Monday, May 06, 2013

ဝိဇ္ဇာတုနဲ့ ၀ိဇ္ဇာစစ်ခွဲခန်း

ဝိဇ္ဇာတုနဲ့ ၀ိဇ္ဇာစစ်ခွဲခန်း


ဆရာ။ ။အင်း…ရှင်းပြမည် နားထောင် မှတ်သားပေတော့၊ မြတ်စွာဘုရားသခင်ရဲ့ ဂုဏ်တော်ကိုးပါးထဲမှာ (၀ိဇ္ဇာစရဏ သမ္ပန္န)ဂုဏ်တော်တစ်ပါးပါတယ်၊ ယင်းဂုဏ်တော်ထဲမှာ ၀ိဇ္ဇာတရားမျိုးက ရှစ်ပါးပြားထွက်လာတယ်၊ အဲဒီဝိဇ္ဇာရှစ်မျိုး ထဲမှ….. ၁။ အာသ၀က္ခယဉာဏ် = အာသဝေါတရားများကုန်ခန်းတဲ့ ဉာဏ်ဝိဇ္ဇာ တစ်ပါး။ ၂။ မနောမယိဒ္ဓိဉာဏ် = မိမိကိုယ်ကို ပုံအမျိုးမျိုးဖန်ဆင်းနိုင် တဲ့ ဉာဏ်ဝိဇ္ဇာ တစ်ပါး။ ၃။ ၀ိပဿနာဉာဏ် = ၀ိပဿနာဉာဏ်ဆယ်ပါးတရားတော် ထင်မြင်သူ ၀ိဇ္ဇာတစ်ပါး။ အဲဒီ ၀ိဇ္ဇာဉာဏ် ၃ ပါးကို နုတ်ပယ်ပြီး၊ ခုပြဆိုခဲ့တဲ့လောကီဈာန် အဘိညာဉ် ၀ိဇ္ဇာ ၅ ပါးရှိထားသူကို လောကီဝိဇ္ဇာဓိုရ်ကြီးတွေလို့ ပါဠိတော်မှာ လာတယ်။ အဲဒါကြောင့် ဈာန်အဘိညာဉ်ရသူမှ ၀ိဇ္ဇာအစစ်ဖြစ်ကာ၊ကျန်တာ တွေမှန်သမျှ ၀ိဇ္ဇာအတုတွေချည်းပဲ၊ကဲ… ၀ိဇ္ဇာစစ်နဲ့ ၀ိဇ္ဇာတုကွဲပြီ လား၊ ဒကာကြီးတို့ဆုတောင်းတဲ့ အဆုံးနားမှာ ဈာန်တရားမဂ် တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရ ရပါလို၏လို့ ဆုတောင်းတယ် မဟုတ်လား၊ ဈာန်လည်းအမြတ်တရား တစ်ပါး ပဲနော်၊ ဒါကြောင့် သမထဈာန် အစစ်ရဖို့ဟာလည်း အလွန်ပဲခက်ခဲ တယ် မလွယ်ကူဘူးလို့ အစကပြောခဲ့တာပေါ့။ ဒကာ။။ ဒီလိုဆိုတော့အခုခေါ်ခေါ်နေကြတဲ့ထွက်ရပ်ပေါက် ၀ိဇ္ဇာ ဓိုရ် ပထမံ အောင် သိဒ္ဓိ မနောမယိဒ္ဓိဆရာကြီးတွေဟာ ၀ိဇ္ဇာအစစ် ဘယ်ဖြစ်တော့မှာလဲ ဆရာတော်၊ သူတို့ရဲ့ ရုပ် ပုံတွေရေးဆွဲထု လုပ်ကိုးကွယ် ပူဇော်နေလို့ကောဘာအကျိုးရှိမှာမို့လဲ မိန့်ကြား ပါဦးဘုရား။


ပါရမီရှင် ၀ိဇ္ဇာဓိုရ် အစစ်များ ဆရာ။ ။အင်း… တော်တော့၊စကားကြောရှည်မလာနဲ့၊ ဒီကပြော နေတာက သီလမဂ္ဂင် သမာဓိမဂ္ဂင် ပညာမဂ္ဂင်ဆိုတဲ့ မဂ္ဂင်ရှစ်ပါးကို အကျယ်ပွားကာ သမ္မာသမာဓိ မဂ္ဂင် တရားထဲက ပေါ်ထွက်လာတဲ့ ဈာန်အဘိညာဉ်ရ ၀ိဇ္ဇာဓိုရ်မျိုးကိုသာ ပြောပြနေတာ၊ ခုလို သာသ နာတော် တွင်းမှာ ဈာန်ရသူတို့ကိုသာ အဟုတ်ကိုးကွယ်ဆည်းကပ် ပူဇော်စရာ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ နီးကပ် နေတဲ့ ၀ိဇ္ဇာဓိုရ်အစစ်တွေ ဖြစ်တယ် ဒကာကြီးတို့ရ။မဂ်ဖိုလ်နိဗ္ဗာန်ကို လုပ်တတ်ယူတတ်ရင် သာသနာ တော်အတွင်းက ၀ိဇ္ဇာတွေဟာ အလွယ်ကလေးနဲ့ လောကဒုက္ခထဲ ကထွက်နိုင်တဲ့ ဉာဏ်ကြီးရှင် ထွက်ရပ်ပေါက်လောကရဲ့ ဟိုဘက် ကမ်းကို ရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူးပါရမီရှင် ၀ိဇ္ဇာဓိုရ်အစစ်ြ ကီးတွေပေါ့။


ရှေ့ နောက် မညီသော စကား ဒကာ။။ ဆရာတော် စောစောက ဈာန်မျိုးအပြား၎ ပါးဝင်စားပုံနည်း များကို ပြောကြားသွားတဲ့သိဒ္ဓိတန်ခိုးရှင်အခန်းမှာတုန်းကတော့ ခုပြောခဲ့တဲ့ သမထဘာဝနာ သမာဓိဂိုဏ်း သက်သက် သိဒ္ဓိရှင် ၀ိဇ္ဇာ လုပ်ငန်းဟာ ဒုက္ခဆင်းရဲ မကင်းတဲ့သေမင်းကိုလိုက်ရှာပြီး သင်္ချိုင်း ကုန်း အပို့ခိုင်းနေတာချည်းဖြစ်တယ်လို့ မှတ်ရမည်ဟု မိန့်ကြားလျက် မှတ်ချက်ချခဲ့ပြီးမှ ခုတော့ တစ်ဖန်မဂ် ဖိုလ် နိဗ္ဗာန်နဲ့နီးကပ်နေတဲ့ ကိုးကွယ်ဆည်းကပ်စရာ ပါရမီရှင် ၀ိဇ္ဇာဓိုရ်ကြီးတွေပေါ့ လို့ ပြောလာ ပြန်တယ်၊ရှေ့နောက်မညီတဲ့ သည်ပြဿနာနှစ်ရပ်ဘယ်ဟာကို အမှန်ယူရ မှတ်ရမှာလဲ ဘုရား၊ မိန့်ကြားရှင်းပြပါဦးဆရာတော်။


ဆရာ။ ။အင်း….အရှင်းကြီးပဲဟာ ဟိုတုန်းက ဆိုထားတာက (သမထဘာဝနာ သမာဓိ သက်သက်ဟာ ဆင်းရဲမကင်းတဲ့ သေ မင်းကိုရှာပြီးသင်္ချိုင်းကုန်းကိုအပို့ခိုင်းနေတယ်ချည်း ဖြစ်တယ်လို့ ဆိုခဲ့တယ်လေ)သာသနာပ ကာလ သမထဘာဝနာ ၀ိဇ္ဇာ ဂိုဏ်း သမားများနဲ့ သာသနာတွင်းကာလလောကီဝိဇ္ဇာလိုင်းသက်သက် ကို အချောင်လိုက်နေတဲ့ သမထဂိုဏ်းသားသိဒ္ဓိရှင် ဘုန်းတန်ခိုးကြီး ချင်၊နာမည်ကျော်ကြားချင်တဲ့ ၀ိဇ္ဇာဓိုရ်များကိုပြောတာ ဒကာကြီးတို့ရ။


သင်္ချိုင်းကုန်းက ၀ိဇ္ဇာများ ဆိုလိုရင်းမှတ်ချက်က ၀ိပဿနာဉာဏ်မပါ မဖက်တဲ့ သမထဘာဝနာ သက်သက်နဲ့ ရာထူးတက်အောင်၊ ဈေးရောင်းကောင်းအောင်၊ ချမ်းသာ တိုးပွားရွှေငွေတွေများလာအောင်၊ အမှုနိုင်အောင်လု ပ်ပေးနိုင်တဲ့ ၀ိဇ္ဇာ ဂိုဏ်းသား သိဒ္ဓိရှင်များ အတွက်ကတော့ သင်္ချိုင်းကုန်းသွား လမ်းထွင် တဲ့ ၀ိဇ္ဇာတို့ရဲ့ပြင်ဆင်ချက်လုပ်ငန်း ဉာဏ် သက်သက်တွေသာ ဖြစ် တယ်လို့မှတ်ပါတဲ့၊ ကဲ….ကွဲပြားလာပြီလားဒကာကြီးတို့၊ သင်္ချိုင်း ကုန်းဝင်ဖို့ အပေါက်ရှာတဲ့ ထွက်ရပ်ပေါက် ဆရာ ၀ိဇ္ဇာကြီး လုပ်ချင် သေးသလား။ ဒကာ။။ သည်ဈာန်ကုသိုလ် သမထလမ်းသက်သက် လုပ်ငန်းက ဆင်းရဲဒုက္ခသမားများရဲ့ သင်္ချိုင်းဘက်သွားတဲ့ ထွက်ရပ်လမ်း ကြောင်းကြီးဆိုတော့ ကြောက်လွန်းလို့ပါ ဘုရား၊ သွားခဲ့ သေခဲ့တဲ့ ဘ၀တွေလည်း မရေမတွက်နိုင်တော့ပါဘူးဆရာတော်။


သေတာလောက် ကြောက်စရာမဟုတ် ဆရာ။ ။အင်း….သေတာလေးသာ ထည့်ပြောနေတယ်၊ စိုးရိမ်ရ ပူဆွေးရ ငိုကြွေးရ အိုရ နာရ ငတ်ရ ပြတ်ရ ကွဲရ ပြဲရ စားသောက် နေထိုင်ရေးရှာရဖွေရလို့ ဆင်းရဲဘေးမျိုးစုံဘ၀တွေတော့ ထည့်မ ပြော မတွေးတော မစဉ်းစား မပူပန်ဘူး၊ သေရတဲ့ စုတိစိတ်ကလေး ကဘယ်လောက်ကြာလို့လဲ တစ်ခဏလေးရယ်၊ မသေခင် အသက် ရှင်နေတုန်း ရှာဖွေလုပ်ကိုင်ပြုပြင်ပေးရ ခံစားနေရတဲ့ ဒုက္ခဝေဒနာ ဘေးရန်တွေက သာလို့ဆိုးတာ ဒကာကြီးတို့ရ။ အဲသည်မကောင်းဆိုးဝါးခံစားနေရလို့ အပျက်အနိစ္စ၊ ဘ၀တွေဟာ ရေတွက်ပြလို့ တောင် မဆုံးနိုင်ဘူးပဲ၊အဲဒါတွေကို ကြပ်ကြပ်တွေးပြီး ကြောက်မှပေါ့။


အနိစ္စကို နိစ္စဖြစ်အောင် လုပ်နည်းရှိသလော ဒကာ။။ မှန်ပါတယ် ဆရာတော်၊ အနိစ္စကို နိစ္စဖြစ်အောင် ခိုင်မြဲနေ အောင်ကို ဘယ်လို လုပ်ပြုပြင်လို့မှ မရနိုင်ဘဲ ထပ်တလဲလဲစီမံပြု ပြင် လုပ်ကိုင်နေရလို့သင်္ခါရ ဒုက္ခတွေကတော့ နေ့ရှိသမျှ အချိန်ရှိသမျှ တွေ့ကြုံခံစားနေရလို့ ဒုက္ခဆင်းရဲလို့တောင် မထင်၊ မမှတ်နိုင်တော့ ဘူး၊ရိုးနေပါပြီ ဆရာတော်၊ အဲဒါလောက်ဒကာကြီးတို့ဘ၀ဟာ မိုက် မဲမှောင်ကျနေပါတယ်၊ အသိခေါက်ခက် အ၀င်နက်တွေပါဘုရား၊ ဒါကြောင့် သမထ ဘာဝနာ ၀ိဇ္ဇာရဲ့ ထွက်ရပ်လမ်းကို စုံစမ်းမေးမြန်း နေတာပါ။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: