Monday, May 06, 2013

ရင် ထဲ က အ ရ ဟံ။

ရင် ထဲ က အ ရ ဟံ။


သမထ ဘာဝနာ (၄ဝ)ထဲမှာ ဗုဒ္ဓါနုဿတိ ဂုဏ်တော်ဟာ အမြတ်ဆုံးပါတဲ့။ဂုဏ်တော်တွေထဲမှာလည်း အရဟံ ဂုဏ်တော်က အဓိက ပဓာနအကျဆုံးပါတဲ့။


ဒါကြောင့် အရဟံဂုဏ်တော်နဲ့ပတ်သက်လို့ လေ့လာထားသလောက်ကလေး "တရားအလှူ" ပြုသွားရအောင်ပါ။


အရဟံဂုဏ်တော်ရဲ့အနက်ကို နည်း(၃ )နည်း၊ နည်း(၅)နည်း စသည်ဖြင့် ပေးထားကြပါတယ်။ဒီမှာတော့ အားလုံးရဖူးတဲ့ အရဟံအနက်(၃)နည်းနဲ့ပဲ ကြည်ညို ပူဇော်သွားရအောင်ပါ။


အရဟံ = ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား။ အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။ အရဟံ = ဆိတ်ကွယ် ရာ အရပ်၌ပင် မ ကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။


အရဟံဂုဏ်တော်ရဲ့အကျိုးတွေကို ရှေးဆရာတော်ကြီးတွေက ဆောင် ပုဒ်ဆန်ဆန် စာစီပေးထားကြပါတယ်။


အရဟံဂုဏ် ပွားများထုံ ချမ်းသာ အကုန် ရပါသည်။


အရဟံဂုဏ် ပွားများထုံ ဘေးရန် အကုန် လုံပါသည်။


အရဟံဂုဏ် ပွားများထုံ နိဗ္ဗာန် အကုန် ရပါသည်။


အရဟံဂုဏ်တော်ပွားများရင် ချမ်းသာလည်းရပါတယ်။ ဘေးရန်လည်းလုံပါတယ်။ နိဗ္ဗာန်လည်းရပါတယ်။


ဆရာတော် ရ ဝေ နွယ် (အင်းမ)၏ "ရင် ထဲက အရဟံ" စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။အပြည့်အစုံကို ဆရာတော်၏ စာအုပ်တွင် ဖတ် ရှုနိုင်ကြပါသည်။


No comments: