ိဒိဗ္ဗစက္ခု အဘိညာဥ် ၀င်စားပုံ
ဆရာ။ ။အင်း… အဲဒီ စတုတ္ထဈာန်ရပုဂ္ဂိုလ်က ပုဗ္ဗေနိဝါသအဘိညာဉ်က ဆက်ပြီး မိမိ ရရှိခံစားနေထိုင်ခဲ့ဖူးသော ဘ၀ထိုထိုတို့၏ဆင်းရဲချမ်းသာ အယုတ်အမြတ် အနိမ့်အမြင့် ပုံ သဏ္ဌာန် အဆင်းအရောင် အမျိုးမျိုး အထွေထွေတို့ကိုရော ယင်းဖြစ်ရမှုအပေါ်၌အကြောင်းတရားနှင် အကျိုးတရားများကိုပါ ခွဲခြမ်းမြင်သိချင်တဲ့ အလိုစိတ်ဓါတ် ညွတ်လိုက်တာနဲ့ တစ်ပြိုင် နက် ဒိဗ္ဗစက္ခုဉာဏ် ဖြစ်ပေါ်လာတာပဲ။ အဲဒီဉာဏ်ဖြင့် ၎င်းဒိဗ္ဗစက္ခု အဘိညာဉ်စိတ် ပိုင်ရှင်ဟာ အဝေးအနီး အကြီးအသေးအဆင်းအရောင် ပုံသဏ္ဌာန် အထူးထူးအမျိုးမျိုးတို့ကို သူသိချင်သလို ကြည့်ကြည့်ပြီး တွေ့မြင်ရသိရတော့တာပဲ၊အဲဒါဟာ အကျိုးခံစားခွင့်တွေပေါ့။ ဒကာ။။ အော်… အဘိညာဉ်ကုသိုလ်စိတ်ရဲ့ တန်ခိုးအကျိုးခံ စားခွင့်ပေးပုံက တယ်လဲ ထူးခြားဆန်ကြယ် အံ့သြဖွယ်ကောင်း ပါကလားဘုရား၊ကမ္မ၀ိပါကော အစိန္တိယော ဘုရားဟော ဒေသနာမှန်ပါဘိ ဆရာတော်။ ဆရာ။ ။ဟာ -ဒကာကြီးတို့နှယ် အဲဒီ ဒိဗ္ဗစက္ခုအဘိညာဉ် စိတ်က ပုံအသွင်အဆင်းအရောင် အကြီးအသေးအမျိုးအပြား အစားစားတို့ကို သိမြင်ရုံတင်မကသေးဘူး၊ သူဖြစ်လာခဲ့ရတဲ့ ဘ၀အထူးထူးက ပြုလုပ် ခဲ့ဖူးတဲ့ ကောင်းလုပ်ဆိုးလုပ် ရုပ်ဝတ္ထုဒြပ်အထူးထူးတွေကိုပါသိမြင်နိုင်သေးတယ် ဒကာကြီးတို့ရ။ အဲဒီ ဒိဗ္ဗစက္ခု အဘိညာဥ်ဖြင့် ပြုလုပ်ခဲ့ဖူးတဲ့ကောင်းလုပ် မကောင်းလုပ်(ကုသိုလ်ကံ၊ အကုသိုလ်ကံ) ဆိုတဲ့ အကြောင်း အလုပ်ကံအထူးထူးတို့ကြောင့် ကောင်းမြတ်ချမ်းသာသော ဘ၀နဲ့ ယုတ်နိမ့်ဆင်းရဲသော ဘ၀အကျိုးပေး အထူးထူးတွေ ဖြစ်ပေါ်ရရှိလာတာကိုလည်းသိမြင်လာသေးတယ်။ ဒကာ။။ ဟာ.ဒိဗ္ဗစက္ခုတစ်ခုတည်းနဲ့ တယ်လည်း ခရီးရောက်ပါကလားဆရာတော်၊ ဆက်လက်မိန့်ကြားပါဦး ဘုရား။
လောကထဲမှာ ကိုယ်ဖြစ်ချင်ရာ ဖြစ်ရစတမ်းပဲ ဆရာ။ ။အင်း….ယင်းကုသိုလ်၊ အကုသိုလ် ကောင်းလုပ် မကောင်းလုပ် ကံအထူးထူးအလိုက် ဘုံဘ၀အထူးထူး ဇာတ်အမျိုးအနွယ်အထူးထူးစည်းစိမ်ဥစ္စာ အထူးထူး ဗိမာန်အဆောက်အအုံအထူးထူးအဆင်းပုံသွင် အထူးထူးတို့ကို သေချာစွာ သိမြင် ဆင်ခြင်လေ့လာ သုံးသပ်ခြင်းအားဖြင့် သူ့ဉာဏ်ထဲမှာ လောကကြီးတစ်ခုလုံးဟာ ကိုယ့်စေတနာကံ အလုပ်အတိုင်းကိုယ်ဖြစ်ချင်ရာ ဖြစ်ရစတမ်းပဲ ဟူသော သင်္ခါရနဲ့ ကမ္မဘ၀ခေါ်တဲ့ လောကီကုသိုလ် အကုသိုလ်ကံစေတနာတို့ ခြယ်လှယ်ပြုပြင်စီမံပေးမှုရဲ့သဘောဓမ္မတာ ဖြစ်စဉ်တို့ကို ပေါလောပေါ်အောင် သိမြင်လာတော့တယ်တဲ့၊ ကဲ… ဒကာကြီးတို့ရဲ့ဉာဏ်ထဲ မိစွဲ ထိရောက် ရဲ့လား။ ဒကာ။။ မှန်ပါ့ ဆရာတော် မိန့်ကြားချက်တွေဟာ ဒကာကြီးတို့ ထောင်ထားတဲ့ဉာဏ်နားရွက်ထဲ ကွက်ခနဲ ကွက်ခနဲ မိလိုက် ထိလိုက် သိလိုက်တာ ဆရာတော်၊ ဒိဗ္ဗစက္ခုတန်ခိုးရှင် ရဲ့ သိဒ္ဓိစွမ်းအင် ဉာဏ်အမြင်တွေဟာ ကြီးကျယ်မြင့်မားလှပါကလား ဆရာတော်၊ တခြား အဘိညာဉ်တွေများရှိသေးသလား၊ မိန့်ကြားပါဦးဘုရား။ ဆရာ။ ။အင်း…မှန်တယ်၊ ဒိဗ္ဗစက္ခုရဲ့ စွမ်းအင်က နောက်နောက်ကပြုပြင်စီမံပေးတဲ့ ကိုယ်ရဲ့ အလုပ်အကိုင် ကံကိုထိအောင် သိမြင်ဆင်ခြင် သုံးသပ်နိုင်တယ်၊ဒါကြောင့် ဘုရားလောင်းဟာ ဒုတိယယံမှာ ဒိဗ္ဗစက္ခုဉာဏ်ကဆက်ပြီး အာသ၀က္ခယဉာဏ် တက်သွားတာပေါ့။
ဒိဗ္ဗသောတအဘိညာဉ်ခန်း ယင်းမှကျန်တဲ့ ဒိဗ္ဗသောတ အဘိညာဉ်ကလည်း ဘယ်လောက်ပဲဝေးတဲ့အသံဖြစ်ပ လေစေ၊ဘယ်လောက်ပဲ တိုးတဲ့ သေးတဲ့ အသံကလေးဖြစ်ပလေစေ၊ သူရဲ့စတုတ္ထဈာန် သမာဓိ တန်ခိုးနဲ့ ကြားလိုစိတ်ညွတ်လိုက်တာနဲ့ နတ်များရဲ့နားကဲ့သို့ သူကြားလိုတဲ့ အသံတွေကို ကြားနိုင်စွမ်းေ တာ့တာပဲ။
ဣဒ္ဓိဝိဓ အဘိညာဉ် သိဒ္ဓိရှင်လုပ်ငန်း အခုပြောပြပေးမှာကဒကာကြီးတို့ လိုချင်တောင့်တနေတဲ့ ဆန္ဒမျိုးမြေလျှိုးမိုးပျံ ထူးထွေ အံ့ဆန်းလိုချင်သလို ပြဋ္ဌာန်း စီမံဖန်ဆင်းပေးနိုင်တဲ့ သိဒ္ဓိရှင်ကြီးဆိုတဲ့ ဣဒ္ဓိဝိဓ အဘိညာဉ်မျိုးဖြစ်တယ်၊။သူကလည်း မိုးပေါ်ပျံချင်ရင် မိုးကောင်းကင်ကိုမြေပြင်ဖြစ် အောင် ပထ၀ီ ကသိုဏ်းဝင်စားဖန်ဆင်းပြီး နင်းတက်သွားကာ သူ့ကိုယ်ကို ၀ါယောကသိုဏ်း လေမုန်တိုင်းနဲ့ဖန်ဆင်းတိုက်ခတ်လွင့်ပျံသွားတာပဲ၊ မြေလျှိုးချင်တော့လည်း မြေပြင်ကို ဟင်းလင်းဖြစ်အောင် ပြုပြီး အာကာသကသိုဏ်းနဲ့ခုန်ဆင်းသွားတော့တာပဲ၊ သူလိုသလို စီမံဖန်ဆင်းနိုင်တဲ့ တန်ခိုးသိဒ္ဓိရှင်ကြီး ဖြစ်နေတော့တာပဲ။ လောကမှာ အလွန်အမင်း ကြည်လင်သန့်ရှင်းမြင့်မြတ်တည်တံ တဲ့ စိတ်စွမ်းအင်သတ္တိဟာ ပြောပြလို့ မယုံနိုင်အောင် တန်ခိုးဣဒ္ဓိရှိတယ်နော်၊ ဒကာကြီးတို့ မယုံမရှိနဲ့၊ စိတ္တေန နိယတေ လောကော လို့ ဘုရားဟောထားတာ ရှိတယ်။ ဒကာ။။ မှန်ပါ့ ဒကာကြီးဖြင့် နားထောင်လို့ မငြီးနိုင်အောင် စိတ်ဝင်စားလွန်းလို့ ဆက်လက် မိန့်ကြားပါဦးဆရာတော်။
ပရစိတ္တ ၀ိဇာနန ဉာဏ်စခန်း ဆရာ။ ။ပရစိတ္တ ၀ိဇာနနအဘိညာဉ်ဆိုတာကလည်း သူတစ်ပါး၏စိတ်အစဉ်ကို လိုက်၍ သိနိုင်တဲ့ တန်ခိုးသတ္တိထူးတ စ်မျိုးကို အဲဒီစတုတ္ထဈာန် သမာဓိဉာဏ်နဲ့ပဲ ပြီးစေနိုင်တယ်၊ ယင်းကို စေတောပရိယ ၀ိဇာနနဉာဏ် လို့လည်း တချို့နေရာမှာ ခေါ်ဆိုကြ သေးတယ်။
လောကီဈာန် အဘိညာဉ် ၀ိဇ္ဇာ ၅ ပါး ၁။ ပုဗ္ဗေနိဝါသဉာဏ် = ရှေးဘ၀အစဉ်ကို အောက်မေ့သိမြင်နိုင်သောဉာဏ်။ ၂။ ဒိဗ္ဗစက္ခုဉာဏ် =နတ်မျက်စိကဲ့သို့အထူးမြင်သိသောဉာဏ်။ ၃။ ဒိဗ္ဗသောတဉာဏ် = နတ်တို့နားကဲ့သို့ အထူးကြားတတ်သော ဉာဏ်။ ၄။ ဣဒ္ဓိဝိဓဉာဏ် = တန်ခိုးသိဒ္ဓိအထူးထူးကို ပြစွမ်းဖန်ဆင်းနိုင်သောဉာဏ်။ ၅။ ပရိစိတ္တ ၀ိဇာနန ဉာဏ် = သူတစ်ပါး၏စိတ်အစဉ်ဖြစ်နေပုကိုလိုက်၍သိနိုင်သော ဉာဏ်။ အဲဒီ ငါးပါးကို လောကီဈာန် အဘိညာဉ်မျိုးလို့လည်းခေါ်တယ်၊ ဘုရားမရှိမပွင့်တဲ့ သာသနာပ အခါမျိုးမှာလည်းသမထဘာဝနာ သမာဓိတရားအားထုတ်ပြီး ရယူနိုင်တာပဲ၊ဒကာကြီး တို့မှာ ရယူနိုင်တဲ့ ဥပနိဿယဉာဏ်ခံ ပါရမီရှိရင် ခုဘ၀မှာရနိုင်တယ်၊ အားထုတ်ကြိုးစားပွားများပေတော့၊ အဟုတ်ကြိုးစားအားထုတ်ရင် ရနိုင်ပါတယ်၊ ခုဘ၀မရရင် နောက်ဘ၀အတွက်ပါ ပါရမီရင့်တာပေါ့။ ကဲ…သိဒ္ဓိရှင် ၀ိဇ္ဇာလုပ်ချင်တဲ့ဒကာကြီးတို့ဟာ အဲဒီဉာဏ်မျိုးတွေရမှ ၀ိဇ္ဇာဓိုရ်အစစ် ဖြစ်မှာ၊ အဲဒီ ၀ိဇ္ဇာဓိုရ်ထွက်ရ ပ်ပေါက် ဆရာကြီးမျိုးကမှသေရင်ဗြဟ္မာ့ပြည်လားမှာ၊ဒါပေမယ့် အဲဒီ ဗြဟ္မာကြီးရဲ့နောက်ဆုံးသွားလမ်းက သင်္ချိုင်းကုန်းသွားလမ်းပဲ ဖြစ်တယ်၊ အကောင်းများ ထင်မနေနဲ့နော်။ ဒကာ။။ အော်…ဒီလို ဈာန်ပျံသူမျိုးကို ၀ိဇ္ဇာဓိုရ်လို့လည်း ခေါ်ရသေးသလားဆရာတော်၊ ဈာန်ရပုဂ္ဂိုလ်နဲ့ ၀ိဇ္ဇာဓိုရ် ဘယ်လိုထူးပါသလဲ၊ဗုဒ္ဓဘုရားဟောရှိပါသလားမိန့်ကြားပါဦး ဆရာတော်။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment