Wednesday, May 01, 2013

ကဆုန်လဘွဲ့

“ကဆုန်လဘွဲ့”


ထွန်းရောင်ခြည် ရွှန်းလှလေ။ သရေ၀န်းဝါ၊လစန္ဒာနှင့်၊ ၀ိသာခါစည့်၊ တူပြိုင်ပြည့်သား၊ သာသည့်အခါ၊ပြိဿရာဟု၊ မြညှာဖြူးဖြူး၊ ကွမ်းဖူးစကား၊ ကြိုင်သည်သားနှင့်၊ပျော်ပါးဖွယ်ချင်၊ သည်လတွင်၌၊ သာရွှင်ကြည်ထွေ၊ ပွဲညောင်ရေထက်၊ ထူးထွေရွှင်ပျော်၊ ညောင်ရေတော်ကို၊ နုမော်ဒနာ၊ ၀မ်းသာစိတ်သန်၊အပြန်ပြန်တည့်။ ဖန်ဖန်ကူမတောင်းရည်ဆောင် ။ ။မြဲဆုလေ။


ဝန်ကြီးပဒေသရာဇာ ပန်းချီ shwe soe han —


No comments: