိတ္တ၊ဓမ္မတို့၌) ကပ်၍ တည်သည်။ သက်ဝင်၍မပြတ်ဖြစ်သည်။စွဲမြဲသည်။

သတိပဋ္ဌာန= ကပ်၍တည်သော အမှတ်ရမှု၊သက်ဝင်၍ မပြတ်ဖြစ်သော အမှတ်ရမှု၊ စွဲမြဲသော အမှတ်ရမှု၊တနည်းကား ပဋ္ဌာန = ကပ်၍ တည်မှု၊သက်ဝင်၍မပြတ်ဖြစ်မှု, စွဲမြဲမှု။ သတိပဋ္ဌာန= သတိကပ်၍တည်မှု, သတိသက်ဝင်၍ မပြတ်ဖြစ်မှု, သတိစွဲမြဲမှု။

သတိပဋ္ဌာန်လေးပါး ရှုပွားရခြင်းအကျိုး။ (၁)သတ္တဝါတို့၏စိတ်ကိုကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်စေရန်။ (၂)ပူဆွေးခြင်းငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်။ (၃)ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲတို့ကိုချုပ်ငြိမ်းရန်။ (၄)မဂ်လမ်းသို့ သက်ဝင်၍ သစ္စာလေးပါးကိုထိုးထွင်းသိမြင်ရန်။ (၅)နိဗ္ဗာန် အမြိုက်ချမ်းသာကိုလက်ရှိဘဝ၌ပင် ခံစားနိုင်ရန်။ တစ်ကြောင်းတည်းသော ခရီးလမ်းသည် သတိပဋ္ဌာန်လေးပါးကို ရှုပွားခြင်း(ဝါ)မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ပွားများ အားထုတ်ခြင်း ဖြစ်ပေ၏။ (မဟာသတိပဋ္ဌာနသုတ်)

လမ်းခရီးအားလုံးတွင် အင်္ဂါရှစ်ပါးရှိသော မဂ် လမ်းခရီးသည် အမြတ်ဆုံးဖြစ်၏။ သစ္စာအားလုံးတို့တွင် အရိယာသစ္စာ လေးပါးသည် အမြတ်ဆုံးဖြစ်၏။ သဘောတရားအားလုံးတို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်၏။ (ဓမ္မပဒ ၂၇၃)

ဤအင်္ဂါရှစ်ပါးရှိသော လမ်းခရီး'မဂ်'သည်သာလျှင် ဉာဏ်အမြင် စင်ကြယ်ခြင်းအတွက်ခရီးမှန် ဖြစ်၏။ ဤမဂ်လမ်းခရီးမှ တစ်ပါးသော ခရီးသည် မရှိတော့ပြီ။ ထို့ကြောင့် သင်တို့သည်ဤခရီးမှန် အတိုင်းသာ သွားကြကုန်လော့။ (ဓမ္မပဒ ၂၇၄)

ကျမ်းကိုး ၁။မဟာသတိပဋ္ဌာနသုတ် မဟာစည်ဆရာတော်ဘုရားကြီး။ ၂။ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ် ဒေါက်တာမင်းတင်မွန်။

ဓမ္မမိတ် ဆွေအပေါင်းတို့သည် သတိပဋ္ဌာန် လေးပါးတရားများက ပွားများအားထုတ်လျက် မိမိတို့ရည်သန် တောင့်တရာ မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။ —

No comments: