Saturday, May 04, 2013

*တန်ခူးကဆုန် နေထက်ပိုပူတယ်*

**တန်ခူးကဆုန် နေထက်ပိုပူတယ်**


အားလုံးသတ္တ၀ါတွေ မီးဝိုင်းခံနေရတယ်၊ ၊သတိထားနေရင် တော့မီးလွတ်နေတယ်၊၊ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ ဘ၀သစ်ဖြစရတဲ့ ဇာတိမီး၊ ရင့်အိုရတဲ့ ဇရာမီး၊တွေဟာ စက္ကန့်တိုင်းအမြဲလောင် နေတယ်၊ မရဏမီးကလည်းရုပ်ရော နာမ်ရော သိစရာရော ၊သိတာရော အမြဲမပြတ်လောင်နေတယ်၊၊


(သောကမီး) သောကတွေကတော့မျိုးစုံပဲ။ (ပရိဒေ၀မီး) ငိုကြွေးရလို့ မျက်ရည် ပင်လယ်ဝေအောင်ကျ ခဲ့ရပေါင်းများပြီ။


တန်ခူးကဆုန်နေပူတာပြင်းထန်တယ်ဆိုပေမဲ့ မျက်ရည်ကျလောက်အောင်တော့အပူသေးပါဘူး..။ သောက ပရိဒေ၀မီးတွေကြောင့် မျက်ရည်တွေကျရတယ်၊ ဘယ်လောက်ပူလောင်သလဲ ကြည့်...၊ {*အပူငြိမ်းတဲ့တရားကတော့သတိပဲ*}ရှု့ရင် ရှု့ရင်းနဲ့ ကိုယ့်ကို မီးဝိုင်းနေတာကိုသိသွားရင် သိတ်တန်ဖိုးရှိတယ်၊မီးဆိုတာ တခြားကလာတာမဟုတ်ဘူး၊ကိုယ့်စိတ်ထဲကထွက်လာတာပါ..။


မိတ်ဆွေများလည်းဓမ္မအမြင်ရင့်သန်လာပြီးမိမိတို့၏အပူပျားရှိပါကငြိမ်းအောင် ကြိုးစားရ ယူနိုင်ကြပါစေ..။မေတ္တာဖြင့်


No comments: