Monday, April 01, 2013



မဂ်ဖိုလ် ရဖို့အတွက် ဆည်းကပ်သင့်သော ဆရာကောင်း ၏ ဂုဏ်အင်္ဂါ များကို သတ္တကနိပါတ အင်္ဂုတ္တရနိကာယ် တွင် ဗုဒ္ဓ ကဟောကြားထားပေသည် ။ကိုးကွယ် မမှားအောင် ကိုးကွယ်သင့်သော ဆရာကောင်း ဂုဏ်လက္ခဏာ များကို သိရန်တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။ မဃဒေဝလင်္ကာမှာ မန်လည် ဆရာတော်ဘုရားကြီး က လွယ်လွယ်ကူကူ မှတ်သားမိစေရန် ကဗျာဖွဲ့ဆိုသီကုံး ၍ ညွန်ပြ ဆုံးမ ခဲ့ပါသည်။ ကဗျာ=ရိုသေချစ်ထိုက် ၊ ချီးမွမ်းထိုက် နှင့် လွဲမိုက်ဆုံးမ ၊မေးသမျှခံ ဓမ္မံနက်နဲ ၊ဟော နိုင်မြဲ၍၊ကျိုးနည်းမတန်း ၊ခုနစ်ခန်းနှင့် ပြည့်လျှမ်းညီညာ၊ဤဆရာရှာဖွေ တပည့်ခံ….။ ရှင်းလင်းချက်=၁။ရို သေထိုက်သော ဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း ၂။ချစ်ခင်ထိုက်သော ဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း။ ၃။ချီးမွမ်းထိုက်သောဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း။ ၄။မိမိ ၏ လွဲမှားမှုကို မိုက်မဲမှုကို ဆုံးမ ခြင်း။ ၅။မိမိ မေးသမျှကို ဖြေဆိုနိုင်ခြင်း။ ၆။နက်နဲသော ဓာတ် ၊ပရမတ် ၊သစ္စာတရားများကို ဟော

၇။အကျိုးနည်းသော အလုပ်များကို တားမြစ်၍ ၊ အကျိုးရှိသော အလုပ်များကို ညွန်ပြနိုင်ခြင်း။ အထက်၌ ဆိုခဲ့သော ဆရာ အား ရိုသေထိုက်၊ချစ်ခင်ထိုက်၊ ချီးမွမ်းထိုက်သော ဂုဏ်လေးပါး ဟူသည်… ဒါန ၊ပေယျဝဇ္ဇ ၊အတ္ထစရိယာ၊သမာနတ္ထတာ ဂုဏ် ၄ပါး ပင်ဖြစ်လေသည်။ ဒါန- လောဘမကြီးဘဲ ပေးကမ်း စွန့်ကြဲသူ ဖြစ်ရမည်။ ပေယျဝဇ္ဇ-ဒေါသမကြီး ဘဲ မေတ္တာနှင့် ယှဉ်သည့် ချစ်ခင်ဖွယ်ရာ စကား

အတ္ထစရိယာ-တပည့်တို့၏ ကောင်းကျိုးကို ကျင့်ဆောင်ရမည်။ သံမာနတ္ထတာ- မနှိမ့်ချဘဲ ပုံမှန်တန်းတူ ဆက်ဆံနိုင်ရမည် စသည်တို့

လယ်တီ ဆရာတော်ဘုရားကြီးကလည်း နဖူး စွန်းနှင့်၊ဒူးပွန်းခံကာ ကိုးကွယ်ပါလည်း၊ဆရာလွဲက ငရဲ အပါယ်၊အမြစ်တွယ် ဝဋ်နွယ်ရှည်လျားရာ..တဲ့

စာဆိုတောင်ရှိပါသေးတယ်…………ကုန်ရှုံးတော့ တစ်ခေါက် လင် ကုန်ရှုံးတော့ တစ်သက်လုံးမှောက် ဆရာ ကုန်ရှုံးတော့ တစ်သံသရာလုံးမှောက်…ဟူသော စကား အတိုင်း ဘာသာရေး ၌ ဆရာရွေးမှားလျှင် ပစ္စက္ခ သံသရာ နှစ်ဖြာလုံး ဒုက္ခ

ထိုအပြင် ဆရာရွေး မှန်ခဲ့လျှင်လည်း မိမိ ကောင်းကျိုး အားလုံး ပြီးစီးတတ်ကြောင်း ဗုဒ္ဓ က အရှင်အာနန္ဒာ အား မိန့်ကြားခဲ့ဖူးလေသည်။ ဆရာကောင်းကို မမှီဝဲရမှုကြောင့် ပစ္စေက ဗုဒ္ဓါ ဖြစ်ရန် နှစ်သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့ပါလျက် မုဆိုးကြီး ဖြစ်နေရသော ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို မောရသုတ် ဇာတ်လမ်း ၌ ဖော်ပြထားပေသည်။ ထိုအချိန် ဘုရားအလောင်းသည် ဟိမဝန္တာ တောတွင်း ၌ ရွှေဥဒေါင်းမင်းကို မြင်ချင်သော ကြောင့် မုဆိုးကြီး တစ်ယောက်အား လစာရိက္ခာ အပြည့်အစုံပေး၍ ဖမ်းဆီးရန်လွှတ်လိုက်လေ၏။ ဥဒေါင်းမင်းသည် မောရသုတ် ပရိတ်တော်ကို နံနက် (၁)ကြိမ် ၊ည (၁)ကြိမ်၊ အမြဲရွတ်နေသောကြောင့် မုဆိုးကြီး သည် မည်သို့မျှ ဖမ်း၍

နှစ်အတန်ကြာသော အခါ ဥဒေါင်းမင်းကို ဖမ်းခိုင်းသော ဘုရင်နှင့် ဖမ်းသော မုဆိုးကြီးသာသေဆုံးသွားရလေ သည်။ဥဒေါင်းမင်း ကိုက ဖမ်းမိခြင်းမရှိခဲ့ချေ။ ထို့ကြောင့် ထို ဘုရင်သည် နတ်ရွာ စံခါနီး သောအခါ ဥဒေါင်းမင်း အား ဘုရင် အဆက်ဆက် တိုင်း ဒုက္ခ ရောက်စေမည့် စာတစ်ကြောင်းကို ရေးသွားခဲ့လေသည်။ ထို စာကား-ရွှေဥဒေါင်းမင်း ၏ အသားကို စားရသူသည် မအို မနာ မသေ အမြဲနေရမည် ဟူ၍ ဖြစ်လေသည်။ ထိုလုပ်ကြံစာကြောင့် နောက်မင်း အဆက်ဆက်တို့သည် မုဆိုးတို့၏ အကူအညီဖြင့် ရွှေဥဒေါင်းမင်းကို မရမက ဖမ်းဆီးခဲ့ကြလေသည်။ မောရသုတ် ပရိတ်တန်ခိုး ကြောင့် ဖမ်း၍ မမိကြချေ၊ တစ်ဆက်သော မင်းလက်ထက် တွင် ဥဒေါင်းမင်းကို ဖမ်းရန် တာဝန်ချခံရသော မုဆိုးကြီး ကား အသိဉာဏ်ပညာနှင့် ပြည့်စုံ၏၊နှစ်အတန်ကြာ သည့်အထိ ဖမ်း၍ မမိသောအခါ ဥဒေါင်းမင်းတွင် မည်သည့်စွမ်းရည် ရှိနေသနည်း ဟု တစေ့တစောင်း ချောင်းမြောင်းလေ့လာသောအခါ မောရသုတ် ပရိတ်ရွတ်သည်ကို တွေ့သွားလေသည်။ ဤ ပရိတ်ကို မရွတ်မှသာဖမ်းမိနိုင်မည် ကို သိသွားသော မုဆိုးကြီးသည် လေ့ကျင့်သင်ကြားပေးထားသော ဥဒေါင်းမ တစ်ကောင်ကို ဥဒေါင်းမင်းကြီး ပရိတ်ရွတ်မည့် အချိန်ကို မှန်းပြီး လွှတ်ပေးလေသည်။ ဥဒေါင်းမ အရှိန် ကြောင့် ဥဒေါင်းမင်းကြီးသည် မောရသုတ်ပရိတ်ကို မရွတ်ဖတ်မိတော့ချေ။ ထို့ကြောင့် တစ်ရက်တွင် မုဆိုးထောင်ထားသော သုတ်ကိုင်းတွင် ခြေထောက်တစ်ချောင်း စွပ်မိသွားပြီး လေထဲ၌ စောက်ထိုးဖြစ်လျက် နေ ရှာရလေသည်။ လေထဲတွင် ဦးစောင်ပြောင်းပြန်ဖြစ်ကာဒုက္ခရောက်လျက်ရှိသော ဥဒေါင်းမင်းကြီးကို ကြည့်ကာ သနားစိတ်ဝင်သွားသော မုဆိုးကြီး က သတ်ဖြတ်ခြင်းမရှိတော့ဘဲ ကျော့ကွင်းမှ ဖြုတ်ကာလွှတ်ပေးလိုက်၏။ မုဆိုးဖြစ်လျက် သနားတတ်ခြင်းသည် သူတော်ကောင်း စိတ်ဓာတ် ရှိသောကြောင့် ဖြစ်လေသည်။ ထိုသို့ သူတော်ကောင်း စိတ်ဓာတ်ခံ ရှိလျက် မုဆိုးဖြစ်နေရခြင်းသည် အဘယ်ကြောင့် နည်းဟု မေးမြန်းစိစစ်ကြည့် သောအခါ ဆရာမိုက်ကြောင့် သိသွားပေသည်။ ကုသိုလ် အကုသိုလ်ဟူသည် မရှိ၊ ကုသိုလ် အကုသိုလ် ၏ ကောင်းကျိုး ဆိုးကျိုး သည် မရှိဟူ၍ သူ၏ ဆရာများက ဟောပြောဆုံးမကြသောကြောင့် မုဆိုး အလုပ်ကို လုပ်မိကြောင်း မုဆိုးကြီး ကပြောကြားလေသည်။ ထိုအခါ အလောင်းတော် ဥဒေါင်းမင်း က ကုသိုလ် အကုသိုလ်သည် ရှိကြောင်း၊ ကုသိုလ် အကုသိုလ် ၏ ကောင်းကျိုး ဆိုးကျိုး သည်လည်း ရှိကြောင်း ၊ ကုသိုလ် အကုသိုလ် ၏ ကောင်းကျိုး ဆိုးကျိုး သည်လည်း ရှိကြောင်း ဟောပြ မှ ကမ္မဿကတာသမ္မာဒိဋ္ဌိ အမြင်မှန် ကို ရသွားလေသည်။ ထို အမြင်မှန် မှ တစ်ဆင့် ဝိပဿနာ သမ္မာဒိဋ္ဌိ အမြင်မှန်သို့ ကူးပြောင်းပြီး ရှုပွားလိုက်ရာ ပစ္စေကဗုဒ္ဓါ ဖြစ် သွားလေ သည်။ ပစ္စေကဗုဒ္ဓါ ဖြစ်သည်နှင့် မုဆိုး အဝတ်အစားနှင့် အသုံးအဆောင်များ ကို ဆင်မြန်းပြီးသားဖြစ် ကာဂန္ဓမာဒန တောင်သို့ ကောင်းကင် မှ ကြွသွားလေသည်။ ဤ ဇာတ်တော် ၌ ပစ္စေကဗုဒ္ဓါ အလောင်းအလျာ ဖြစ်လျက် ဆရာမိုက်ကို မှီဝဲသောကြောင့် ငရဲကျလုဆဲဆဲ ဘဝ သို့ ရောက်ခဲ့ရလေသည်။ ဥဒေါင်းမင်း နှင့်သာ မတွေ့လျှင် မုဆိုးဘဝ နှင့် သေပြီး ၊ ငရဲ သို့ ကျမည်သာဖြစ်လေသည်။ မုဆိုးကြီး သည် ဥဒေါင်းမင်း တည်းဟူ သောဆရာကောင်းကို မှီဝဲ ဆည်းကပ်လိုက်ရသည့် အတွက် မဂ်ဖိုလ် ကိစ္စ အလုံးစုံ ပြီးစီးသွားခဲ့လေသည်။ တစ်ခဏ အသုံးပြုမယ့် ရေအိုးတောင်မှ ရေလုံရဲ့လား ၊အပဲ့ပါသလား၊အေး မယ့် အမျိုးအစား ဟုတ်ရဲ့လား လို့ ရွှေးရသေးတာပဲ၊တစ်ဘဝ တစ်သံသရာလုံး ကောင်းဖို့ အတွက် ရွှေးချယ် ဆည်းကပ်သင့်တဲ့ အရေးကြီးဆုံး အရာကတော့ ဆရာကောင်း ကို ရှာဖွေခြင်းပါပဲ။

“ကြည်ညိုရာမှာ အများသံဃာ ၊ကိုးကွယ်ရာမှာ ရွှေးချယ်ပါ” ဟူသော ဦးလှသိန်း ၏ ကဗျာလေးအတိုင်း ရဟန်း သံဃာ ဟူသမျှ ကို ကြည်ညိုပါ၊တတ်နိုင်သမျှ လှူဒါန်းပါ၊ ရဟန်းအကျင့် မကျင့်လျှင် ၊မကျင့်သူ မကောင်းကျိုး ခံစားရလိမ့်မည်။ ကြည်ညိုသောလှူဒါန်းသောမိမိ မှာ ကား ကောင်းကျိုး သာရလေသည်။ သို့သော် ဆရာမှတ်မှတ် ကိုးကွယ် တော့မည် ဆိုလျှင်ကား ရွှေးချယ် ရပေတော့မည်။ သူတော်ကောင်း ဆရာ ဟုတ်၊မဟုတ် ဆန်းစစ်နည်း ကို ဗုဒ္ဓ က ကောသလမင်းကြီးအား ဟောဘူးလေသည်။ တစ်ခါတွင် ကောသလ မင်းကြီး သည် ဘုရားကျောင်းတော် ရှေ့မှ ဖြတ်သွားသော သင်္ကန်းဝတ်ရဟန်း တစ်စုကို ရဟန္တာသူတော်ကောင်း များဖြစ်ကြောင်း ဘုရားရှင်အား လျှောက်ထားလေသည်။ ထိုအခါ ဘုရားရှင် က လူတစ်ယောက် သူတော်ကောင်း ဟုတ်၊မဟုတ်

၁။အကြာကြီး ပေါင်းကြည့်ရသည်။ ၂။ဝေဖန်ဆန်း စစ်ရသည်။ ၃။ဝေဖန် ဆန်းစစ်နိုင်သော ပညာရှိရသည်။ ဤသုံးချက် အတိုင်း လေ့လာမှ သိနိုင်ကြောင်း ဟောကြားတော်မူလေသည်။ ထိုအခါမှ ကောသလမင်းကြီး သည် မြတ်စွာဘုရား ၏ ဉာဏ်တော်ကို တအံ့တသြ ဖြစ်ခါ မြတ်စွာဘုရား ၏ စကားမှာအလွန်မှန်ကန် လှကြောင်း နှင့် ထို ဖြတ်သွားသော သင်္ကန်းဝတ်ရဟန်းတစ်စုမှာ တပည့်တော် လွှတ်ထားသော သူလျှိုများသာ ဖြစ်ကြောင်း ပြန်လည် လျှောက်ထားလေသည်။ မှတ်စု စာအုပ်များမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မေတ္တာဖြင့်-အရှင်နန္ဒ

No comments: