Wednesday, April 03, 2013

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်း.....

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်း.....
Wednesday, 3 April 2013

၁။အိပ်ယာနေရာ အစားအသောက်တို့ကိုသန့်ရှင်စင်ကြယ် စွာ စားသောက်နေထိုင်လေ့ရှိခြင်း..။

၂။ယောက်ျားတစ်ပါးသို့စိတ်နှစ်လုံးမကူးခြင်း..။

၃။လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကိုကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။လင်၏အလုပ်အကြံ အစီအမံကို ခံယူ၍ကူညီရခြင်း..။

၆။လင့်အာဏာကိုမဖီဆန် လင်၏အလိုသို့လိုက် ၍ ပြုရခြင်း..။

၇။လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။အပူအချမ်းတို့ လျော်စွာ လင်အားဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြအဘိဓာန်ကျမ်း) “လောကနီတိကျမ်းအလိုအရမူ”

၁။စားသောက်သောအခါတို့၌လည်းကောင်း အဝတ်တန်ဆာပြုပြင်စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့နှစ်သက်ဖွယ်ပြုပြင်တတ်ခြင်း..။

၂။လျှို့ဝှက်အပ်သောမကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။အမှုကိစ္စဆောင်ရွက်သောအခါ၌လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ဘေးဒုက္ခကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။အိပ်သောအခါလင်ကိုမွေ့ လျှော်စေတတ်ခြင်း..။

၆။အရောင်အဆင်းပြုပင်ခြင်း၌တင့်တယ်စွာ ပြုတတ် ခြင်း..။

၇။အမျက်ထွက်ရန်ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထားတတ်ခြင်း..။

ဤမယားသည် မယားကောင်းမယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

No comments: