ဝိပဿနာ ဆိုတာ
အရှိ နဲ့ အသိ ကိုက်အောင် လုပ်တာ ဝိပဿနာ။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ဝိပဿနာ။ ရှေ့ နာမ်ကို နောက်ဉာဏ် နဲ့ ရှုတာ ဝိပဿနာ။ ရှေ့ အသေကို နောက်အနေနဲ့ ရှုတာ ဝိပဿနာ။ ရှေ့က ဖြစ်ပျက်၊ နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ဝိပဿနာ။ အသေကို အရှင်ကကြည့် နေတာ ဝိပဿနာ။ အသေက ဖြစ်ပျက်၊အရှင်က မဂ်၊အပျက်နဲ့ မဂ် ကိုက်အောင် ရှုတာ ဝိပဿနာ။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ဝိပဿနာ။ ခန္ဓာမလို ချင်အောင် ရှုတာ ဝိပဿနာ။
(ကျေးဇူးရှင်မိုးကုတ်ဆရာတော် ဘုရားကြီး )
မိုးကုတ်ရောဂီလက်စွဲ စာအုပ်မှ —

No comments:
Post a Comment