Thursday, April 25, 2013

နိယျာနိကသာသနာ

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက အတိအကျဟောထားတာရှိတယ်လေ။“ သယံအဘိညာ သစ္ဆိကတွာ ပဝေဒေမိ” ကိုယ်တိုင်သိပြီးတော့ ကိုယ်တိုင်လက်တွေ.ကျင့်သုံးပြီးတော့မှ အေ


တွ.အကြုံအတိုင်းဟောပြောတာပါတဲ့။အစဉ်အလာ tradition ကိုပြောတာလဲမဟုတ်ပါဘူး၊စာအုပ်ထဲပါလို. ဟောတာလဲမဟုတ်ပါဘူး၊စိတ်ကူးပြီးတော့ အကြံရလို.ဟောတာလဲမဟုတ်ပါဘူးတဲ့။ဟောတစ်ဆင့်စကားဘ ယ်တမန်ကပြောလို.ဆိုတာလဲမပါဘူး၊အဲဒီ တော့လက်တွေ.ကျင့်သုံးတယ်၊မြတ်စွာဘုရားကိုယ်တိုင်ကအာမခံချက်ပေးတယ်လေ။ငါဟောတဲ့အတိုင်းလိုက်နာကျင်သုံးမယ်ဆိုရင်“သန္ဒိဋ္ဌိကော” မင်းတို.ကိုယ်တိုင်သိနိုင်တယ်လို.ဟောတာ။ဒီ့ထက်ကောင်းတဲ့ warrantyဘယ်မှာရှိမလဲနော်။ကိုယ်တိုင်လုပ်ကြည့်ရင်ကိုယ်တိုင်ရမယ်ဆိုတာ warranty ပဲပေါ့။အဲဒါကြောင့် ဒီသာသနာကို “နိယျာနိက သာသနာ” လို.ခေါ်တာ။တစ်ခါတစ်လေ အသံတူတာတွေခုခေတ်မှာ တော်တော်များတယ်။သူကလည်း သာသနာ၊ငါကလည်းသာသနာ၊သူကလည်းသာသနာရေး၊ ငါကလည်းသာသနာရေးနော်။သူကလည်းဘုရား၊ငါကလည်း ဘုရား။ဘုရားဆိုတာအတူတူ ပါပဲလို.ပြောတဲ့လူကလည်းပြောတယ်။သူတို.ဥပုသ်စောင့်တယ်၊ ကိုယ်လဲ ဥပုသ်စောင့်တယ်။ဘုန်းကြီးတို.တစ်တွေ သတ်ထားရမှာက “အသံတူပေမယ်. အဆံတူရဲ.လား” ဆိုတာ သတိထားဖို.လိုလိမ်.မယ်၊ သူကလည်းကမ္မဋ္ဌာန်းအားထုတ်တယ်၊ကိုယ်ကလည်းကမ္မဋ္ဌာန်းအားထုတ်တယ်၊သူကလည်းပုတီးစိပ် တယ်၊ကိုယ်ကလည်းပုတီးစိပ်မယ်၊သူကလည်းဘုရားဂုဏ်တော်ပွားမယ်၊ကိုယ်ကလည်းဘုရားဂုဏ်တော်ပွားမယ်။ ဟောသေသေချာချာကြည့်ရင် မသိတဲ့သာမန်ပုဂ္ဂိုလ်တွေကတော့ ဘာသာတရားဟာ အတူတူပဲလို. ဒီလိုထင်သွားမယ်။အင်မတန်မှ ကွဲပြားခြားနားမှု တွေရှိတယ်။အခြေခံကွဲပြားခြားနာမှုကိုမသိရင်ရောရောင်ပြီး ဘာသာတရားဆိုတာ အတူတူပဲလို.ထင်မှာပဲ။မဟုတ်တာကို အဟုတ်လို.ထင်ပြီးလုပ်မိလို. ရှိရင် ဒုက္ခရောက်မယ်၊အဲဒီတော့ လုံးဝမတူဘူးဆိုတာ အနှစ်သာရပိုင်းကိုကြည့်ရမယ်။ (နိယျာနိကသာသနာ ....အရှင်နန္ဒမာလာဘိဝံသ(Ph.D) —


No comments: