Monday, May 06, 2013

ရဟန္တာဓာတ်တော် ဟူသည်။

ရဟန္တာဓာတ်တော် ဟူသည်။


ရဟန္တာဓာတ်တော်ဆိုတာ အရိုးတွေပါပဲ။ မြန်မာပြည်မှာတော့ ဓာတ်တော်ဆိုရင် ဘုရားဓာတ်တော်များလို အလုံးအလုံးကလေးတွေကို ဒီလိုအများက ထင်မြင်ယူဆ ပြောဆိုနေကြတယ်။


အမှန်မှာတော့ ဒီလို မဟုတ်ပါဘူး။ဘုရားဓာတ်တော်များသာ မြတ်စွာဘုရား၏အဓိဋ္ဌာန်ကြောင့် အလုံးအလုံးကလေးတွေ ဖြစ်ကြတာပါ။


ရဟန္တာများ၏ဓာတ်တော်များက တော့ ပကတိ အရိုးအတိုင်းပါပဲ။ ဘာကြောင့် ဒီလို သိသလဲ ဆိုရင် ဘုန်းကြီးတို့ အိန္ဒိယနိုင် ငံ ကာလကတ္တားမြိဲု့ကိုသီးသန့်လေယာဉ်ဖြင့် သွားပြီး အရှင် သာရိပုတ္တရာ၊အရှင် မောဂ္ဂလာန် တို့၏ဓာတ်တော်များကိ ပင့်ဆောင် စဉ် အခါတုန်းက ဓာတ်တော်တိုက်ထဲမှာ အရှင် သာရိပုတ္တရာ၊အရှင် မောဂ္ဂလာန် တို့၏ဓာတ်တော်များကိုထင် ရှားတွေ့ခဲ့ရပါတယ်။


ပကတိ အရိုးအတိုင်းပါပဲ။အ ရောင်အဆင်းက ဖြူဖွေးနေတယ်။ ပုံသဏ္ဍာန် ကတော့ လက်ဆစ် အရိုးကလေးဟာ လက်ဆစ် ကလေးများအတိုင်းပါပဲ။အစွန်းနှစ်ဖက် အဆစ်နေရာများက ကြီးပြီး ခါးလယ်က သေးနေတယ်။


အဲဒီ အရှင် သာရိပုတ္တရာ၊ အရှင် မောဂ္ဂလန်တို့၏ ဓာတ်တော်များတောင် ပကတိ အရိုးအတိုင်းရှိနေတယ်ဆိုတော့ ဒိပြင် ရဟန္တာများ၏ဓာတ်တော်များဟာလည်း သံသယဖြစ်ဖွယ်မရှိပါဘူး။ ဒါကြောင့် ယခု မြန်မာပြည်မှာ ရိုသေလေးစားအပ်တဲ့ ဆရာတော်တစ်ပါး ပျံတော်မူလို့ မီးသင်္ဂြိုဟ်တဲ့အခါကျောက်ခဲလုံး ကလေးများလို ဓာတ်တော်များကျတယ် ဆိုတာကို ချင့်ပြီးယုံကြဖို့ပါပဲ။


ကျေးဇူးတော်ရှင်မဟာစည်ဆရာတော် ဘုရားကြီး။


မင်းနန်(မော်ကျွန်း)၏ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။


ဓမ္မ မိတ်ဆွေများ ဓမ္မသုတများတိုးပွားနိုင်ကြပါစေ။ —


No comments: