Wednesday, May 01, 2013

“သုန္ဒရီ ( တိတ္ထိအတွက် စတေးခံရသူ)”

“သုန္ဒရီ ( တိတ္ထိအတွက် စတေးခံရသူ)”


မြတ်စွာဘုရားသာဝတ္ထိပြည် ဇေတဝန်ကျောင်းမှ သတင်းသုံတော်မူစဉ် တိတ္တိတို့ဟာ လာဘ်လာဘ ဆုတ်ယုတ်လာလို့ ဗုဒ္ဓနှင့်သံဃာတော်များ အကြည်ညိုပျက်အော င် အမျိုးမျိုး လုပ်ဆောင်လာပါတယ်။


တိတ္ထိတို့ရဲ့ အကောက်ကြံ ဥာဏ်ဆင်ဖို့ရွေးချယ်ခံလိုက်ရသော သူမှာ သုန္ဒရီပရိဗိုဇ်မပဲဖြစ်ပါတယ်။သုန္ဒရီဟာ ချောမောလှပပေမယ့်တိတ္ထိ များနဲ့ ပူးပေါင်းမိ၍ ဘဝဇာတ်သိမ်းကားမလှခဲ့ပါ။


တိတ္ထိတို့ရဲ့ ညွှန်ကြားချက်အတိုင်း သုန္ဒရီ အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။ ဒီမလိမ့်တပတ် အောင်မြင်မှု ခဏတာကို တိတ္ထိတို့က ကျေနပ်ခဲ့ပြီး ပြုံးပျော်နေကြပါတယ်။


နှစ်ရက်၊သုံးရက် ကြာသောအခါ တိတ္ထိတို့သည် လူသတ်သမား တို့ကို ငှား၍သုန္ဒရီ ပရိဗိုဇ်မ ကိုသတ်ခိုင်းပါတယ်။ အလောင်းကို မြတ်ဗုဒ္ဓ နှင့် ရဟန်းသံဃာတော်များသီတင်းသုံးနေထိုင်သော ဇေတဝန်ကျောင်းတော်အနီး အမှိုက်ပုံ အနီးတွင် ပစ်ထားခိုင်းလိုက်ပါတယ်။


ထိုနောက် တိတ္ထိတို့က လုပ်ဇာတ်ခင်းကာက သူတို့ ရဲ့တပည့်မ သုန္ဒရီ ပရိဗိုဇ်မ ပျောက်နေသဖြင့် ဇေတဝန်ကျောင်းတော်အနီး ပတ်ဝန်းကျင် ရှာလိုကြောင်းကောသလမင်းကြီးထံ ခွင့်တောင်းကြပါတယ်။မင်းကြီးကလည်းခွင့်ပြု ခဲ့ပါတယ်။


ထိုအခါ တိတ္ထိတို့သည် ဇေတဝန်ကျောင်းတော်အနီး အမှိုက်ပုံ အနီးမှသုန္ဒရီ ပရိဗိုဇ်မ ရုပ်အလောင်းကိုညောင်စောင်းဖြင့် သယ်ယူ၍ကောသလ မင်းကြီးအားပြသပါတယ်။မင်းကြီးထံမှ တမြို့လုံးလှည့်လည် ပြသ ခွင့်တောင်းပါတယ်။မင်းကြီး ကလည်းခွင့်ပြုခဲ့ပါတယ်။


တိတ္ထိတို့က သုန္ဒရီ ပရိဗိုဇ်မ ရုပ်အလောင်းကို တစ်မြို့လုံးလှည်လည် ပြကြပါတယ်။ ရဟန်းဂေါတမနှင့် သူ၏တပည့် သာဝက များကသုန္ဒရီ ပရိဗိုဇ်မ ကို မတော်မတရားပြုကျင့်ပြီး သတ်ပစ်ခြင်းဖြစ်ကြောင်းဝါဒဖြန့်ကြပါတယ်။


ထိုအခါ သာဝတ္ထိ မြို့သူမြို့သားများ များစွာ စိတ်မချမ်းမသာ ဖြစ်ကြပါတယ်။ ဖြစ်ရပ်မှန်များကို ထာဝရ ဖုံးဖိထား၍မရပါ။အချိန်တန်ရင် သူ့ပင်ကိုယ်အတိုင်း ပေါ်လာရမြဲဖြစ်ပါတယ်။ သုန္ဒရီ ပရိဗိုဇ်မ လုပ်ကြံသတ်ဖြတ်မှုဟာ နောက်မကြာခင် အရက်သမားများအရက်မှုးရာမှ အမှန်အတိုင်း ပေါ်ပေါက်လာပါတော့တယ်။


ထိုအခါ ကောသလ မင်းကြီးအမိန့်အာဏာနဲ့ တိတ္ထိတို့ သာဝတ္ထိ တမြို့ လုံးလှည့်လည်၍သုန္ဒရီ ပရိဗိုဇ်မ လုပ်ကြံသတ်ဖြတ်မှုကိုကျုးလွန်ခဲ့သည်မှာ ရဟန်းဂေါတမနှင့် သူ၏တပည့် သာဝက များမဟုတ်ကြောင်း၊မိမိတို့ တိတ္ထိများသာ ဖြစ်ကြောင်းကြွေးကြော် ဝန်ခံကြရပြန်ပါတယ်။


တရားသဘောရ......... အကောက်ကြံ ရက်စက်မှု လုပ်နေသူများဟာ တစ်နေ့ အရှက်ကွဲ၊နောင်တ ရကာ ဘဝ ဇတ်သိမ်းမလှသည်မှာ သေချာပါတယ်။


No comments: