ုရုပ်တရား၌ ၀ိပဿနာ ပွားနည်း
ဆရာ။ ။အဲသည် ရုပ်သဘောကို စွဲယူမှတ်သားပွားများနေ ရမည်ဆိုတာက၊ ယင်းဖြစ် ပျက်ပြောင်းလဲ ဖောက်ပြန်မှုသ ဘောကလေးတွေကို ဉာဏ်နဲ့ ကိုယ်ခန္ဓာထဲမှာ စေစားစူးစိုက် ပြီး ကြည့်လိုက်မှတ်လိုက်ရင် ဖောက်ပြန်ပြောင်းလဲမှု အမျိုးမျိုး တွေ သိသိတွေ့တွေ့နေတာကိုပဲ ရှုတယ် ၀ိပဿနာတရား ပွားများနေတယ်လို့ခေါ်တယ် ဆိုတယ်၊ဒါပဲ။
ရုပ်ဖောက်ပြန်ပုံ ရုပ် ဖောက်ပြန်ပြောင်းလဲတယ် ဆိုတာကတော့ ကောင်းရာက ညောင်းလာတယ်၊ ဖောင်းရာက ပိန်သွားတယ်၊ ချောင်းဆိုး တယ်၊ ပူတယ်၊ အေးတယ်၊ယားတယ်၊စားတယ်၊ ထုံတယ်၊ ကျင်တယ်၊ကျပ်တယ်၊ တက်တယ်၊ ထိုင်တယ်၊ ထတယ်၊ ကွေးတယ်၊ ဆန့်တယ်၊ လှုပ်တယ်၊ ငြိမ်တယ်၊ ယိမ်းတယ်၊ ယိုင်တယ်၊မြှောက်တယ်၊ချတယ်၊ လေးတယ်၊ပိတယ်၊ ကျင်ကြီးကျင်ငယ်စွန့်တယ်၊လွန့်တယ်၊လူးတယ် စတဲ့ သဘောတွေဟာ ရုပ်ရဲ့ဖောက်ပြန်ပြောင်းလဲမှု သဘော တွေချည်းပဲ၊အဲဒီလို အမျိုးမျိုးဖြစ်ပေါ်ဖြစ်ပေါ်လာသမျှတွေ ဟာ ငါမဟုတ် ဘူး၊ငါ့ဟာလည်းမဟုတ်ဘူး၊ငါဖောက်ပြန် နေတာလည်းမဟုတ်ဘူး၊ရုပ်သဘောသက်သက်တွေသာ ဖြစ်ပျက်ဖောက်ပြန်နေတာပဲလို့ တထစ်ချယုံကြည်စွာနဲ့ သိ မှတ် စူးစိုက်ပွားများနေရမှာ ဖြစ်တယ်။ ကဲ… ခုပဲ ဒကာကြီးတို့ လက်တွေ့ငါးမိနစ်လောက် ကာယ ထဲမှာစိုက်ပြီးလိုက်မှတ်ပွား များကြည့်ပါ၊ပေါ်သမျှ အာရုံ တွေဟာ သိပျက်သိပျက်နဲ့သွားနေပုံကို မုချတွေ့ရမှာပဲ၊ ကိုယ်ကာယထဲ စိုက်မှတ်ကြည့်လိုက်စမ်း၊ (ဒကာကြီးတို့ စာအုပ်ကို ခဏချထားပြီးမှတ်ကြည့် လိုက်စမ်းပါလေ) လက်တွေ့လုပ်တာ ကောင်းပါတယ်။
ခဏိကသမာဓိ ဖြစ်ပေါ်ပုံ အဲ ဒီလိုမှတ်ပွားများလိုက်တော့ တစ်ခါသိ တစ်ခါပျက်ပုံ တွေကို အမှန်မုချတွေ့လာရတယ်၊ ဒီလို သိသိ၊သိသိနဲ့ သိသိနေတဲ့ အသိစိတ်တွေဟာ သိန်းသန်းကုဋေ အဆက် မပြတ် အဟောင်းပျက် အသစ်ဖြစ်နဲ့ချည်းခဏပေါင်းများစွာ လိုက်လိုက်နေတာကိုပင် တစ်ခါသိလိုက် တာဟာ တစ်ခဏ ပဲ၊ အဲဒီတစ်ခဏမှာ တည်နေတဲ့ စိတ်သမာဓိဟာ ခဏိကသ မာဓိပဲ၊ သည် နည်းအရ ခဏတိုင်းခဏတိုင်းအစဉ်မပြတ် ကြားမလပ်စေဘဲ တရစပ် သိမှတ်စူးစိုက် လိုက်သိနေတဲ့ သိမှုကလေးတွေ မမေ့ဘဲနဲ့ တစ်ခဏအပေါ်မှာ တည်တံ့မှု သဘောကလေးကို ပင်ဝိပဿနာရဲ့ခဏိကသမာဓိလို့ ခေါ်တယ် ဒကာကြီးတို့ရ၊ ကဲ….ခဏိကသမာဓိသဘော နှီးနှောမိရောပေါ့။ ဒကာ။။ အမိန့်ရှိတဲ့အတိုင်း ခဏိက၀ိပဿနာဉာဏ်ရဲ့ သဘောမှန်ကို နှီးနှောမိပါပြီ ဆရာတော်၊ နားထောင်လျက် ပါ၊ ဆက်လက်မိန့်ကြားပါဦးဘုရား။
ဗုဒ္ဓဘာသာစစ်- မစစ် ပြပုံ ဆရာ။ ။အင်း… ဗုဒ္ဓဘာသာ အစစ်ဖြစ်သူတိုင်းယင်းခဏိက သမာဓိ ဘာဝနာတရားကို ပွားများအားထုတ်ရမည်ချည်းလို့ သာ မှတ်ပေတော့၊ အဲသည် ၀ိပဿနာတရားအားမထုတ် ရ သေးရင် ငါဟာ ဘုရားရှင့်သာသနာတော်နဲ့တွေ့တဲ့ ဗုဒ္ဓဘာ သာဝင် အစစ်မဟုတ်သေးဘူး၊အတုအယောင် ဗုဒ္ဓဘာသာ ဟု ကိုယ့်ဟာကို ဆုံးဖြတ်ပေတော့။
စရဏနဲ့ ၀ိဇ္ဇာတရားခြားနားပုံများ ဘုရား မပွင့် မရှိတဲ့ သာသနာပအခါမှာ ၀ိဇ္ဇာဉာဏ်လုပ်ငန်း ဆိုတဲ့ ၀ိပဿနာတရား မရှိဘူး၊သင်္ချိုင်းကုန်းသွားလမ်းဖြစ် တဲ့ ဒါနသီလ သမထ ဆိုတဲ့ စရဏတရားလုပ်ငန် တစ်ခု တည်းပဲရှိတယ်၊ဗုဒ္ဓဘုရားက အို၊နာ၊ သေ ဒုက္ခ၀ဋ်မှ မုချ လွတ်တဲ့ ပရမတ်အာရုံ ၀ိပဿနာတရားကို ကမ္ဘာသားတို့ ပွားများကျင့်ကြံအားထုတ်နိုင်ကြဖို့သာသနာတော်မြတ် ပဋိပတ်လုပ်ငန်းကို တည်ထောင်ပေးတော်မူခဲ့တာ၊ ပညတ် ကသာသနာတရားသင်္ချိုင်းကုန်းသွားတာ၊ ပရမတ်က သာ သနာတွင်းတရား နိဗ္ဗာန်သွားတာ ဒကာကြီးတို့ရ၊ဗုဒ္ဓပွင့်လာ မှ ဒါန၊ သီလ၊သမထတို့ကလည်းဝိပဿနာနဲ့ တွဲပြီး နိဗ္ဗာန်ထဲ အရောက်ပို့နိုင်တာ ဖြစ်တယ်။ ဒကာ။။ ရုပ်၊ ပရမတ်ရဲ့အကြောင်းရူပက္ခန္ဓာ၏ဓမ္ဓသဘာဝ ဖြစ်စဉ် အမှန်ဖောက်ပြန် ပြောင်းလဲ မခိုင်မြဲပုံများကိုတော့ သ ဘောပေါက်ပါပြီ ဆရာတော်၊ နာမ်ပရမတ်ရဲ့သဘောမှန်ကို ဒကာကြီးတို့ဉာဏ်နဲ့ ဘယ်လိုစွဲယူကြံစည် သိမှတ်ပွားများ အောက်မေ့မှုများ ပြု လုပ်ရမှာလဲ၊ ဒကာကြီးတို့နားလည် ကွဲပြားအောင် ရှင်းလင်းမိန့်ကြားပါဦး ဆရာတော်။
နာမ်ပရမတ် သဘောကွဲမှတ်ပုံ ဆရာ။ ။အင်း… ခုမေးလိုက်တဲ့ ပုစ္ဆာဟာ အလွန်အဖိုးထိုက် တန်ပြီးမိမိလုပ်ဖွယ်ကိစ္စမ ကြွင်းကျန်ဖို့အတွက် အကွက်ဆိုက် တဲ့မေးခွန်းတစ်ရပ်ပဲ ဒကာကြီးတို့ရေ၊ ကဲ….နားလည်ကွဲ ပြား အောင် စကားမရှည်ဘဲ တိုတိုစိစိနဲ့ တိတိကျကျကလေး သင် ပြပေးလိုက်မယ်၊နားစိုက်ပေတော့၊ လိုရင်းသိမှတ် လိုက်နာ စရာ နာမ်ပရမတ်တရားက ခန္ဓာအစုနဲ့ ခွဲလိုက်ရင် မျိုးကွဲ လေးပါး ရှိတယ် ဒကာကြီးတို့ရဲ့။ ၁။ ဝေဒနာက္ခန္ဓာ = အာရုံကို ခံစားခြင်းသဘောတရား အစု၊ ခံစားပြီး ပျက်သွားတဲ့ခဏ တစ်ခုပဲ။ ၂။ သညာက္ခန္ဓာ = အာရုံကို မှတ်သားခြင်း သဘောတရားအစု၊ မှတ်သားပြီးပျက်သွားတဲ့ ခဏ တစ်ခုပဲ။ ၃။ သင်္ခါရက္ခန္ဓာ = အာရုံ၌အလုပ်ကိစ္စ ကံမြောက်အောင် ကြိုးစားဆောင်ရွက် အောက်မေ့စေ့ဆော်တိုက်တွန်း စီရင်ပြုပြင်မှု တရားစု၊ ပေါ်ပြီးပျက်သွားတဲ့ ခဏ တစ်ခုပဲ။ ၄။ ၀ိညာဏက္ခန္ဓာ = အာရုံကို သိမှုသဘောစု၊ သိပြီး ပျက်သွားတဲ့ ခဏတစ်ခုပဲ။ အဲသည် နာမ်ခန္ဓာလေးပါးဟာလည်း ဆွဲထုတ်ဆုပ်ကိုင်ပြလို့ ရတာ မျိုးမဟုတ်ဘူး၊ ပရမတ်ဆိုတာ ပညတ်လို အပြား၊ အလုံး၊ အတုံး၊ အခဲ ဒြပ်အနေနဲ့ ပြလို့မရနိုင်ဘူး၊ သူ့ဖြစ်စဉ် ခံစားမှု၊ မှတ်သားမှု၊ ပြုလုပ်မှု၊ သိမှု အမှန်သဘော လက္ခဏာကလေးတွေကိုသာ စိတ် ဉာဏ်နဲ့ သိမှတ်ရှုမြင်တတ်အောင် သင်ပြပြောဆိုရတာမျိုး ဖြစ်တယ် လို့ ပြောခဲ့ပြီးပြီလေ။ ကဲ… ဒကာကြီးတို့ နာမ်ခန္ဓာလေးပါးရဲ့ဖြစ်စဉ်သဘောတရား အမှတ်လက္ခဏာ မျိုးကွဲ များကို ဒကာကြီးတို့ရဲ့ စိတ်ဉာဏ်နဲ့ စေစားရှုမှတ်တတ်လောက်ရောပေါ့၊ မဂ္ဂင်ရှစ်ပါးလည်းဒကာကြီး တို့ ဉာဏ်နားထဲမိအောင်တိုတိုတိတိ စေ့စေ့ငငနဲ့ ထုတ်ဆောင် ရှင်းပြပြီးပြီ၊တော် လောက်ရောပေါ့။ ဒကာ။။ မှန်ပါ့၊ကျေးဇူးတင်လိုက်တာ ဆရာတော်၊ မဂ္ဂင်ရှစ်ပါးက ခွဲထွက်သွားတဲ့ ပညတ်အာရုံ သမထသက်သက် ဈာန်လမ်းတက် နည်းကျင့်စဉ်တွေရော၊အိုနာသေမှလွတ် ထွက်ရာ ၀ိပဿနာ အလုပ် ရုပ်၊နာမ် ပရမတ်တို့ သဘောလက္ခဏာတွေကိုပါ ကြားနာ မှတ်သား ရတာ ဒကာကြီးတို့ဘ၀အဖို့သာသနာတော်နဲ့ တွေ့ရ ကျိုးနပ်လှပါပြီ၊ခန္ဓာငါးပါးသင်္ချိုင်းကုန်းသွားလမ်းမှ လွှဲထွက်ရာစခန်း ၀ိပဿနာလုပ်ငန်းကိုတက်လှမ်းလုပ်ကိုင်တတ်ရုံလောက် ထပ်မံ နားလည်အလွယ်ဆုံးနည်းနဲ့ တိုတိုတိတိကလေး ထိမိသွားအောင် ထောက်ပြ သင်ကြားပေးပါဦးဆရာတော်။
ကိုလိုနီ စကားပုံတစ်ခု ဆရာ။ ။အင်း.. နယ်ချဲ့ကိုလိုနီစကားပုံ တစ်ခုရှိတယ်၊ ဒကာကြီးတို့ မှတ်ချင်ရင် မှတ်ထားပေါ့။ သူ့ကိုသနားရင် ပေါင်မုန့်သွားမပေးနဲ့၊ ပေါင်မုန့်ပေးရင် ထောပတ်ကို ထပ်တောင်းလိမ့် မယ်တဲ့ ၊ ကဲ… လေ၊ ထားပါတော့။ ဗုဒ္ဓသာသနာကတော့ သူ့ကိုသနားရင် ဆင်းရဲဒုက္ခတွေကို အမြင်မှန် ရအောင် သိအောင် မြင်အောင် ဟောပြပြီးနိဗ္ဗာန်လမ်းမကြီးကိုသာ အမြန်ဆုံးညွှန်ကြားပေးလိုက်ပါတဲ့။ ဒါကြောင့် ဒကာကြီးတို့ လိုချင်တောင့်တတဲ့ နိဗ္ဗာန်ကိုလိုချ င်သွားချင်၊ ရောက်ချင်၊ ခံစားချင်ရင် နောက်ကပြောပြပြီးသား မဂ္ဂင်ရှစ်ပါးထဲက နံပါတ် ၃-၄-၅ သီလမဂ္ဂင်တရားသုံးပါးကို ရိုသေလုံခြုံလိုက်နာ စောင့် ထိန်းကျင့်သုံးရမည်၊ စင်ကြယ် သန့်ရှင်းတဲ့ သီလမဂ္ဂင်အခင်းအေ ပ်ါမှာ တက်ထိုင်ပြီး နိဗ္ဗာန်လမ်းသွားရထားကြီးဖြစ်တဲ့ မဂ္ဂင်ငါးပါးနဲ့ ၀ိပဿနာ တရားကို ပွားများရှုမှတ် မောင်းနှင်သွားရမှာ ဖြစ်တယ်။
ဗုဒ္ဓ၀ါဒသည် လက်ဝေခံ သူတောင်းစားဝါဒ မဟုတ် ဗုဒ္ဓဘာသာတရားတော်ကသူတကာ စီမံဖန်ဆင်းပေးက မ်းသမျှကို အားကိုးယုံကြည်ကာ တောင်းခံရယူ စားသုံးနေရတဲ့ လက်ဝေခံ သူတောင်းစားဝါဒမျိုး မဟုတ်ဘူးနော်၊ ဒါအမှန်ပဲ၊ ပယ်စရာမလိုဘူး။ ကိုယ့်လုပ်ခ ကိုယ်ခံစားရမည့်ဝီရိယာဓိပတိဗိုလ်ကြီးနဲ့ အုပ်စိုးတဲ့ မနားမနေကြိုးစားလုပ်ကိုင်ရမည့် အလုပ်သမားဝါဒ(ကမ္မ၀ါဒ) အစစ်ဖြစ်တယ်၊ အလုပ်မလုပ်ဘဲ အပျင်းထူနေရင်တော့ ဆင်းရဲဒုက္ခ ရမှာ မုချသေချာတယ်လို့မှတ်ပါ၊ငတ်ပေါက်တော့ ဧကန်ပဲ၊ ဗုဒ္ဓကို အားကိုးမနေနဲ့၊ဗုဒ္ဓခိုင်းတာကို ကြိုးစားပြီး လုပ်ရမှာသာဖြစ်တ ယ်။
ဒကာ။။ မှန်ပါတယ် ဆရာတော်၊ မဂ္ဂင်ရှစ်ပါးမှာ မိန့်ကြားခဲ့တဲ့ အလုပ် သမားဝါဒ၀င် နံပါတ် ၆သမ္မာဝါယာမ မဂ္ဂင်ရဲ့ သဘောသွားကိုလည်း ရိပ်စားမိရင်းစွဲ ဖြစ်ပါတယ်၊ ဒါကြောင့် ကိုယ်လိုချင်တဲ့ သုခချမ်းသာကို ရယူခံစံဖို့ ကြိုးစားအားထုတ်ရန် အသင့်ပြင်ပြီးသားမို့ ၀ိပဿနာလုပ်ငန်း နိဗ္ဗာန်လမ်းမြေပုံကိုသာ ရေးဆွဲထောက်ပြ ညွှန်ကြားတော်မူပါဆရာတော်။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment