ှရှင်သာရိပုတ္တရာအားအထက်မဂ်ဖိုလ်တွက်မြတ်ဘုရား တရားမဟောခဲ့ဘူးဆိုတာ ဟုတ်ပါသလား
ဒကာ။။ရှင်မောဂ္ဂလာန်အတွက် မြတ်ဘုရား ကိုယ်တိုင် ကမ္မဋ္ဌာန်းတရားဟောကြား နည်းပေးတော်မူ သော်လည်း၊ ရှင်သာရိပုတ္တရာအတွက်ကို အထက်မဂ်ဖိုလ် ရရေးသီးခြားနည်းပေး ဟောကြားခြင်းမရှိဘူးဆိုတာ ဟုတ် ပါသလားဆရာတော်၊စာပေမူကဘယ်လို ဆိုပါသလဲ ဘုရား။
ဆရာ။ ။ဟုတ်ပါတယ်၊စာပေမူကတော့ ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ရဟန်းဖြစ်တဲ့နေ့ကစပြီး တော့ ရုပ်နာမ်ဓမ္မတို့၏အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာကို တခုစီ တခုစီ အကျယ်ဖြန့်ပြီးရှုမှတ်ပွားများလိုက်တာ ၁၅ ရက် လွန်သောနေ့၌မြတ်စွာဘုရားသခင်နှင့် အတူတူ ရာဇဂြိုလ်ပြည် ဂိဇ္ဈကုဋ်တောင် “သူကရ ခတလေဏ”ခေါ်တဲ့ ၀က်တူးလိုဏ်၌ နေတော်မူစဉ် ယင်း၏တူဖြစ်သော ဒီဃနာခပရိဗိုဇ်အားဝေဒနာ ပရိဂ္ဂဟဖြစ်တဲ့ ဒီဃနခသုတ္တန်ကို မြတ်စွာဘုရားဟော ကြားတော် မူတဲ့အခါ ရှင်သာရိပုတ္တရာထေရ်က အဲဒီသုတ္တန်ကို နားစိုက်ကာ အစဉ်အတိုင်းမိမိ၏ဉာဏ်ကို သွတ်သွင်းပြီး ဝေဒနာကမ္မဋ္ဌာန်း စီးဖြန်းပွားများရှုမှတ်ရင်းအဂ္ဂသာဝက ပါရမီဉာဏ် အထွတ် အထိပ်ရောက် ပြည့်မြောက်ကာ ရဟန္တာအရှင်မြတ်ြ ကီးဖြစ် သွားတော်မူတယ်တဲ့။အဲဒါ့ကြောင့် ရှင်သာရိပုတ္တရာအတွက် သက်သက်သီးခြားအထက်မဂ်ဖိုလ်များရရေးကိုမဟောကြား ဘူးလို့ ဆိုထားတယ်။ တူတော်မောင် ဒီဃနခပရိဗိုဇ်ကတော့ သောတာပတ္တိ မဂ်, ဖိုလ် ရကာ အရိယာပိုင်းဝင်သွားတယ်တဲ့၊အဲဒါဒီဃနာခသုတ် စာပေမူပဲ၊ ကဲ….ဘာပြောချင်သေးလဲ။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment