Labels
- android ဆိုင်ရာ down loadများ
- android ဆိုင်ရာ download များ
- androidဆိုင်ရာ down loadများ
- ကဗျာများ
- ကိုးကွယ်မှု
- ချက်နည်း ပြုတ်နည်း
- ဂါထာတော်များ
- စိတ်အာဟာရ
- ပညာရေး
- ဘာသာရေး
- ရိုးရာ အစားအစာ
- သင်ယူလေ့လာ နည်းပညာ
- သင်ယူလေ့လာနည်းပညာ
- သုတအဖြာဖြာ မှတ်စရာ
- သုတအဖြာဖြာမှတ်စရာ
- ဆေးပညာ ဗဟုသုတ
- ဒေသန္တရ ဗဟုသုတ
- နိုင်ငံရေး နှင့် အမျိုးသားရေး
- နိုင်ငံရေးနှင့်အမျိုးသားရေး
Monday, April 01, 2013
ကော်ဖီ နှင့်ရောဂါ **************
ကော်ဖီ နှင့်ရောဂါ
**************
ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြတယ်. . ကော်ဖီနှင့်ပတ်သက်ပြီးကောင်းကျိုး ဆိုးကျိုးတွေကို ပြောကြသလို အမျိုးမျိုးလည်း သတ်မှတ်ကြပါတယ်.. တချို့ ကကော်ဖီမှာ ကဖိန်းဓာတ်ပါလို့ အာရုံကြောကို ဒုက္ခရောက်စေတယ်လို့ဆိုကြတယ်. . .မကြာသေးခင်ကထွက်ရှိခဲ့တဲ့ အစီရင်ခံစာများထဲတွင် ကော်ဖီနှင့်ပက်သက်ပြီးကောင်းကျိုးတွေပါလာပါတယ်.. ကော်ဖီဟာရောဂါကြီးတွေကိုတောင် သက်သာစေနိုင်တယ်လို့ ပြောတယ်.. စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ကျန်းမာစေတယ်လို့ဖော်ပြခဲ့ပါတယ်. .
နှလုံးကို အားကောင်းစေပါသလား
အရင်ကတော့ ကော်ဖီဟာ နှလုံးကို အားနည်းစေတယ် .. နှလုံးမကောင်းဘူးလို့ကောက်ချက်ချခဲ့ကြတယ်. . .လွန်ခဲ့တဲ့ အနှစ်၂၀ကဆိုရင် လေ့လာဆန်းစစ်မှုများကို ဥရောပကလုပ်ကြပြီးကော်ဖီပြင်းပြင်းသောက်ရင် ကိုလက်စထရော အများကြီးဖြစ်ပေါ်စေတယ်လို့ပြောကြတယ်. .. သုတေသီတွေကလည်း အမျိုးမျိုးဆန်းစစ်ကြည့်ကြပါတယ်. . အဲဒီအခါမှာ ကော်ဖီကို ပုံမှန်သောက်မယ် အလွန်အကျွံ့မဟုတ်ဘဲ အသင့်အတင့်သောက်မယ်ဆိုရင် မိမိရဲ့ သွေးတိုးစေမှုကို အန္တရာယ် မဖြစ်ဘူး. . သွေးတိုးရောဂါလည်းမဖြစ်ဘူးလို့ ဆိုပါတယ် . .ဒါ့အပြင် သွေးခုန်နှုန်းမမှန်တာတွေကို မှန်အောင် အားပေးတယ်. . ကျန်းမာရေးကောင်းတဲ့ သူတွေဖြစ်အောင် ကော်ဖီကအကျိုးပြုပါတယ်လို့ ဆိုပါတယ် . . ကော်ဖီကြောင့် နှလုံးရောဂါဖြစ် တယ်ဆိုတာ အခုမှဟုတ်တော့ပါဘူးလို့ဟားဗတ်တက္ကသိုလ်က မိယာစတင်ဖာကပြောပါတယ်. . ကော်ဖီသောက်တာနဲ့ နှလုံးရောဂါဖြစ်တာ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာလည်း သိရှိလာရပါတယ်. . .
ပါကင်ဆန်ခေါ်ခြေတုန်လက်တုန်ရောဂါကို ကာကွယ်ပေးခြင်း
ယခုအခါ ကော်ဖီရဲ့ အာနိသင်နဲ့ပတ်သက်ပြီး အသစ်တွေ့ရှိတာက အသက်ကြီးတဲ့ အခါဖြစ်တတ်တဲ့ ပါကင်ဆန်ခေါ်ခြေတုန်လက်တုန်ရောဂါကို သက်သာပျောက်ကင်းစေသလို မဖြစ်အောင်လည်း ကာကွယ်တယ်လို့ဆိုပါတယ်…
ကော်ဖီများများသောက်ရင် ကိုယ်ဝန်ပျက်စီးစေသလား
ကနေဒါက ကော်ဖီနဲ့ပတ်သက်ပြီးလေ့လာဆန်းစစ်သူတွေဟာ သားပျက်ကျတဲ့ ကိုယ်ဝန်ဆောင်သည်တွေကို စစ်ဆေးကြည့်တဲ့အခါ ၃၆%ဟာ တစ်နေ့ကို ကော်ဖီနှစ်ခွက်ေ သာက်တဲ့သူတွေ ဖြစ်တယ်လို့သိရပါတယ်. .သူတို့ဟာ ကော်ဖီမသောက်တဲ့ မိန်းမတွေထက်ပိုပြီးအဖြစ်များတာ တွေ့ရတယ်. . . ဒါပေမယ့် အမေရိကန်ပြည်ထောင်စု က လူသားဖွံ့ဖြိုးမှုနှင့် ကလေးကျန်းမာရေး အမျိုးသားဌာနက ဒေါက်တာ မက်ကလေဘာနော့က ဒီအဆိုဟာ မသေချာပါဘူး. ကော်ဖီမသောက်ဘဲနဲ့လည်းသားပျက်ကျတဲ့မိန်းမတွေ အများကြီးရှိတယ်.. . ကော်ဖီသောက်လို့သားပျက်တယ်ဆိုတာ ကတော့ အခုအချိန်ထိ အသေအချာ ပြောလို့မရသေးပါဘူး ကော်ဖီကို တစ်နေ့ ၅ခွက်၊ ၆ခွက် အလွန်အကျွံ့သောက်တဲ့ သူတွေကတော့ သားပျက်တာဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်. . .
ကင်ဆာရောဂါဖြစ်နိုင်သလား
၁၉၈၀ ခုနှစ်ကာလတွေတုန်းကတော့ကော်ဖီသောက်လို့ရှိရင် ပန်းခရိကင်ဆာဖြစ်နိုင်တယ်လို့ပြောပါတယ်. . .အဲဒါဟာ တမင်ခြောက်လှန့်တာသက်သက်ပဲ ဖြစ်ပါတယ် ဒါကြောင့်လေ့လာဆန်းစစ်မှုတွေ လုပ်ကြည့်တဲ့အခါ ကော်ဖီကြောင့် ဖြစ်တယ်ဆိုတာ လက်မခံကြပါဘူး နောက်တစ်ချို့လည်းဆီးအိမ်ကင်ဆာဟာ ကော်ဖီသောက်လို့ လည်းပြောပါတယ်. . . ဒီအချက်ဟာလည်း လေ့လာဆန်းစစ်ကြည့်တဲ့အခါ မမှန်ကန်တာကို တွေ့ရပါတယ်. . တစ်နေ့ကို ကော်ဖီ၁၀ခွက်ကျော်သောက်တဲ့ လူတွေမှာတော့ ကျန်းမာရေးထိခိုက်စေတာကို တွေ့ရပါတယ် ... . ဒါပေမယ့် အူမကြီးကင်ဆာ ဖြစ်တဲ့အခါ ကော်ဖီကြောင့်ဆိုတာကိုတော့ ယနေ့တိုင် မတွေ့ရှိရသေးပါ. . .
အားကစားနှင့်ကော်ဖီ
ကဖိန်းဟာ အမှန်တကယ်တော့ စိတ်ကြွမှုအားကောင်းစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်. .. နိုင်ငံတကာ အိုလံပစ်ကော်မတီက သွေးထဲမှာ ကဖိန်းဓာတ် ဘယ်လောက်ရှိရမလဲဆိုတာကို ကန့်သတ်ထားပါတယ် . . . ပြိုင်ပွဲများတွင် စိတ်ကြွဆေး သုံးမသုံး သက်ဆိုင်ရာ စမ်းသပ်စစ်ဆေးတဲ့အခါ ကဖိန်းဓာတ် ဘယ်လောက် ပါသလဲဆိုတာလည်း စစ်ပါတယ်.. ကဖိန်းဟာ နိုးကြားပြီးစိတ်ဓာတ်တက်ကြွစေတယ်. . ကော်ဖီကို လိုအပ်တာထက် ပိုသောက်ကြရင် အိပ်မပျော်ဘဲ လန်းဆန်းတက်ကြွနေပါတယ်.. ဒါကြောင့် အားကစားသများတွေကို မူးယစ်ဆေးမသုံးရဆိုတာကြောင့် ကဖိန်းဓာတ် ပါဝင်မှုကို ကန့်သတ်ထားတာ ဖြစ်ပါတယ်. .
ကော်ဖီကို သောက်သင့်သလား.
အမျိုးသမီးတွေမှာကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်ထဲက ကလေးကို မွေးတဲ့အခါ နို့တိုက်ရမှာဖြစ်တယ်. ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကိုယ် ကော်ဖီ ၂ ခွက်သောက်သင့်ပါတယ်. . ၂ခွက်ထက်တော့မပိုသင့်ပါဘူး ကော်ဖီအလွန်အကျွံ့သောက်လို့ကိုယ်ဝန်ပျက်ကျမှာလည်း ကြည့်ရပါမယ်. .ကော်ဖီ၂ခွက်ပဲသောက်မယ်ဆိုရင်မိခင်ဟာ နို့ထွက်ကောင်းတယ်. . . ကိုယ်ဝန်ဆောင်သည်များ စိတ်ချမ်းသာတာ ၊နှလုံးခုန်တာကိုလည်းကော်ဖီကထိန်းပေး ပါတယ် .. ဒါကြောင့်ကော်ဖီဟာ နေ့စဉ်ကော်ဖီ၃ခွက်တော့ သောက်သင့်ပါတယ်. .
ကော်ဖီသောက်တာ ဆိုးကျိုးရှိသလိုကောင်းကျိုးလည်း ရှိနိုင်ပါတယ် . . အလွန်အကျွံ့ မသောက်ဘဲ မျှတအောင်ပဲ သောက်ဖို့ လိုပါတယ်..
မြန်မာ မိသားစုမှကူးယူဖော်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment