***ကြောက်တတ်စေလို*** **********************************
အိမ်ရှေ့မင်းသား တိဿအကြောင်းလေး။သူကတော့ အသောကမင်းကြီးရဲ့ညီတော်တစ်ပါး။
အိမ်ရှေ့မင်းသား တိဿသည် တစ်ခါသော် တောကစားထွက်တော်မူ၏။ထိုသို့ ထွက်လာရာ တောထဲ၌ လွတ်လပ်စွာ ပျော်ပါးမြူးထူးနေကြသော သားသမင်တို့ကို မြင်လိုက်ရ၏။
အဲဒီအချိန် သူ့စိတ်ထဲ ဘယ်လိုတွေးသလဲဆိုတော့ “အော် ဒီ လောက်အဆီ သြဇာမပါတဲ့ အရွက်တွေကို စားသောက်နေကြရတဲ့ဒီတောတိရိစ္ဆာန်တွေတောင် ကောင်းကောင်းအိပ်ကြ၊ ကောင်းကောင်းစားကြနဲ့။ပျော်မြူးပြီး ကာမဂုဏ်တွေခံစားလို့ နေကြရင် ဒို့နောင်တော် အသောကမင်းတရားကြီးနေ့စဥ် ဆွမ်းဝတ် ပြုစုနေတဲ့ ရဟန်း များဟာ နေ့စဉ် ဆီဥထောပတ်တွေ စားသောက်ကြရတယ်ဆိုတော့ သူတို့ထက်တောင် ပျော်ပါးလို့ ကောင်းကြမှာပေါ့” တွေးမိ ပါတယ်။
အပြန်မှာ အဲလိုတွေးမိကြောင်းကိုမင်းကြီးထံ လျှောက်တင်လေတယ်။မင်းကြီးခမျာ ညီတော်ထံမှ ထိုသို့သော စကားကိုကြားရတဲ့အခါ လွန်စွာမှ စိတ်မကောင်းဖြစ်မိပါသတဲ့။ ဒါနဲ့တစ်နေ့တော့ မင်းကြီးကဥပါယ်တမျဉ်နဲ့စိတ်ဆိုးဟန်ပြု ပီး ညီတော် အားခုလို မိန့်သတဲ့။ “အမောင်တိဿ၊ဤနေ့မှစ၍မောင်မင်း ခုနှစ်ရက် မင်းစည်းစိမ်ခံစားရမည်။ ခုနှစ်ရက်စေ့ လျှင် မောင်မင်းကို ကွပ်မျက်ရလိမ့်မည်” လို့ အမိန့်တော်ရှိပါတယ်။
အဲဒီအချိန်ကစလို့ညီတော်ခမျာ မအိပ်နိုင်၊ မစားနိုင် ၊ တမှိုင်မှိုင်နှင့်သာ သေမည့်ရက်ကို လက်ချိုးနေ ရှာသတဲ့။ တစ်နေ့ ကုန်ပြီးသွားတိုင်း သေဖို့နီးလာပြီမို့မင်းကြီးပေးတဲ့ မင်းစည်းစိမ်လည်းမခံစားနိုင်ရှာပဲတပိန်ပိန်ဖြစ်နေရှာပါတယ်။ ဒီလိုနဲ့ ခုနှစ်ရက်သာ ပြည့်သွားပါတယ်။ မင်းစည်းစိမ်ကို နည်းနည်းမှ မခံစားလိုက်ရပါဘူးနော်။ခုနှစ်ရက်ပြည့်လို့ မင်းကြီးရှေ့မှောက် သံတော်ဦးတင်လျှောက်တဲ့အခါမှာ မင်းကြီးကခုလို ပြန်ရှင်းပြပါသတဲ့။
“ညီတော်…ညီတော်ပင်လျှင် သေရမည့်နေ့ရက်ကို သိမြင်က မပျော်မရွှင်နိုင်ရှိရပေသေး၏။ရဟန်းတော်အရှင်ြ မတ်တို့မှာကားအာနာပါနနှင့် စပ်သော သေခြင်းတရားကို အမြဲရှုပွား၍ နေတော်မူကြရသည် ဖြစ်ရာ စားကာ အိပ်ကာ အဘယ်မှာ လျှင် ပျော်ရွှင် တော်မူနိုင်ကြလိမ့်မလဲညီတော်” လို့ လက်တွေ့ပြတော်မူလိုက်မှ ညီတော်တိဿလည်း သဘောပေါက် နားလည် ကာ သာသနာမှာ သက်ဝင်ကြည်ညိုသူတစ်ယောက် ဖြစ်ရလေတော့၏။
ဒီစာလေးတွေဟာ သိပ်ကို အနှစ်သာရပြည့်ဝသော သင်ခန်းစာယူဖွယ်ဖြစ်သော ဘ၀အဓိပ္ပါယ်ဖော်ေ ဆာင်ပေးနေသော စာပိုဒ်လေးတွေပါပဲ။ ဒါကို ကြည့်ခြင်း အားဖြင့်လောက မှာ ပျော်ပျော်နေသေခဲဆိုတဲ့စကားကို လက်ကိုင်ထားလို့ မသေခင် ပျော်ရတာဆိုပြီး ပွဲတကာမှာ ပျော်ပါးမူးရူးနေကြတဲ့လူတွေ ဘယ်လောက်တောင် များလိုက်သလဲဆိုတာလေးနှိုင်းယှဉ်မိ ပါတယ်။အော်… သားသမင်တို့ဘာကြောင့် အပူအပင်မဲ့စွာ အိပ်၊စား၊ ကာမ ဤသုံးဝ နဲ့ ပျော်ပါးနေကြပါလိမ့်ဆိုတဲ့ အတိုင်း လောကလူသားတွေမှာလည်းဘေးကို မသိသောသူ များ ပျော်ပါးရမ်းကားနေကြ ဦးမှာပါပဲ။
ကိုယ့်မှာ ဘေးကြီးလေးမျိုး ၀ိုင်းထားပါလားလို့သာ ဘေးကို မြင်ကြည့်စမ်းပါ။မင်းစည်းစိမ်ပေးတာတောင် မခံစားနိုင် တော့ပါဘူးနော်။ဘာလို့ပါလဲ။ သေရမယ့်ဘေး ကို မြင်နေလို့ပဲ ပေါ့။ပျော်ပါးခံစားလိုစိတ် ကိုက ဖြစ်မလာတော့တာ မို့ အော်… ခုလည်းလောကီ လူသားတိုင်းကို အဲလိုလေးများ လက်တွေ့ပြလို့ သင်ခန်းစာပေးမယ့်သူများရှိရင် သိပ်ကောင်းမှာပဲလို့ အသောကမင်းကြီးရဲ့ညီတော်ကို အသံတိတ် လက်တွေ့ဆုံးမသွားပုံလေးကတော့ အတုယူစရာကောင်းလှပါတယ်။
မြတ်စွာဘုရားက ဒါကြောင့်မြေထုနဲ့ ဥပမာပေးလို့ ဟောပြခဲ့တာပေါ့။မဟာပထ၀ီမြေထုနဲ့ လက်သည်းခွံပေါ်က မြေမှုန် နှိုင်းဆလို့ လူတွေသေတဲ့အခါ အပါယ်သို့ လားရသော ပမာဏသည် မြေထုလောက်ရှိပြီးလက်သည်းခွံပေါ်က မြေမှုန်လောက် သာ ကောင်းရာ သုဂတိ သို့ ရောက်ကြရ တယ်ဆိုတာ ခုလိုဘေးမသိပဲ ပျော်ပါးနေမယ် ဆိုရင် မြေထု ထဲ မှာ ပဲ ပါသွားမှာပါလားလို့နားလည်လိုက် ရပါတယ်။
ဒါ့ကြောင့် ဒို့အားလုံးလည်းဘေးမသိပဲ ပျော်ရွှင်နေမယ့်အစား ကိုယ့်ပတ်လည်မှာ သေခြင်းတရားက လက်တကမ်းမှာ ပါလားရယ်လို့ သေခြင်းတရားအပေါ် နှလုံးသွင်းရင်းနဲ့ ဂတိမမြဲခြင်းဘေးမှ လွတ်မြောက် ဖို့ ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတော့သည်။
.._/|\_..ဓမ္မမောင်နှမတို့တို့အားလုံးဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ သူတော်ကောင်းတရားများပွါးများအားထုတ်နိုင်ကြပါစေ.._/
No comments:
Post a Comment