ိဝိပဿနာအကျိုး လင်္ကာ
လက်ရှိခန္ဓာ၊မတွယ်တာနဲ့ နောင်လာဘ၀၊မတောင့်တဘဲ၊ ကြောင့်ကြဇွဲဖြင့် အမြဲမပြတ်၊ ၀ိပဿနာ လေ့လာကြိမ်ကြိမ်၊အာစိဏ္ဏကံ ဖြစ်ကြောင်းဖန်မူ၊ထိုသည့်သူကား အယူမလွဲ၊ ဂတိမြဲ၏။
မီးစွဲလောင်မှ၊ ရေကို တသော် မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍ မဂ္ဂင်သန္ဓေ၊ တည်နေမြဲအောင် မသေခင်က၊ ပြင်ဆင်တောက်လျှောက် မေ့မပျောက်နဲ့။ ချွေးပေါက်ယိုစီး၊ သေခါနီးဝယ် အပြီးမုချ၊ မဂ္ဂင်ရလိမ့်။
ကိစ္စမလျော်၊အကြောင်းပေါ်၍ မတော်တဆ၊မဂ်မရဦး ဘ၀အစွန်၊တမလွန်တွင် ထူးချွန်အံ့လောက်၊နတ်ပြည်ရောက်၍ မဖောက်မပြန်၊ သောတာပန်အစစ် ဧကန်ဖြစ်သည်၊မလစ်ဝိပဿနာ အကျိုးတည်း။
Credit To : မင်္ဂလာသတင်းစဉ် —

No comments:
Post a Comment