မြန်မာနိုင်ငံ၏သမ္မတများ
၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂ )
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ပထမဆုံးသမ္မတ အဖြစ် လူသိများ လေသည် ။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁ ၉၅၂)ထိ ထမ်းဆောင်ခဲ့ သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ၁၆ရက် သောကြာနေ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသား ဖြစ်လေသည်။၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်းသိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့်လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင်ကွယ်လွန်ခဲ့သည်။ x x x x x x x x ၂။ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ဒုတိယမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့ လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့ ဧရာဝတီတိုင်း။ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့ သည်။မွေးချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ဘိုးဘေးများမှာ မင်းမျိုးမင်းနွယ်ဖြစ်လေသည်။၁၉၁၃ခုတွင် ဒေါ်ငြိမ်းငြိမ်း နှင့်လက်ထက်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။ ၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်းအဆုတ်ရောဂါနှင့် ကွယ်လွန်ပြီးနောက် ၁၉၂၃တွင် ဒေါ်အေးနှင့်လက်ထ က်ခဲ့ရာ သားသမီး ၅ယောက်ထွန်းကားခဲ့သည်။ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင်လူကြီးရောဂါဖြင့်  ကွယ်လွန်ခဲ့သည်။ x x x x x x x x ၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏တတိယမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ(၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ဦးဝင်းမောင်ကို၁၉၁၆ခု၊ဧပြီလ၊၁၇ ရက် တနင်္လာနေ့ ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာ တို့မှ ဖွားမြင်ခဲ့သည်။ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင်မန်းဝင်းမောင်ဟု ထင်ရှားလေသည်။၁၉ ၄၂ခုတွင်ဒေါ်မြမေနှင့်လက်ထပ်ကာ သားသမီး၆ယောက် ထွန်းကားခဲ့သည်။မန်းဝင်းမောင်သည် (၄.၇.၁၉၈၉) အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။ x x x x x x x x ၄။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏စတုတ္ထမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။ ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ပြည်ခရိုင်၊ ပေါင်းတလည်မြို့ တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။ ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထက်ကာ သား၁ယောက်၊ဒုတိယ ဒေါ်တင်တင်နှင့်လက်ထက်ကာ သား၂ယောက်၊တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး၃ယောက် ထွန်းကားခဲ့သည်။၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး ၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထက်ခဲ့သည်။ ထို့နောက် ၁၉၇၆ခုတွင် ကနောင်မင်း၏အနွယ်တော်ရတနာနတ်မယ်နှင့် လက်ထက်ပြီးငါးလသာ ပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ် တွင်ကွယ်လွန်ခဲ့သည်။ x x x x x x x x ၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ပဉ္စမမြောက်သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့ သည်။ဦးစန်းယုကို၁၉၁၈ခု၊မတ်လ၊၃ရက်၊တနင်္ဂနွေနေ့၊ပြ ည်ခရိုင်၊သဲကုန်းမြို့ တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။၁ ၉၄၇ခုတွင် အင်းစိန် အစိုးရကျောင်းဆရာမဒေါ်သန်းရှိန်နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။ x x x x x x x x ၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့ သည်။ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေ နေ့၊ပေါင်မြို့တွင် အဖဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ေ ဒ်ါရွှေတင်(ခ)ဒေါ်တင် တင်လှိုင်နှင့်လက်ထက်ခဲ့ပြီး သားသမီး၅ယောက် ထွန်းကားခဲ့သည်။ ဦးစိန်လွင်သည်(၉.၄.၂၀၀၄)အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။ x x x x x x x x ၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏သတ္တမမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့ သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီ လ၊ ၃၁ရက်၊စနေနေ့၊ မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှ ဖွားမြင်လေသည်။ မွေးချင်းအနက် တစ်ဦးတည်းသောသားဖြစ်သည်။၁၉၄၇ခု တွင် ဒေါ်ခင်မြင့် နှင့်လက်ထက်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကားခဲ့သည်။ဒေါက်တာ မောင်မောင်သည် (၂.၇.၁၉၉၄) အသက်၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။ x x x x x x x x ၈။ဦးသိန်းစိန်(၁၉၄၅)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏အဋ္ဌမမြောက်သမ္မတ ဖြစ်လေ သည်။၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး ရွေးချယ်ခံရသော သမ္မတဖြစ်သည်။(၄. ၂.၂၀၁၁)တွင် သမ္မတတာဝန်ကို ထမ်းဆောင်ရသည်။ဦိးသိန်းစိန်ကို၁၉၄၅ခု ဧပြီလ၂၀ရက် သောကြာနေ့ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့် တို့မှ ဖွားမြင်လေသည်။ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှ င့်လက်ထက်ပြီး သားသမီး၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံ တော် သမ္မတအိမ်တော်တွင်နေထိုင်လျက်ရှိသည်။
No comments:
Post a Comment