သမထဘာဝနာ၏လမ်းနှစ်သွယ်
ဆရာ။ ။အင်း.. သမထ ဘာဝနာ လောကီဈာန် လမ်းကလည်း သင်္ချိုင်းကုန်းဘက်တွက်ရပ်လမ်းက တစ်ပေါက်၊မဂ်ဖိုလ်နိဗ္ဗာန် ဘက်တက်တဲ့ လမ်းကတစ်သွယ်၊ နှစ်လမ်းနှစ်သွယ်ရှိတယ် ဒကာကြီးတို့ရ၊သွားတတ်ရင် သင်္ချိုင်းကုန်းမှလွဲတဲ့ နိဗ္ဗာန်လမ်း ထဲကိုလည်းရောက်နိုင်ပါတယ်၊လွယ်လွယ်ကလေးပါ။
သင်္ချိုင်းကုန်းက ထွက်ပေါက်လမ်းမ ဒကာ။။ သည်လိုဆို သူတို့ရထားတဲ့ လောကီဈာန် သမာဓိ အဘိညာဉ်တန်ခိုးနဲ့ သင်္ချိုင်းကုန်းလောကထဲက ထွက်မြောက် လွတ်ကင်းသွားကြပုံကလေးများကိုလည်းဒကာကြီးတို့အား သနားသဖြင့် နည်းနည်းပါးပါး ရိပ်စားမိရုံမျှညွှန်ပြ သင်ကြားပေး ပါလား ဆရာတော်။
အချိန်၏တန်ဖိုးကို လေးစားပါ ဆရာ။ ။အင်း… ဒကာကြီးတို့နဲ့ပြောရတာ အစွန်းအဆက်ကလေး ထွက်လာတိုင်းမေးနေတော့တာ အဖြေပေးလို့လက်စပဲ မဆုံးနိုင် aတာ့ဘူး။ တန်ဖိုးရှိတဲ့စကားကို တန်ဖိုးရှိရှိထားတဲ့ ဉာဏ်နားနဲ့ ထောင်ယူဖမ်း ဆီးတတ်ရင် ကောင်းတယ် ဒကာကြီးတို့၊ ပြီးရင်ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ ပြောဆိုနေကြတာကတော့ အလကားပဲ၊သူများရဲ့ တန်ဖိုးရှိတဲ့ အချိန်ကာလကို လာရောက်ဖျက်ဆီးရာ ကျတယ်နော်။
ဒကာ။။ ဒကာကြီးတို့ကို တပည့်ဒကာအရင်းသားလို သနားသော သဘောထားဖြင့် ညွှန်ကြားပြသ ဆုံးမပေးဖို့ ရိုသေစွာ တောင်းပန် လျှောက်ထားပါတယ်ဆရာတော်၊ ဒီလိုအတိုင်းမသိတန်ဖိုးရှိတဲ့ တရားစစ်မှန် ဓမ္မခန် ထွက်ရပ်လမ်းတွေကိုရိုသေလေးစား တန်ဖိုး ထားပြီးနာယူမှတ်သားနေတာပါ၊ ဆရာတော်၏တန်ဖိုးရှိလှတဲ့ အချိန်ကာလတွေကိုလည်းဒကာ ကြီးတို့က သိထားကြပါတယ် ဘုရား။
ဒိဗ္ဗစက္ခုဖြင့် နိဗ္ဗာန်လမ်းစမြင်ပုံ ဆရာ။ ။ကိုင်း… သည်လိုဆိုရင်လည်းကောင်းပါတယ်၊ လိုလို လားလားနဲ့သာ မှတ်သားပေတော့၊စာမျက်နှာ ၆၃ ၌ စောစောက ပြောပြခဲ့ပြီးတဲ့ဒိဗ္ဗစက္ခုအဘိညာဉ်ဈာန်သမာဓိကဏ္ဍကို ပြန်ကြည့် ပြီး သတိရလိုက်ပါနော်။လောကကြီးတစ်ခုလုံးဟာ ကိုယ့်စေတနာ ကံအလိုက် ကိုယ်ဖြစ်ချင်တာဖြစ်ရစတမ်းပဲ ဟူသော သင်္ခါရနဲ့ ကမ္မ ဘ၀ခေါ်တဲ့ လောကီကုသိုလ် အကုသိုလ် စေတနာကံတို့ ခြယ်လှယ် ပြုပြင် စီမံပေးမှုတို့ရဲ့သဘောဓမ္မတာဖြစ်စဉ်ကို ပေါလော ပေါ်လာ အောင် သိမြင်လာတော့တယ်ဆိုတဲ့စာပိုဒ်ဝါကျတိုကလေးကို ပြော နေတာ နော်၊အဲသည်ဒိဗ္ဗစက္ခုဉာဏ်နဲ့ပဲ ဒုက္ခမှလွတ်ရာ လောက၏ ထွက်ပေါက်ကိုရှာပြီး ထွက်သွားပုံ ကို နည်းယူစရာ တိုတိုတုပ်တုပ် နဲ့ ခပ်ကျဉ်းကျဉ်း လိုရင်းကျကျ အနှစ်သာရတွေချည်း ဆောင်ကြဉ်း ထုတ်ယူကာ အလင်းဉာဏ်ရအောင်ဗုဒ္ဓဘာသာဝင် အစစ်တို့အ တွက်ရော၊ ဒကာကြီးတို့ အတွက်ပါညွှန်ပြသင်ကြားပေးသွားမည်။ ဒိဗ္ဗစက္ခု အဘိညာဉ်အခန်းမှာပြောပြခဲ့တဲ့အတိုင်း အဲဒီဒိဗ္ဗစက္ခုဉာဏ် ရ လောကီသိဒ္ဓိရှင် ယောဂီဟာ သူဖြစ်ရှိခံစားခဲ့ရတဲ့ ဘုံဘ၀ရဲ့စည်းစိမ် ဥစ္စာ အထူးထူး အဆင်း၊ အသွင်၊ ပုံသဏ္ဌာန်၊ထီး၊မ၊ နပုံး၊ ဇာတ်မျိုး နွယ်အထူးထူး၊သုံးဆောင်မှီဝဲ ၀တ်ဆင်နေထိုင်ခဲ့ရတဲ့ အစာ အဟာရ၊ အ၀တ်တန်ဆာ၊အိုးအိမ်တိုက်တာ၊ဘုံဗိမာန်၊ တော၊တောင်၊ မြစ်၊ ချောင်း၊ ပင်လယ် သမုဒ္ဒရာ၊ လိုဏ်ဂူ၊တွင်းကျင်း၊ ချောက်ကြား စတဲ့ ၀တ္ထုပစ္စည်း အထူးထူးတို့ကို သေချာပြတ် သားစွာ သိမြင်တွေ့ရှိလာ တယ်။ ထိုအခါ ယင်းဒိဗ္ဗစက္ခုအဘိညာဉ်ရှင်က အင်း…. အခုတွေ့မြင်သိရှိခဲ့ ရတဲ့ ကောင်းမြတ် ထည်ဝါ သာယာစရာတွေနဲ့ မကောင်းဆိုးဝါး ကြောက်လန့်ဖွယ်များ အားလုံးသောမြင်ကွင်း တွေဟာ ဘာ့ကြောင့် ဘယ်သူ့ကြောင့် ဖြစ်ရတာလဲလို့ တစ်ဖန်ဆက်လက် ဆင်ခြင်စိတ် ညွတ် လိုက်သောအခါ…… ကမ္ဘာလောကကြီးတစ်ခုလုံးဟာ ကိုယ်ဖြစ်ချင်ရာဖြစ်ရစတမ်းပဲ ဟူ သော ကမ္မနိယာမ အကြောင်းကံ ဓမ္မတာဖြစ်စဉ်ကို ဖြတ်ဆိုမှန်ကန် စွာ သိမြင်လိုက်ရတယ်၊ခု… ပြောနေတာတွေ ကို ဒကာကြီးတို့ စိတ် ထဲဝင်စားကျေနပ်ယုံကြည်မှုများ ရှိရဲ့လား။ ဒကာ။။ ဆရာတော် ပြောရက်လေခြင်း ဘုရား၊ စိတ်၀၀်စားယုံကြည် ကျေနပ်နှစ်သက်တဲ့ဟိုမှာဘက်ကိုတောင် ရောက်နေပါတယ်၊ ဆက် လက်မိန့်ကြားပါ ဆရာတော်၊ ကံအ ကြောင်းကို သိပါပြီ။ ဆရာ။ ။အင်း… လောကကြီးတစ်ခုလုံးဟာ အကြောင်းကံဟူသော စေတနာစိတ်၏ကြိမ်ဖန်များစွာစေ့ဆော်တိုက်တွန်းကြိုးစားအားထုတ် မှုပင်ဖြစ်၍ ယင်းစေတနာကံ၊ စွမ်းအင်အလိုက် ကောင်းခြင်းနှင့် မကောင်း ခြင်းတွေ ထိုက်သလိုဖြစ်ပွားကာ ခံစားနေကြရတာတွေပဲ… ဟု လောက ဖြစ်ရပုံ၏ မူလအကြောင်းကံကိုကောင်းမွန်စွာ သိမြင်လာတယ်၊ တန်ခိုး ရှင် နတ်၊၀ိဇ္ဇာ တို့က ဖန်ဆင်းပေးလို့ ရတယ်ဆိုတဲ့ အယူအမှားတွေကို တော်လှန်ပစ်လိုက်ပြီ။ မှတ်ချက်။။ဗုဒ္ဓအလောင်းတော်မြတ် သဗ္ဗညုတဉာဏ် ရယူရေးကျင့်စဉ် ၌ ပထမ ပုဗ္ဗေနိဝါသ ဉာဏ်တော်မြတ်ကို ရယူတော်မူသည်၊ ဒုတိယ ဒိဗ္ဗ စက္ခုဉာဏ်တော်မြတ်ကို ရတော် မူသည်။တတိယ သဗ္ဗညုတဉာဏ်တော် နှင့် ထူးမြတ်သော အရဟတ္တမဂ်ဉာဏ်မှ ဖိုလ်ဉာဏ်ကို ကူးလျက် လောက ထဲက ထွက်မြောက်သွားပုံကို သိရသောအားဖြင့် ဒိဗ္ဗစက္ခုဉာဏ်ရဲ့ တန်ဖိုး ဂုဏ်ကိုအထူးမှတ်ကြရသည်။
ဒိဗ္ဗစက္ခုဉာဏ်မှ သစ္စဉာဏ်သို့ ယင်း…ဒိဗ္ဗစက္ခုဉာဏ်ပိုင်ရှင်သည် ဤမှာတွင် ရပ်မနေဘဲ ရှေ့ဆက်ပြီး ညွတ်ကြည့်ပြန် သောအခါ အင်း..လောကထဲမှာ ငါတွေ့မြင်သိရှိရတဲ့ အရာဝတ္ထု မြင်ကွင်းအားလုံးဟာ ခိုင်မြဲနေတာ ဘာတစ်ခုမျှမရှိဘဲ ပြောင်းလဲပျက်စီးပြုန်း တီးကုန်ခန်းကြောက်ခမန်းလိလိ ဆင်းရဲ ဒုက္ခနဲ့ ဘေးကြီး အတိ အပြစ်ရှိတဲ့အရာတွေချည်းပါတကားဟု ဒုက္ခသစ္စာအမှန်တရား ကို တွေ့ မြင်ရပြန်တယ် ဒကာကြီးတို့ရဲ့။ ကဲ… လောက၏မခိုင်မြဲခြင်းအနိစ္စနဲ့ ဖြစ်ပြီးပျက်ပျက်သွားလို့ ပြန်လည် ပြင်ဆင် မွမ်းမံ ဖြည့်စွက်ပေးရတဲ့သင်္ခတဒုက္ခတရားဆိုးတွေကို သူရထား တဲ့ ဒိဗ္ဗစက္ခုဉာဏ်က မှန်ကန်စွာပြလို့အကြမ်းဖျင်းတွေ့ နေရပြီနော်၊ တိုတို တိတိကလေးနဲ့ မိအောင် ပြောပြနေတာကို သေချာစွာမှတ် ပါ ဒကာကြီး တို့၊ သူရဲ့အသိဉာဏ်ဟာ သစ္စဉာဏ်ပိုင်းထဲကို ၀င်ရောက်နေပြီ၊ ဆင်းရဲ တာအမှန် တွေ့နေရပြီ၊ဒုက္ခ သစ္စာတွေ့ပုံကို ပြောနေတာ။ ဒကာ။။ မှန်ပါ့ ထိုသိဒ္ဓိရှင်ရဲ့ ဒိဗ္ဗစက္ခုဉာဏ်အမြင်က အင်မတန်ခရီးရောက် ပြီး တန်ဖိုးရှိလှပါကလား ဆရာတော်၊ အမှန်မြင်တဲ့ သစ္စာရှင်ကြီးဖြစ်နေပါ ပကောလားဘုရား။
ခုခေတ် ဒိဗ္ဗစက္ခုဆရာကြီးတွေ ခု ဒကာကြီးတို့ တွေ့ကြုံနေတဲ့ ဒိဗ္ဗစက္ခု ဆရာကြီးတွေကတော့ နင်တို့ အမေသေပြီးတော့ ဘာမကြီးဖြစ်နေတယ်၊ နင့်အဖေကတော့ ဘယ်ဘ၀ ရောက်နေတယ်၊ လွတ်မြောက်ချင်ရင် ပွဲကိုးပွဲပြင် ငွေကိုးကျပ်စီထည့် စတဲ့ ကိုယ့်စားပေါက်ကိုယ်ထွင်ထွင်ပြီး….. ဆရာ။ ။ကဲ…ကဲ ဒကာကြီးတို့ ဒီတွင်ရပ်တော့၊ စကားမရှည်ပါနဲ့လို့ပြော ထားလျက်သားနဲ့ တိုးတိုးပြီးတက်လာသေးသကိုး၊ဒီမဂ္ဂင်ရှစ်ပါးနဲ့ သစ္စာ လေးပါးတရားမြတ်ကိုတက်ယူသွားကြမည့် ဗုဒ္ဓဘာသာဝင်အစစ်အ ထက်တန်းစား ထွက်ရပ်ပေါက် သိဒ္ဓိရှင်များကိုပြောကြား နေတာ သာ ဖြစ်တယ်။(ဆက်ရန်)
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment