Wednesday, April 03, 2013

ဒိန်ချဉ်သည် ကျန်းမာရေးအတွက် ထိပ်ဆုံးတွင် ရှိနေသော စားဖွယ်ရာဖြစ်

ိဒိန်ချဉ်သည် ကျန်းမာရေးအတွက် ထိပ်ဆုံးတွင် ရှိနေသော စားဖွယ်ရာဖြစ်

ဒိန်ချဉ်သည် အရန်သင့် စာသုံးနိုင်သော စားဖွယ်ရာများထဲမှ တစ်ခုဖြစ်ပြီးမရှိမဖြစ် အာဟာရများထဲမှ အံ့ဖွယ်ရာ အရင်းအမြစ်ဖြစ်ကြောင်းသိရသည်။ဒိန်ချဉ်ကို နေ့စဉ်စားသုံးခြ င်းဖြင့် ကျန်းမာရေးအတွက် ရရှိသော အကျိုးအာနိသင်များမှာ နွားနို့သောက်သုံးလိုခြင်း မရှိသူများအတွက်ဒိန်ချဉ်သည် ကယ်လ်ဆီယမ်ဓာတ်ကိုဖြည့်တင်းပေးသော အစားအစာ ဖြစ်သည်။ ကယ်လ်ဆီယမ်သည် ဒိန်ချဉ်တွင် တွေ့ရသော အာဟာရဓာတ်များထဲမှ တစ်ခုဖြစ်ပြီးကယ်လ်ဆီယမ်က အရိုးနှင့် သွားများ ကျန်းမာကြံ့ခိုင်ရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှပါဝင်သည်။ဒိန်ချဉ်သည် အာဟာရကြွယ်ဝသော အရင်းအမြစ်ဖြစ်ပြီး ဒိန်ချဉ်ထဲတွင် ပရိုတင်းအလျှံပယ်ပါရှိပြီး ဒိန်ချဉ်ကို နေ့စဉ်စားသုံးခြင်းက ခန္ဓာကိုယ် တစ်သျှူးများတည်ဆောက်ခြင်းနှင့် ပြင်ဆင်ခြင်းအတွက် မရှိမဖြစ် အရေးပါသော အာဟာရဓာတ် ဖြစ်သည်။ အလားတူပင်ဒိန်ချဉ်ထဲတွင်ပိုတက်ဆီယမ်သတ္ထု ဓာတ်ပါရှိပြီး ပိုတက်ဆီယမ်ကသွေးထဲရှိ ဆိုဒီယမ်ပမာဏကို ချိန်ညှိပေးကြောင်း သိရသည်။ဒိန်ချဉ်တွင် နောက်ထပ်တွေ့ရှိ ရသည့် အာဟာရဓာတ်များမှာဗီတာမင် ဘီ2 နှင့် ဗီတာမင်ဘီ 12 တို့ ဖြစ်သည်။ဒိန်ချဉ်သည် ကိုလက်စထရောကို လျှော့ချပေးနိုင်သည်ဟု သိရသည်။အလားတူပင် ဒိန်ချဉ်က ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးသကဲ့သို့ ဓာတ်မတည့်မှု ရောဂါလက္ခဏာများကိုလျှော့ချပေးကြောင်း သိရသည်။ထို့ပြင် ဒိန်ချဉ်သည် အစာအိမ်နှင့် သက်ဆိုင်သော ရောဂါများ သက်သာပျောက်ကင်းစေရေးကိုလည်းအထောက်အကူပြုသကဲ သို့ ခန္ဓာကိုယ် အရေပြားအာဟာရဓာတ်ကြွယ်ဝကာ ချော့မွေ့စေရေးအတွက် အထူးပင် အထောက်အကူပြုကြောင်း သိရသည်။

credit to Health Articles Timeline Photos ·

No comments: