Sunday, April 28, 2013

မေတ္တာဘာဝနာတရား နေ့စဉ်ပွားပါ

မေတ္တာဘာဝနာတရား နေ့စဉ်ပွားပါ။ **********************


၁။မိမိသည် ကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေ။


နည်းတူ။ ။


၂။မိမိ၏မိဘနှစ်ပါးသည် ..။ ၃။မိမိ၏ဆရာသမားများသည်..။ ၄။မိမိ၏ဆွေမျိုးများသည်...။ ၅။မိမိ၏မိတ်ဆွေသူငယ်ချင်းများသည်....။ ၆။မိမိထက်ကြီးသူငယ်သူအရွယ်တူသူတို့သည်...။ ၇။မိမိ၏မိတ်ဆွေသူငယ်ချင်းမဟုတ်သူများသည်လည်း...။ ၈။သုံးဆယ်တစ်ဘုံမှာရှိကြကုန်သော သတ္တ၀ါအားလုံးသည်...။


မှတ်ချက်။။မေတ္တသုတ်တော်လာ၊မေတ္တာပို့နည်း(၁၁)နည်း။ မင်းကွန်းဆရာတော်ဘုရားကြီး၏မေတ္တာပို့နည်း။ တစ်ခြားသောမေတ္တာပို့နည်းများလည်းရှိပါသေး၏။


မိမိနှစ်သက်တဲ့မေတ္တာပို့နည်းတစ်ခုခုကို အစဉ်ပွားများနေဖို့ပါပဲ။


မေတ္တာအကျိုး၁၁-ပါး။ **************


မေတ္တာတရားပွားများသူတို့ မျက်မှောက် ခံစားရသော အကျိုး၁၁-ပါး။ (၁) ချမ်းသာစွာ အိမ်ရခြင်း၊ (၂) ချမ်းသာစွာနိုးရခြင်း၊ (၃)မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း၊ (၄)လူတို့ ချစ်နှစ်သက်ခြင်း၊ (၅)နတ်တို့ မြတ်နိုးခင်မင်ခြင်း၊ (၆) နတ်တို့ စောင့်ရှောက်ခြင်း၊ (၇) မီး အဆိပ်လက်နက် မသင့်နိုင်ခြင်း၊ (၈) စိတ်လျင်မြန်စွာ တည်ကြည်ခြင်း၊ (၉) မျက်နှာရုပ်ဆင်းကြည်လင် ရွှင်ပြခြင်း၊ (၁၀)မတွေဝေဘဲသေရခြင်း၊ (၁၁)သေသောအခါဗြဟ္မာပြည်သို့ လားရခြင်း။


လပြည့်ဝန်း [သာစည်]


မေတ္တာဖြင့်နေသူသာငြိမ်းချမ်းမယ်။


No comments: