Labels
- android ဆိုင်ရာ down loadများ
- android ဆိုင်ရာ download များ
- androidဆိုင်ရာ down loadများ
- ကဗျာများ
- ကိုးကွယ်မှု
- ချက်နည်း ပြုတ်နည်း
- ဂါထာတော်များ
- စိတ်အာဟာရ
- ပညာရေး
- ဘာသာရေး
- ရိုးရာ အစားအစာ
- သင်ယူလေ့လာ နည်းပညာ
- သင်ယူလေ့လာနည်းပညာ
- သုတအဖြာဖြာ မှတ်စရာ
- သုတအဖြာဖြာမှတ်စရာ
- ဆေးပညာ ဗဟုသုတ
- ဒေသန္တရ ဗဟုသုတ
- နိုင်ငံရေး နှင့် အမျိုးသားရေး
- နိုင်ငံရေးနှင့်အမျိုးသားရေး
Monday, April 01, 2013
~ကောင်း သောနက္ခတ်၊ကောင်းသောမင်္ဂလာ~
~ကောင်း သောနက္ခတ်၊ကောင်းသောမင်္ဂလာ~
နံနက်ခင်း၌ကိုယ်ဖြင့်ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊နှုတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အားကောင်းသော နံနက်ခင်း ဖြစ်ပေ၏။
အလားတူပင် နေ့လယ်ခင်း၌ကိုယ် နှုတ် စိတ် ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အားကောင်းသောနေ့ခင်းဖြစ်ပေ၏။
ညချမ်းအခါ၌ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့် ကို ကျင့်ကုန်သော သတ္တ၀ါတို့အား ကောင်းသောညချမ်းအခါ ဖြစ်ပေ၏။
ဤသို့ ကောင်းသောအကျင့်နှင့် ပြည့်စုံသောနေ့သ ည် ကောင်းသောနက္ခတ်နှင့်လည်းယှဉ်သည်မည်၏။ ကောင်းသောမင်္ဂလာလည်းဖြစ်ပေသည်။ ကောင်းသော မိုးသောက်လည်းမည်၏။ ကောင်းသော အိပ်ရာမှ ထခြင်းလည်းမည်၏။ ကောင်းသော ခဏလည်းမည်၏။ ကောင်းသော မုဟုတ် (ခဏ-ဟူသော အချိန်ကာလထက် အနည်းငယ်ပိုသော အချိန်ကာလ )လည်းမည်၏။ ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောအခါဝယ် မြတ်သောအကျင့်ကိုကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်းကောင်းစွာပူဇော်ခြင်းမည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောနေ့၌ ကိုယ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ကာယကံမည်၏။ နှုတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ၀စီကံမည်၏။ စိတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော မနောကံမည်၏။ ပွားစည်းသော ထိုကံတို့ကို ဆောက်တည်သည်မည်၏။ ပွားစည်းသော ထိုကံတို့ကို ပြုပြီး၍ပွားစည်းသော အကျိုးတို့ကို ရကုန်၏။
အကျိုးကိုရသော ထိုသူတို့သည် အလုံးစုံသော ဆွေမျိုးတို့နှင့်တကွ မြတ်စွာဘုရား သာသနာတော်၌ ချမ်းသာကုန်၊စည်ပင်ပြန့်ပွားကုန်သည်ဖြစ်၍ရောဂါမရှိခြင်း ချမ်းသာခြင်းတို့ဖြစ်ကြလေကုန်သတည်း။
(ပုဗ္ဗဏှသုတ်-မင်္ဂလ၀ဂ်၊ အင်္ဂုတ္တရနိကာယ်)
~သူတော်ကောင်းနှင့် ပေါင်းခြင်း~
သူတော်ကောင်းနှင့်ပေါင်းဆုံခြင်းသည် တစ်ကြိမ်သာလျှင် ဖြစ်၏။ (ဝါ)တစ်ကြိမ်သာလျှင် ဖြစ်စေကာမူထိုတစ်ကြိမ်မျှ ပေါင်းဆုံရခြင်းသည် သူတော်ကောင်းတို့နှင့် ပေါင်းဆုံတွေ့ရသော ထိုသူကို အကျိုးမဲ့ပယ်ရှား၊အကျိုးများအောင် ရွက်ဆောင်တတ်ပေ၏ ။
သူယုတ်မာတို့နှင့်အကြိမ်များစွာ ပေါင်းဆုံရခြင်းသည်(ဝါ) အကြိမ်များစွာ ပေါင်းဆုံရစေကာမူအကျိုးများအောင် မရွက်ဆောင် မစောင့်ရှောက်တတ်ချေ။
(၄၆၉-မဟာသုတသောမဇာတ်)
postby နှင်းဆီဖူးလေးများ-Love BUDS
Subscribe to:
Post Comments (Atom)
No comments:
Post a Comment