Wednesday, April 17, 2013

ကျေးဇူးကြီးမား သံဃာ့ဂုဏ်တော် ၉ ပါး

“ကျေးဇူးကြီးမား သံဃာ့ဂုဏ်တော် ၉ ပါး“

၁။သုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ ၂။ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ၃။ဥာယပ္ပဋိပန္နော ဘဂ၀ာတော သာဝက သံဃော၊ ၄။သာမိစိပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ ၅။ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂ၀တော သာဝက သံဃော အာဟုနေယျော၊ ၆။ပါဟုနေယျော၊ ၇။ဒက္ခိဏေယျော၊ ၈။အဉ္စလိကရဏိယျော၊ ၉။အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

၁။ ဘဂ၀တော -မြတ်စွာဘုရား၏၊ သာဝက သံဃော-ကလျာဏပုထုဇဉ်၊သီလ၀န်ပညာဝန်၊အရှင်မွန် အရှင်မြတ်တို့နှင့် တကွသော အရိယာ ၈ ပါး၊တပည့်သား သံဃာတော်မြတ်အပေါင်းသည် သုပ္ပဋိပန္နော-အဓိသီလ၊ အဓိစိတ္တ၊အဓိပညာ သိက္ခာသုံးရပ်“လွန်ကောင်းမြတ်သော“ ပဋိပတ်ဂုဏ်နှင့် ပြည့်စုံတော်မူပေ၏။

၂။ ဘဂ၀တော -မြတ်စွာဘုရား၏၊ သာဝက သံဃော-ကလျာဏပုထုဇဉ်၊သီလ၀န်ပညာဝန်၊အရှင်မွန် အရှင်မြတ်တို့နှင့် တကွသော အရိယာ ၈ ပါး၊တပည့်သား သံဃာတော်မြတ်အပေါင်းသည် ဥဇုပ္ပဋိပန္နော - အဓိသီလ၊ အဓိစိတ္တ၊အဓိပညာ သိက္ခာသုံးရပ်“လွန်ဖြောင့်မတ်သော“ ပဋိပတ်ဂုဏ်နှင့် ပြည့်စုံတော်မူပေ၏။

၃။ ဘဂ၀တော -မြတ်စွာဘုရား၏၊ သာဝက သံဃော-ကလျာဏပုထုဇဉ်၊သီလ၀န်ပညာဝန်၊အရှင်မွန် အရှင်မြတ်တို့နှင့် တကွသော အရိယာ ၈ ပါး၊တပည့်သား သံဃာတော်မြတ်အပေါင်းသည် ဥာယပ္ပဋိပန္နော - အဓိသီလ၊ အဓိစိတ္တ၊အဓိပညာ သိက္ခာသုံးရပ်“လွန်သင့်မြတ်သော“ ပဋိပတ်ဂုဏ်နှင့် ပြည့်စုံတော်မူပေ၏။

၎။ ဘဂ၀တော -မြတ်စွာဘုရား၏၊ သာဝက သံဃော-ကလျာဏပုထုဇဉ်၊သီလ၀န်ပညာဝန်၊အရှင်မွန် အရှင်မြတ်တို့နှင့် တကွသော အရိယာ ၈ ပါး၊တပည့်သား သံဃာတော်မြတ်အပေါင်းသည် သာမိစိပ္ပဋိပန္နော - အဓိသီလ၊ အဓိစိတ္တ၊အဓိပညာ သိက္ခာသုံးရပ်“ရိုသေအပ်သော“ ပဋိပတ်ဂုဏ်နှင့် ပြည့်စုံတော်မူပေ၏။

၅။ ယဒိဒံ- ယာနိ၊က္က္ဋမာနိ၊စတ္တာရိ၊ပုရိသယုဂါနိ၊ အကြင် လေးပါးသော ယောင်္ကျားမြတ်အစုံတို့သည်သ န္တိရှိကုန်၏။ ယဒိဒံ- ယေ က္က္ဋမေ ၊အဋ္ဌပုရိသပုဂ္ဂလာ- အကြင်ရှစ်ပါးသော ယောင်္ကျားမြတ်တို့သည် သ န္တိရှိကုန်၏။ဘဂ၀တော - မြတ်စွာဘုရား၏ ၊ဧသ-ဧသော ၊ သာဝကသံဃော -ဤ ၄စုံ၈ ပါးတပည့်သား သံဃာတော်မြတ်အပေါင်းတို့သည် ၊ အာဟုနေယျော-အာဂ န္တုအား ရည်၍ထားအပ်သော အလှုဝတ္တုမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီိလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ်နှင့်လည်းပြည့်စုံတော်မူပေ၏။

၆။ ပါဟုနေယျော- လက်ဆောင် အလိုငှာယူ၍လာသော အလှုဝတ္တုမျိုးကိုလည်းခံယူခြင်းငှာ ထိုက်တန်စွာသော သီိလဂုဏ်၊ သမာဓိဂုဏ်၊ပညာဂုဏ်နှင့်လည်းပြည့်စုံတော်မူေ ပ၏။

၇။ ဒက္ခိဏေယျော-နောက်နောင်ဘ၀ အကျိုးရဖို့ မျိုးချတုံလတ် မြတ်သောအလှုမျိုးကိုလည်းခံယူခြင်းငှာ ထိုက်တန်စွာသော သီိလဂုဏ်၊ သမာဓိဂုဏ်၊ပညာဂုဏ်နှင့်လည်းပြည့်စုံတော်မူေ ပ၏။

၈။ အဉ္စလိကရဏိယျော- လူမင်း နတ်မင်းဗြဟ္မာမင်းတို့၏ လက်အုပ်ချီခြင်းကိုခံထိုက်သော သီိလဂုဏ်၊ သမာဓိဂုဏ်၊ပညာဂုဏ်နှင့်လည်းပြည့်စုံတော်မူေ ပ၏။

၉။ လောကဿ - လူအပေါင်း၏၊အနုတ္တရံ - အတုမရှိမြင့်မြတ်သော ၊ ပုညက္ခေတ္တံ-ကုသိုလ် မျိုးကိုစိုက်ပျိုးချရာ လယ်ယာမြေကောင်းသဖွယ်လည်းဖြစ်တော်မူပေ၏။

မြတ်စွာဘုရား၏အမွေအနှစ်တန်ဖိုးကြီးမားလှသော ဓမ္မာခန္ဒာပေါင်းရှစ်သောင်းလေးထောင်အား အစဉ်အဆက်ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့သော သံဃာများ၏ကျေးဇူးတရားသည် ကြီးမားလှပေသည်။

ဤဂုဏ်တော် ၉ ပါးနှင့်ပြည့်စုံသော ကျေူးဇူးကြီးမား မြတ်ဘုရား၏တပည့်သားသာသနာပြုရဟန်းသံ ဃာတော်များအားနှစ်သစ်အခါသမယတွင် ရှစ်ခိုးကန်တော့ ပါ၏အရှင်ဘုရား။ ။

(ဗုဒ္ဒသာသနာ ကမ္ဘာကုန်ကျယ်သ၍တည်ပါစေသော်) ……………………………………… …………….။

No comments: