Monday, May 06, 2013

သင်္ချိုင်းကုန်းအဖော်ခေါ်သူ သိဒ္ဓိရှင်များ

သင်္ချိုင်းကုန်းအဖော်ခေါ်သူ သိဒ္ဓိရှင်များ


ဒကာ။။ မှန်ပါတယ် ဆရာတော်၊ ဒါ ကြောင့်မို့ ဒကာကြီးတို့ ကလည်း(အော်..အမှန်ကိုမြင်တဲ့ ဒိဗ္ဗစက္ခုသစ္စာရှင်ဆရာ ကြီးတွေ ဖြစ်နေကြပါပကောလို့)အံ့သြကြည်ညိုလာရင်းက သင်္ချိုင်းကုန်းသွားဖို့ အဖော်ခေါ်စည်းရုံးနေတဲ့ သိဒ္ဓိရှင်ကြီး တွေနဲ့ နှိုင်းစားလိုစိတ်ဖြစ်ပေါ်လာလို့ စကားရှည်မိတာပါ ဆရာတော်၊ ဆက်လက်မိန့်ကြားပါဦးဘုရား။ ဆရာ။ ။အင်း….ပြောကောင်းတုန်းဒကာကြီးတို့က ကြား ၀င်ညှပ်တော့ စကားလက်စ ပြတ် ပြတ်သွားတယ်၊ ကဲ… နားထောင်မှတ်သားဦး။


ဗုဒ္ဓဘာသာအစစ်တို့၏မဂ်ပေါက်ဖိုလ်ဝင်ပုံ အဲဒီလို မြင်ရတွေ့ရတဲ့ ဒိဗ္ဗစက္ခုပိုင်ရှင်က လောကကြီးတစ်ခု လုံးမှာ ဖြစ်ပေါ်ဖြစ်ပေါ်လာ တဲ့ဆင်းရဲဒုက္ခ ဟူသမျှတွေဟာ ငါကိုယ်တိုင်က (သာယာခင်မင် လိုချင်တပ်မက် နှစ်သက် ဆာလောင် စွဲလမ်းကာ)ဖြစ်ချင် ဖြစ်ချင်နေလို့သာ ဖြစ်ပေါ် ဖြစ်ပေါ်လာရတာတွေပဲ…ဟု အသိအမှန် သမုဒယသစ္စဉာဏ် ပေါ်ကာ လောကသုံးပါးအတွင်းဖြစ်ဖြစ်သမျှ ဆင်းရဲဒုက္ခ သက်သက်ပဲ….ဟု တထစ်ချ ပုံသေစွဲယူ ဆုံးဖြတ်ပိုင်းခြား မှတ်သားလိုက်တော့တယ်။ ယင်းအတိုင်း ဒုက္ခသစ္စာတွေအမှန်ပဲ….ဟု ပိုင်းခြားဆုံးဖြတ် မှုပြုလိုက်သည်နှင့် တစ်ပြိုင်နက် ဖြစ်ပျက်ဆင်းရဲလောက ဘုံဘ၀အပေါ်၌သာယာခင်မင် လိုချင်တပ်မက် ဆာလောင် မှု တဏှာ သမုဒယသစ္စာအငယ်စားနှင့်အတူ ဘ၀ကို မပြတ်၊ မစဲနိုင်ဘဲ ထပ်တလဲလဲ အစွဲကြီး စွဲလမ်းရယူလိုမှု ဥပါဒါန်ခေါ် တဲ့ သမုဒယသစ္စာ တဏှာ အကြီးစားတို့ပါကွယ်ပျောက်ချုပ် ငြိမ်းကာ ချမ်းသာတကာတို့တွင် အတုမရှိ ချမ်းသာပြီး အလွန့် အလွန် ငြိမ်းချမ်းအေးမြတဲ့ သန္တိသုခ အရသာတစ်ခုကို သော တာပတ္တိမဂ်ဖိုလ်တို့ကမျက်မှောက်ပြု ခံစားလိုက်လေသတည်း ….တဲ့၊ဒကာကြီးတို့ရဲ့၊ကဲ… နိဗ္ဗာန်ကို မျက်မှောက်ပြုသိမြင် သွားပြီနော်။ ဒကာ။။ မှန်ပါ့၊တန်ဖိုးရှိတဲ့ မှတ်သားစရာတွေမို့မချို့တဲ့ရအောင်


အမြဲနားစိုက်ထောင် လျက်ပါဆရာတော်၊ဆက်လက်မိန့်ကြား ပါဦးဘုရား။ ဆရာ။ ။အဲသည်လို ဒုက္ခသစ္စာကို အမြဲပေးနေတဲ့ ဘ၀ရဲ့သာ ယာမှု သမုဒယသစ္စာ လောဘတဏှာ ကိလေသာတို့ဟာ ဘာ ကြောင့် ချုပ်ငြိမ်းသွားရသလဲလို့ စိစစ်စဉ်းစား စိတ်ညွတ်သွားနေ တဲ့ ဒိဗ္ဗစက္ခု အဘိညာဉ်ပိုင်ရှင်ဟာ မိမိကိုယ်တိုင်ကိုင်ဆွဲ သတ် ဖြတ်ဖျက်ဆီး လာနိုင်ခဲ့တဲ့ မဂ္ဂင်ရှစ်ပါးလက်နက်ကြီးများကြောင့် သာဆိုတာကို သူကိုယ်တိုင်တွေ့မြင်ယုံကြည်ကာ ဗုဒ္ဓသာသနာ တော်မြတ်ကို မတုန်မလှုပ်ကြည်ညိုလာပြန်တယ်တဲ့၊ခု ဘ၀ သောတာပန်ကစပြီး ပရိနိဗ္ဗာန်ဝင်စံသောဘ၀အထိ သရဏဂုံ သုံးပါးကို အမြဲကပ်၍တစ်ပါးတည်းဆောင်ယူသွားကာ သြပနေ ယျိကဂုဏ်နှင့် ပြည့်စုံသွားပြီတဲ့ ဒကာကြီးတို့ရ။


မဂ္ဂသစ္စာ အစစ်အမှန်တရားဖြစ်ပုံ ကဲ… ခုပြဆိုဆွေးနွေးသင်ပြပေးသွားတာတွေဟာ သောတာ ပတ္တိမဂ်ဉာဏ်စတဲ့မဂ်စိတ်လေးပါး ဖြစ်တိုင်းဖြစ်တိုင်း အတူတူဖြစ် သွားကြတဲ့ မဂ္ဂင်ရှစ်ပါးမဂ္ဂသစ္စာ အစစ်အမှန်တရားများပင်ဖြစ်တယ် မှန်တယ်လို့သာ မှတ်ပေတော့ ဒကာကြီးတို့ရေ့၊ယင်း… မဂ်လေးပါးက လောကုတ္တရာကုသိုလ်စိတ်များဖြစ်တယ်၊ မဂ်စိတ်ဆိုတာ တစ်မဂ်မှာ တစ်ကြိမ် တစ်ချက်သာ ဖြစ်တာ၊ နောက် ထပ်မဖြစ်ကောင်းတော့ဘူး၊မဂ်စိတ်ပြီးရင် တစ်ဆက်တည်း ဖိုလ် စိတ်ဖြစ်တာ ပဲ။ ဒကာ။။ မှန်ပါ့၊ဒကာကြီးလည်း မင်္ဂလသုတ်ကို ကလေးဘ၀ထဲက သင်ကြားခဲ့ဖူးပါ တယ်။ နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။ နိဗ္ဗာန်မျက်မှောက်ပြုပုံ မင်္ဂလာစကားမျိုးကိုသည်လို တိုတိုစိစိက လေးနဲ့ ထိထိမိမိ ရှင်းရှင်းလင်း ထင်းခနဲ ၀င်းခနဲ ပေါ်ပေါ်လာအောင် မဂ်စိတ်လေးပါး၌ဖြစ်သော မဂ္ဂင်ရှစ်ပါး မဂ္ဂ သစ္စာ အစစ်အမှန်တရား စကားများကို ခုမှပဲ ကျေကျေနပ်နပ် နာကြားဆွေးနွေးမေးမြန်း သိရှိရ လို့ ဒကာကြီးတို့ရဲ့ဘ၀တာမှာ အတိုင်းမသိ ကျေးဇူးရှိ ၀မ်းသာလှပါ တယ် ဆရာတော်၊ဆက်လက်မိန့်ကြားပါဦးဘုရား၊မဂ်၊ဖိုလ်၊ နိဗ္ဗာန် တရားများကို……. ဆရာ။ ။အင်း… မဂ်စိတ်လေးပါးထဲကနောက်ဆုံးဖြစ်တဲ့ အရဟတ္တ မဂ်ဉာဏ်က ၁၅၀၀ကိလေသာမီးယိုစီးလောင်ကျွမ်းနေတဲ့ အာသ ၀လောင်စာ တရားဆိုးတွေကို တစ်ချက်တည်းငြိမ်းသတ်ပစ်လိုက် တယ်၊ အာသ၀က္ခယဉာဏ် ရသွားပြီ။ အဲသည် အာသ၀က္ခယဉာဏ် ပိုင်ရှင် ရဟန္တာအရှင်မြတ်သည် မိမိ ကိုယ်တိုင် ဤသို့ဤပုံ ရောက်ရောက်တက်တက်လာတဲ့ မဂ်ဖိုလ် ရဲ့ အဆင့် ဂုဏ်ရည်များကိုလည်း ခွဲခြားပိုင်ပိုင် သိနိုင်တယ်။ တေဘူမက ဒုက္ခကုန်ဆုံးဘ၀၏လက်စတုံးရာများကိုလည်း သိနိုင် တယ်တဲ့၊ ခုပြောခဲ့တဲ့ စကားရဲ့အဖြေအစဉ်တွေဟာ သမထဘာဝ နာသမာဓိမဂ္ဂင် လုပ်ငန်းစဉ် ဒိဗ္ဗစက္ခုအဘိညာဉ်တစ်ခုကို အခြေပြု ကာ နည်းယူစရာ တိုတိုကျဉ်းကျဉ်းနဲ့ လိုရင်းကျကျ အနှစ်သာရ တွေ ချည်းပြောပြပေးမည်လို့ဝန်ခံချက်ပြုခဲ့တဲ့အတိုင်း သင်္ချိုင်းကုန်းမှ


ကျွတ်လွတ်ရာ မဂ်ပေါက်ဖိုလ်မြောက် နိဗ္ဗာန်ရောက်လိုသူ ဗုဒ္ဓဘာ သာဝင်အစစ်တို့၏ထွက်ရပ်ပေါက် လမ်းစဉ် ပါပဲ ဒကာကြီးတို့လည်း နားလည်လောက်ပါပြီ။


ဖြောင့်ဖြောင့်တန်းတန်း တစ်လမ်းသွားအကျင့်မြတ် ဒကာ။။ သမ္မာသမာဓိမဂ္ဂင်ထဲကခွဲထွက်လာတဲ့ သမထဘာဝနာ သမာဓိ အခြေခံ လောကီဈာန် အဘိညာဉ် မဟဂ္ဂုတ်ကုသိုလ် စေ တနာကံကြောင့်ရရှိခံစားခွင့်အကျိုးဒိဗ္ဗစက္ခု စတဲ့ တန်ခိုးသိဒ္ဓိများ စွာတို့ကို ဆရာတော်ရှင်းပြမှပဲ နိဗ္ဗာန်အထိ ထင်လင်းသဲကွဲကာ အ ရေလည် လာတော့တယ် ဘုရား။ ဒါပေမယ့် လုပ်တိုင်းကုန်းနဲ့ နိဗ္ဗာန် လမ်းနှစ်တန်ခွနေတဲ့ သည်သမ ထဘာဝနာ ဈာနသမာဓိ လုပ်ထုံးက သင်္ချိုင်းကုန်းဘက်ကိုသာ အထွက်အသွား အစွဲများပြီး နိဗ္ဗာန်လမ်းစခန်းကျတော့ ဖြောင့်တန်း စွာ သွားသူနည်းပါးတယ်ဆိုတော့ကာ မဂ်ဖိုလ် နိဗ္ဗာန်စခန်း တစ် လမ်းသွားသက်သက်ကိုပဲ ညွှန်ပြပြောကြားစေချင်ပါတယ် ဆရာတော်။


တစ်လမ်းသွား နိဗ္ဗာန်စခန်းထွက်ပေါက်ညွှန်းတမ်း ဆရာ။ ။အင်း… သင်္ချိုင်းကုန်းလွတ်ရာ ဧကာယနမဂ္ဂေါ တစ် ကြောင်းတည်းသော ခရီးလမ်းကတော့ ၀ိပဿနာဘ၀နာသ မာဓိစခန်းတစ်ခုပဲရှိတယ် ဒကာကြီးတို့။ အဲဒီ ၀ိပဿနာ သမာဓိလုပ်ငန်းနဲ့ကွန်းခိုပြီးကိုယ်လိုချင်တဲ့ သင်္ချိုင်းကုန်းသုဿာန် လွတ်ရာ မဂ်ဖိုလ်နိဗ္ဗာန်စခန်းကို မြန်မြန် ကြိုးစားပြီး လှမ်းတက်ကြပေတော့ဒကာကြီးတို့လည်းလုပ်တိုင်း ကုန်းနဲ့နီးနေပြီ၊မကြာမီ အလုပ်ခံရတော့မှာ။ ဒကာ။။ မှန်ပါ့၊သင်္ချိုင်းကုန်းတော့ ဖန်တရာတေ မရေမတွက်နိုင် အောင် သွားခဲ့ရဖူးလို့ ကြောက်ဒူးတုန်လှပါပြီ ဆရာတော်၊ သင်္ချိုင်း ကုန်းလွတ်ရာ နိဗ္ဗာန်လမ်းကိုသာ ညွှန်ပြတော်မူပါ ဘုရား၊ တစ် လမ်းသွားဖြစ်တဲ့ ၀ိပဿနာ တရားကိုသာ နာယူသင်ကြားချင်ပါ တယ် ဆရာတော်။ ဆရာ။ ။ကိုင်း… ဒါလောက်တောင် နာယူချင်ရင် (မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်)အဟုတ်တကယ် ရွှင်ပျ တဲ့ ဉာဏ်နားကောင်းကောင်းနဲ့ မိအောင် ထောင်ဖမ်းလိုက်စမ်း၊ သမထ ဘာဝနာခန်းမှာတုန်းက ရှစ်နံပါတ်ဖြစ်တဲ့ သမ္မာသမာဓိ မဂ္ဂင်ကို ရှင်းလင်းပြောပြခဲ့တာတွေ ပြန်ပြီးစဉ်းစားထားပါ။ ၁။ သမထဘာဝနာ သမ္မာသမာဓိမျိုး၊ ၂။ ၀ိပဿနာ ဘာဝနာ သမ္မာသမာဓိမျိုး၊ လို့ နှစ်မျိုးနှစ်စားခွဲခြားပြောပြခဲ့တယ်လေ၊အဲသည် နှစ်မျိုးထဲက ခု ၀ိပဿနာ သမ္မာသမာဓိရဲ့ အလှည့်ကျလာပြီ။


ခဏိကသမာဓိ အလုပ်စခန်း နိဗ္ဗာန်လမ်း အဲဒီဝိပဿနာ သမာဓိက အာရုံများအနေနဲ့ ဆက်ဆံတယ်၊ ဘယ် အာရုံပဲပေါ်ပေါ်ပေါ်လာတဲ့ ခဏတိုင်းမှာ ပစ္စုပ္ပန်တဲ့တဲ့ ပေါ်ပေါ်ခြင်း ပေါ်ဆဲခဏမှာ သိမှတ်သိမှတ်နေရတဲ့ ခဏိကသမာဓိမျိုး ဖြစ်တယ်။ ယင်းမှတ်စရာ အာရုံကလည်း ရှိတာကိုသာ မှတ်ရမှာ၊ အဟုတ်တ ကယ်ရှိတာကလည်း ရုပ်တရားနဲ့ နာမ်တရားသာဖြစ်တယ်၊ ၎င်းတို့ ကသာ အစဉ်ရှိကာ ဖြစ်ပေါ်ဖြစ်ပေါ်နေကြတာပဲ၊ ပရမတ်သဘော အရအဟုတ်အမှန်ရှိနေကြတာလို့ မှတ်ရမယ်။ လူ နတ် ဗြဟ္မာ သတ္တ၀ါ အထီးအမ ဆိုတဲ့ ပညတ်အမည် နာမတွေ ကအဟုတ်ရှိတာ မဟုတ်၊ ငါ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ပေါင် ခါး ခြေ လက် ဆိုတာတွေလည်း အဟုတ်ရှိတာမဟုတ်၊အဲဒီမရှိတာကို မသိရ မမှတ်ရ မစွဲယူရဘူး၊အမှန်အဟုတ်ရှိတဲ့နာမ်၊ ရုပ်တို့ရဲ့ ဖြစ်၊ ပျက် မှုကိုသာ အဟုတ်အမှန်ရှိတာလို့ ယုံကြည်စွာ ရှုမှတ်ပွားများ နေရမှာနော်..။ ဒကာ။။ မှန်ပါ့၊နားထောင်လျက်မို့ဆက်လက် မိန့်ကြားပါဆရာ တော်။ ဆရာ။ ။အင်း.. နားထောင်ပါ၊ ထပ်ပြောပြဦးမည်၊ရုပ်ဆိုတာက ခေါင်း၊ ခါး၊လက်၊ ဇက်၊ ချက်၊ တင်ပါး စတဲ့ အတုံးအတစ် အစိုင် အခဲ အမှုန်အမွှားအနေနဲ့ ကြည့်ရှုစမ်းသပ် ကိုင်ဆွဲ ဆုပ်ယူပြလို့ မရနိုင်ဘူး၊ ရတဲ့သဘောလို့လည်းငါဘုရားဘယ်သောအခါမှ မဟောကြားဘူး တဲ့ ဒကာကြီးတို့ရဲ့။ အဲဒီရင်ဘတ် ပေါင်ခါးဆိုတာတွေဟာ လူသားတို့ပြောကြားနေ တဲ့ ပညတ်စကား အမှားအစွဲတွေသာ ဖြစ်တယ်၊ ပရမတ်ဆံဆံ ပြောရရင် မိစ္ဆာဒိဋ္ဌိစွဲ စကားတွေပဲ၊အမှန်အစစ်ကမခိုင်မမြဲ အမျိုး မျိုးပြောင်းလဲ ဖောက်ပြန်နေတဲ့ သဘောကလေးတွေကိုသာ (ရုပ် လို့ခေါ်တာ) ရုပ်လိုစွဲယူ မှတ်သားနေရမှာဖြစ်တယ်၊ ဒီကိုယ်ကောင်ကြီးကို ခေါ်တာမဟုတ်ဘူးနော်၊ကိုယ် ကောင်ကြီး ရဲ့ အစိတ်အပိုင်း အင်္ဂါခြေလက်တွေကို ခေါ်တာလည်းမဟုတ်ဖူးပဲ၊ ဖောက်ပြန် ပြောင်းလဲမှု သဘောကလေးတွေကိုသာ ရုပ်တရားလို့ ခေါ်တာ၊ သဘောပေါက်ရဲ့လား၊အယူမှားအစွဲမှားတွေ ပျောက် အောင် ထပ်ခါထပ်ခါ ပြောကြားနေရတာ။ ဒကာ။။ မှန်ပါ့၊ခြေ၊လက်၊ ပေါင်၊ခါးခေါ်တဲ့ ပညတ်သဘောတရား ကို ရိပ်စားမိပါပြီ ဆရာတော်၊ပရမတ်ဆိုတာဟာ အတုံးအခဲ အနေနဲ့ ကိုင်ဆွဲဆုပ်ယူပြလို့မရနိုင်တဲ့ အမှန်ရှိသဘောရဲ့ အဆက်မပြတ်ဖြစ် ပျက်အစဉ်မျှသာ ဆိုတာကိုလည်း သိလာပါပြီ ဘုရား၊ ရှုမှတ်ပွားများ ရပုံကို ထင်ရှားရှင်းလင်းအောင် ရှေ့ဆက်မိန့်ကြားတော်မူပါဦး ဆရာတော်။(ဆက်ရန်)


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: