ကွက်လပ် ဖြည့်ပါ(သို့)ရဟန်းသံဃာများနှင့်ဒကာ ဒကာမများ (ထီးချိုင့်တည် တောဆရာတော်)
မန္တလေးမြို့က မစိုးရိမ်ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ဒကါအြေ ကာင်းပါ။တစ်နေ့ အဲ့ဒီဒကာအိမ်ကို
သူ့မိတ်ဆွေတစ်ယောက်က ရောက်လာပြီး“ဟေ့ကောင် မင်းကတော့ မစားရက်မသောက်ရက်နဲ့စုပြီး
ကျောင်းတိုက်ကြီးလှူထားတာကွာ။အခုပဲ မင်းလှူထားတဲ့ ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ
သင်္ကန်းခါးတောင်းကျိုက်ပြီး ခြင်းခတ်နေတယ်။ဘယ်မြင်လို့မှ မကောင်းကွာ” ဆိုပြီး လာပြောသတဲ့။
အဲ့ဒါနဲ့ အဲ့ဒီဒကာကလည်း“ဟုတ်လားလာ ကျောင်းသွားရအောင်ကွာ” ဆိုပြီး သူ့သူငယ်ချင်းနဲ့အတူ
နှစ်ယောက်ကျောင်းကိုသွားကြသတဲ့။ကျောင်းရောက်တော သူ့သူငယ်ချင်းပြောတဲ့အတိုင်းပေါ့လေ။
ကျောင်းဝင်းထဲမှာဘုန်းကြီးတွေ ခြင်းခတ်နေတာကို တွေ့သတဲ့။အဲ့ဒါနဲ့ပဲ ဒကါလည်း သူ့သူငယ်ချင်းကို
“လာ ကျောင်းတိုက်ပေါ်ခဏတက်ဦး” ဆိုပြီးကျောင်းပေါ် ခေါ်သွားတယ်။
ကျောင်းပေါ်ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ကိုရင်တေ စာသင်တဲ့ဘုန်းတော်ကြီးတွေ တရားထိုင်နေ
တဲ့ ဘုန်းတော်ကြီးတွေအစရှိသဖြင့်ပေါ့။ဘုန်းကြီးတွေ ကိုရင်တွေကိုတွေ့သတဲ့။အဲ့ဒီအခါဒကါက သူ့သူ
ငယ်ချင်းဖက်ကိုလှည့်ပြီး“ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲလို့” မေးလိုက်ပါတယ်။သူ့သူငယ်ချင်း
ကလဲ “မင်းမတွေ့ဘူးလားဘုန်းကြီးငါးပါးခြင်းခတ်နေတာ။” ဒကါကထပ်ပြီးတော့ “ဟော့ဒီကျောင်းပေါ်မှာ
စာအံ စာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါးရှိမယ်ထင်သလဲ ”လို့ ထပ်မေးလိုက်ပါတယ်။သူ့
သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။”အဲ့ဒီအခါ ဒကါက“အေးဟုတ်တယ် မင်းအပြင်မှာ ခြင်း
ခတ်နေတာကိုပဲ မြင်တာ ကိုးကွ။အထဲလည်း ဝင်ကြည့်ပါဦး” လို့ပြောသတဲ့။
.......................................
အရှင်သူရိယ
ရဟန်းသံဃာနှင့် ပက်သတ်၍အရှင်သူရိယ ဆုံးမဪဝါဒပေးခဲ့သာလေးကို မှတ်မိသလောက်
သင်ပြရလျှင် …
တစ်ခါကတိုင်းတစ်ပါး၌ မိဘုရားကြီးသည် ဆဒန်ဆင်မင်း ဘုရားအလောင်းတော်၏ဆင်စွယ်ကို
နားတောင်းလုပ်ပန်ချင်သည်ဟူ၍ ဘုရင်မင်းကြီးအား လျှောက်ထားလေရာ မင်းကြီးက မုဆိုးအတတ်
ပညာ၌ အကျွမ်းကျင်ဆုံးသူကို ရှာစေပြီ ဆဒန်ဆင်မင်းအား အသတ်ခိုင်းလေသည်။မုဆိုးက ၇ရက်တိတိ
ဆဒန်ဆင်မင်း၏တစ်နေ့တာ သွားလာကျက်စား သည့်နေရာများကိုလေ့လာပြီးဆဒန်ဆင်မင်းရေချိုးပြီး
နားလေ့ရှိသော နေရာသို့ ဥမင်လှိုင်ခေါင်းတူး၍အစိမ့်လှူး လေးမြှားဖြင့် စောင့်၍နေ၏။ဆဒန်ဆင်မင်း
လည်းရေချိုပြီ နားလေ့ရှိသော နေရာတို့လာကာ နားလေသောအခါ မုဆိုးကြီးက အစိမ့်လှူးမြှားဖြင့်
ပြစ်လိုက်ရာ ဆဒန်ဆင်မင်း၏လည်ပင်းတို့သွား၍စိုက်လေ၏။ ထိုအခါ ဆဒန်ဆင်မင်း၏အပေါင်းအဖော်
များကရန်သူကို အပြေးအလွှာ လိုက်ရှာကြသည်။ ဆဒန်ဆင်မင်းမှာမှူမြှားကအောက်ဘက်က လာ၍
လည်ပင်းတို့စိုက်ရာ၏ ထို့ကြောင့်ရန်သူသည်အောက်မှာပင်ရှိရမည်ဟူ၍သိလေသောအခါ မြေကြီးကို
တဖုန်းဖုန်းရိုက်လိုက်လေရာ လှိုင်ခေါင်းပြို၍မုဆိုးအား ရှာတွေ့လေ၏။ထိုအခါဒေါသတကြီးနှင့် ဆဒန်
ဆင်မင်းက မုဆိုးအားသတ်ရန်လုပ်သောအခါမုဆိုးက မိဘုရားကြီးကအဆောင်အဖြင့် ပေးတော်မှူထား
သော ရဟန်းသင်္ကန်း အစကို ထောင်ပြလိုက်လေရာ ဆဒန်ဆင်မင်း၏ဒေါသသည် လျှပ်တပျက်ဆိုသ
လို ချက်ခြင်းပျောက်ကွယ်သွားလေသည်။
ထိုနောက် ဆဒန်ဆင်မင်းသည် မုဆိုးအား အကြောင်းရင်းမေး၍ သိလေသောအခါကိုယ်တော်တိုင်
အစွယ်ကိုဖြတ်စေ၍မုဆိုးအားပေးလေ၏။"ဆိုလိုရင်းက ရဟန်းသင်္ကန်းကို မြင်၍ကိုယ့်အသက်ကို
သတ်သူကိုပင်မသတ်ပဲ ကူညီ၍အသက်ပေးခဲ့လေသော ဆဒန်ဆင်မင်းကို စံနှမှူနာထား၍ဒကာ ဒကာမ
များအနေဖြင့် အချို့သော ရဟန်သံဃာများ၏ အမြင်မတော်သော အပြုအမှူများကို မေတ္တာရှေ့ထားပြီး
ပြောဆိုခွင့်လွတ်သင့်ကြောင်းနှင့်ရဟန်းသံဃာများ အနေဖြင့်လည်းသင်္ကန်းအစကို မြင်၍ ဒေါ်သငြိမ်
သွားလေသော ဆဒန်ဆင်မင်းကို နှလုံးမှု၍ ဝတ်ထားသောသင်္ကန်းနှင့် ထိုက်တန်အောင်သော်လည်း
ကောင်း၊ဒကာ ဒကာမများအကြည်အညိုမပြတ်ရလေအောင် သီလ သမာတိ ဖြင့် ကြိုးစားပြီးနေသင့်
ကြာင်း"ဆုံးမဪဝါဒ ပေးခဲ့လေသည်။ ..................................
ကွက်လပ်ဖြည့်ပါ
လူသားမှန်သမျှ သူတစ်ပါးအပေါ်အလွန်အပြစ်မြင်လွယ်ပါသည်။သူ့ကျေးဇူးကို သိသူကားအလွန်ရှားပါ
သည်။လူသားတို့သည်မိဘ၊ ဆရာ၊ ရဟန်းသံဃာများနှင့် ဆက်ဆံသောအခါ အပြစ်ကို မကြည့်ဘဲ ကျေး
ဇူးကိုကြည့်တတ်ဖို့ အလွန်လိုပါသည်။ထိုလိုသော အကွက်ကိုဖြည့်ရန်ဘုန်းကြီးတိုက်တွန်းပါသည်။
( ထီးချိုင့်တည်တောဆရာတော်ဘုရားကြီး)
No comments:
Post a Comment