Tuesday, April 02, 2013

သားတော် ရာဟုလာ ရဟန္တာဖြစ်တာ သာမဏေဘ၀နဲ့လား ရဟန်းဖြစ်မှလား

သားတော် ရာဟုလာ ရဟန္တာဖြစ်တာ သာမဏေဘ၀နဲ့လား ရဟန်းဖြစ်မှလား


ဒကာ။ ။သားတော်ရာဟုလာဟာအသက်အရွယ် ခုနစ်နှစ်သားမှစ၍ရှင်သာမဏေပြုသွားတာကိုတော့လူတိုင်း လိုပဲသိကြပါတယ် ။ဒါပေမဲ့ ရဟန္တာ အရှင်မြတ်ကြီးဖြစ်သွား တာကို တော့ ရှင်သာမဏေဘ၀နဲ့လား၊ ရဟန်းဘ၀ကျမှလား ဟု မကွဲမပြား ရှိနေကြလို့ ဖြေရှင်းပေးပါဦးဆရာတော်။


ဆရာ။ ။သားတော်ရာဟုလာနဲ့စပ်ပြီးတော့ မြတ်စွာ ဘုရားဟောကြားတော်မူတဲ့ ရာဟုလသုတ္တန်တွေဟာတော် တော်များတယ်၊ အဘိဏှ ရာဟုလောဝါဒသုတ်ကိုတော့ ရာဟုလာသာမဏေကလေးအသက် ၁၈နှစ်အရွယ်မှာ ရွှေ နန်းတော်ကြီးနဲ့ ဆွေမျိုးဉာတိမိခင်စွဲ ဂေဟသိတပေမ ဆန္ဒ ရာဂကို ပယ်ရှားနိုင်ရန် အသက် ၁၈နှစ်အရွယ်မှာ ဟောကြား တော်မူတယ်။ နောက် ရှင်ရာဟုလာ ရဟန်းဖြစ်စ ၀ါ,မရသေးတဲ့ အချိန်ကာ လမှာ အရဟတ္တဖိုလ်ကို ရယူကာ ရဟန္တာမထေရ်မြတ်ဖြစ်နိုင် ရေးအတွက် စူဠရာဟုလောဝါဒသုတ်ကို ဟောကြားချေချွတ် ဆုံးမတော်မူလျက်အရဟတ္တဖိုလ်သို့ ပေါက်ရောက်အောင် ပို့ဆောင်ဟောကြားတော်မူသောကြောင့်ရှင်ရာဟုလာဟာ ရဟန်းဖြစ်စ,၀ါမရမီကလေးမှာပဲ ရဟန္တာဖြစ်တော်မူတယ်လို့ မှတ်ယူရမယ်။


ဒကာ။ ။ခုလို ကွဲကွဲပြားပြားခြားခြားနားနားသိရတာ ကျေးဇူးတင်လှပါတယ် ဆရာတော်၊ဒီကိစ္စက ငြင်းကြခုံကြ လွန်းလို့ပါ။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: