တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်စိုးစဉ်တုန်းက မြတ်စွာဘုရားအလောင်းဟာ အဲဒီဗြဟ္မဒတ်မင်းကြီးရဲ့ ပုရောဟိတ်ပုဏ္ဏား ဖြစ်ခဲ့ဖူးတယ်။ မင်းကြီးက အင်မတန်ချစ်တယ်။ ပေးစရာရှိ သူများထက်ပိုပြီးတော့ ပေးတယ်။ ချီးမြှောက်စရာရှိ သူများထက် ပိုပြီးတော့ ချီးမြှောက်တယ်။ ကူညီစောင့်ရှောက်စရာရှိ သူများထက် ပိုပြီးတော့ ကူညီစောင့်ရှောက်တယ်။ အတိုချုပ်ပြောရမ ယ်ဆိုရင်တော့ ပုရောဟိတ်ပုဏ္ဏားကို ဗြဟ္မဒတ်မင်းကြီးက သူများထက် ပိုပြီးတော့ ချစ်မြတ်နိုးတယ်။
အားလုံးထက် သိသိသာသာာကို ချစ်မြတ်နိုးတော့ တစ်နေ့မှာ ဘုရားလောင်းပုရောဟိတ်ပုဏ္ဏားက စဉ်းစားတယ်။ “ရှင်ဘုရင်ကြီးက ငါ့ကိုသူများထက် ပိုပြီးတော့ ချစ်မြတ်နိုးတယ်။ ဒီလိုချစ်မြတ်နိုးတာဟာ ငါ့ရဲ့အမျိုးမြ တ်ခြင်းကြောင့်ပဲလား၊ ဒါမှမဟုတ် ငါပညာတတ်ခြင်ြးေ ကာင့်ပဲလား၊ ဒါမှမဟုတ် ငါရဲ့ကိုယ်ကျင့်သီလ ကောင်းခြင်းကြောင့်ပဲလား။ စမ်းသပ်ကြည်ဦးမှပဲ” ဆိုပြီးတော့ တစ်နေ့မှာ နန်းတော်ကနေ အခစားပြန်လာတဲ့အ ချိန် ရှင်ဘုရင်ရဲ့ ရွှေပန်းတိမ်ဖိုကနေပြီးတော့ ရွှေအသပြာတစ်ခု အသိမပေးပဲနဲ့ ယူလာခဲ့တယ်။ ဒုတိယနေ့မှာ ရွှေအသပြာနှစ်ခု။ တတိယနေ့မှာ ရွှေအသပြာတစ်ဆုပ် အသိမပေးပဲနဲ့ ယူလာခဲ့တယ်။
ေ၇ွှပန်းတိမသည်ကလည်းပဲ ပုရောဟိတ်ပုဏ္ဏားကို ရိုသေလေးစားတဲ့အတွက်ကြောင့် ပထမနေ့မှာ ဘာမှ မပြောပါဘူး။ ကြည့်နေလိုက်တယ်။ ဒုတိယနေ့မှာလည်းပဲ ဘာမှမပြောပါဘူး။ ကြည့်နေလိုက်တယ်။ တတိယနေ့ ရွှေတစ်ဆုပ်စာလည်းယူရော ချက်ချင်း ဖမ်းယူပြီးတော့…
“သင်ဟာဒီလောက်အချိန်ကာလကြာအောင် ကိုယ့်ကိုကိုယ် ကိုယ်ကျင့်သီလရှိသလိုလိုနဲ့ လှည့်လည်ခဲ့တာပဲ။ သင်ဟာ နှစ်ပေါင်းများစွာကိုယ့်ကိုကိုယ် ကိုယ်ကျင့်သီလရှိသလိုလို အယောင်ဆောင်ခဲ့တာပဲ။ ဒီနေ့တော့ သင့်အမှန်တရားပေါ်ပြီ။ သင်ဟာ ကိုယ်ကျင့်သီလ လုံးဝမရှိတဲ့လူတစ်ယောက်ပဲ။ သင့်ကို ကျွန်ုပ်ဖမ်းတယ်” ဆိုပြီး သူခိုးဗျို့ သူခိုးဗျို့နဲ့ တစ်ခါတည်း အော်တော့တာပဲ။ အဲဒီလိုအော်တော့ အနီးအနားမှာရှိတဲ့ လူတွေလည်း ပြေးလာကြပြီးတော ဟိုလူက နှစ်ချက်သုံးချက်လောက်ရိုက်လိုက ဒီလူကရိုက်လိုက်နဲ့ ဝိုင်းပြီးတော့ ရိုက်ကြတယ်။
“သင့်ကို ကျွန်ုပ်တို့က ပညာရှိသူတော်ကောင်းကြီး၊ ကိုယ်ကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်ကြီးလို့ ထင်လာခဲ့တာ။ ထင်ပြီးတော့ ရိုသေလေးစားလာခဲ့တာ။ ခုတော့ သင်ဟာ ကိုယ်ကျင့်သီလမရှိတဲ့သူတစ်ယောက်ပဲ” ကြိုးနဲ့ လက်ပြန်တုန်ပြီးတော့ ရှင်ဘုရင်ဆီ ခေါ်လာတယ်။ ရှင်ဘုရင်က.. “ဘာကိစ္စလဲ” “ဒီလိုပါပဲ..ရှင်ဘုရင်ရဲ့ေ၇ွှပန်းတိမ်ဖိုကနေ ရွှေအသပြာတွေ သုံးရက်တိုင်တိုင် ခိုးယူတဲ့အတွက်ကြောင့် ရှေ့တော်မှောက်ေ ခ်ါလာခြင်းပါ”
“ကဲ ဒီလိုခိုးယူတယ်ဆိုရင်လည်း ပေးသင့်တဲ့ ပြစ်ဒဏ်ပေးလိုက်တော့ပေါ့။ တရားဥပဒေအတိုင်း စီရင်ပါ”လို့ ရှင်ဘုရင်က မိန့်လိုက်တော့ ပုရောဟိတ်ပုဏ္ဏား ကြီးက… “အရှင်မင်းကြီး ကျွန်ုပ်သူခိုးမဟုတ်ပါဘူး”
“သူခိုးမဟုတ်ရင် ရွှေပန်းတိမ်ဖိုကေ၇ွှတွေဘာဖြစ်လို့ ယူရတာလဲ”
“မှန်လှပါအရှင်မင်းမြတ်ဘုရား…. အရှင်မင်းမြတ်ဟာ ကျွန်ုပ်ကိုသူမျာထက်ပိုပြီးတော့ ချစ်မြတ်နိုးတယ်။ သူများထက် ပိုပြီးတော့ ချီးမြှောက်တယ်။ သူများထက်ပိုပြီးတော့ အရေးပေးတယ်။ အားလုံးထက် ချစ်မြတ်နိုးခြင်းခံရတာ၊အရေးပေးခံရတာဟာ ကျွန်တော်မျိုး အမျိုးမြတ်လို့ပဲလား၊ ပညာတွေတတ်လို့ပဲလား၊ ကိုယ်ကျင့်သီလကောင်းလို့ပဲလားဆိုတာစမ်းသပ်ကြည့်ချင်လို့ ကျွန်ုပ်ယခုကဲ့သို့ ယူရခြင်းဖြစ်ပါတယ်”
“ခုတော့ သိပါပြီ။ အမျိုးမြတ်တာကလည်း သုံးမရပါဘူး။ ကိုယ်ကျင့်သီလ ကောင်းခြင်းကသာသုံးရပါတယ်။ လောကမှာအကောင်းဆုံးအရာဟာကိုယ်ကျင့်သီလ၊ လောကမှာအမြတ်ဆုံးအရာဟာ ကိုယ်ကျင့်သီလဆိုတာ ကျွန်ုပ်သဘောပေါက်ပါပြီ။ လောကမှာ သီလထက်ကောင်းမြတ်တဲ့အရာ မရှိဘူးဆိုတာ သဘောပေါက်ပါပြီ”
***ပညာတတ်လို့ အမျိုးမြတ်လို့ ငါ့ကို ချစ်မြတ်နိုးတာမှ မဟုတ်ဘဲ။ ကိုယ်ကျင့်သီကောင်းလို့သာ ချစ်မြတ်နိုးတာလေ။ ရုပ်ရည်၊ ဥစ္စာ၊ပညာ တန်ခိုး ဘာများ တန်ဖိုးရှိလို့လဲကွယ်..။*** (အရှင်ဆန္ဒာဓိက၏ အရမ်းကောင်းသော “လောက၌အကောင်းဆုံးသောအရာ” စာအုပ်၊ စာမျက်နှာ-၁၄၊ ၁၅ မှ)နှလုံးသားအာဟာရ— w
No comments:
Post a Comment