ပုဂံပြည် ရွှေမိုးငွေမိုးရွာခြင်း
ပုဂံပြည်မှာ သိဒ္ဓိရှင်ထွက်ရပ်ပေါက် ဆရာကြီးတွေက စောင့်ရှောက် မ,စရွှေမိုးငွေမိုးတွေ ရွာချပေးလို့ ဆင်း ရဲသူ မုဆိုးမ ကလေးကအစ၊ဘုရားတန်ဆောင်း ကျောင်းကန်စေတီ တွေမှိုလိုပေါက်အောင် တည် ဆောက်ပြီးဟီးဟီးတောက် သာသနာပြုသွားကြတာ တွေ ယနေ့အထိရှိနေကြပါသေးတယ်။ ဒကာကြီးတို့လည်းသိဒ္ဓိရှင် ထွက်ရပ်ပေါက်ဆိုသူ ရဟန်း၊ ရှင်လူ ဘိုးတော်၊ မယ်တော်၊ရသေ့မှအစ ဂိုဏ်းဆရာမျိုးစုံလိုက်ရှာမေးမြန်းပြီးသူတို့ရဲ့ပညာ ရည်ကို စုံစမ်းကာ တပည့်ခံ ကိုးကွယ်ပေါင်းများလှပြီ၊ တွေ့ရတဲ့သိဒ္ဓိရှင်ပေါက်ဆရာတိုင်းသူတို့တန်ခိုးနဲ့မြေ လျှိုးမိုးပျံတာ လည်းမတွေ့ရ၊ ရွှေမိုးငွေမိုး ရွာချကာလည်း မပေးကြဘဲ သူများဆီမှာရှိတဲ့ ရွှေငွေကလေးတွေ ကိုသာ ရသမျှအလှူခံယူပြီး(သူတို့လည်းစား၊လူတကာအထင် ကြီးပြီး ကြည်ညိုလေးစား လူများများလာအောင် ဘုရား စေတီတွေ တည်၊ တန်ဆောင်းကျောင်းဆောင်ကြီးတွေ လည်းဆောက်ပေး)တချို့ဆရာကြီးတွေကလည်းလိမ် ညာပြီးရသမျှရွှေငွေတွေယူထွက်ပြေးနဲ့ ပြုလုပ်နေကြ တာသာ တွေ့ရလို့ သူတို့ရဲ့ တပည့်ခံယူချင်စိတ်တွေ လည်းမရှိတော့ပါဘူးဆရာတော်။
ကိုယ်တိုင် မထမံ သိဒ္ဓိရှင်ကြီးဖြစ်အောင်လုပ်နည်း ဒါကြောင့် ကိုယ်တိုင် တရားသောစစ်မှန်တဲ့ ပထမံ သိဒ္ဓိရှင်ပေါက်ဆရာကြီး ပြုလုပ်ပြီးတော့ လူများစွာတို့ကို ရွှေတွေ ငွေတွေ ဖွေးဖွေးလှုပ် ထုတ်ထုတ်ပေးကာ သာ သနာတော် ပြုချင်လွန်းလို့သိဒ္ဓိပေါက် တန်ခိုးရှင်အဖြစ် ရောက်ကာ လိုရာရာကို ဖန်ဆင်းမစ ပေးနိုင်တဲ့ နိဿ ရည်းနည်းလမ်းမှန်များကို ညွှန်ကြားပြသပေးပါရန် ထပ်မံ လျှောက်ထားနေတာပါဆရာတော်၊စကားတန် ရှည်တဲ့ ဒကာကြီးမဟုတ်ပါဘူး၊ တရားသံမြည်တဲ့ ဒကာကြီးလို့ မှတ်ပါ ဆရာတော်။ ဆရာ။ ။အင်းလေ…ဒကာကြီးတို့ရဲ့ လိုလားတောင့်တ ချက် ဆန္ဒကိုသိပါပြီ၊ ဒကာကြီး တို့နဲ့ ဆွေးနွေးမေးမြန်း လာရင်းနဲ့ မူလာအစက သမ္မာဒိဋ္ဌိအဘိဓါန်ပုဒ်ရဲ့အနက် အဓိပ္ပါယ် သိဖို့ အရေးမေးဖြေခန်း တစ်ခုတည်းသာဖြစ် တာ၊ ယင်းကနေပြီး သမ္မာဒိဋ္ဌိမျိုးကွဲ အများအပြား မှတ် သားစရာ အနှစ်သာရတွေရော ကျင့်စဉ်လုပ်ရပ်တွေပါ မျိုးစုံကုန်စင်အောင် မေးယူမှတ်သားပြီးတဲ့နောက် ဆက်ပြီးတော့ စကားတန်ရှည်ကာ……
ဒီလိုလုပ်ကြစို့ဒကာကြီးတို့ မဂ္ဂင်ရှစ်ပါးနဲ့ နိဗ္ဗာန်သွားလမ်းကို တစ်ဆင့်တက် မေးပြန် လို့ နိဗ္ဗာန်လမ်းကျင့်စဉ် မဂ္ဂင် ရှစ်ပါးနဲ့ အနက်အဓိပ္ပါယ် မျိုးကွဲအပြားခြားနားပုံတွေကိုပါ စုံလင်စွာထုတ်ဆိုဖြေ ကြားလာ လိုက်တာ ခုနောက်ဆုံးရှစ်နံပါတ် သမ္မာသမာဓိ မဂ္ဂင် ၏ဈာနသမာဓိ၊ ၀ိပဿနာ သမာဓိမျိုး နှစ်ပါးခြားနား ကွဲပြားပုံ ပြောကြားဖြေဆိုနေတဲ့ အထဲကကြားဖြတ်ကာ တိုးတိုးပြီးအမျိုးမျိုးသော လောကီရတနာတို့ကိုစီမံဖန် ဆင်း ပေးခြင်းနဲ့ မြေလျှိုးမိုးပျံပထမံသိဒ္ဓိရှင်ကြီးဖြစ်ချင် လာ ပြန်တော့ကာ ဒီလိုလုပ်ကြစို့ဒကာကြီးတို့ရာ။ ဒကာ။။ မှန်ပါ့ ဘယ်လိုများလုပ်ချင်လို့လဲ မိန့်ကြားပါ ဆရာတော်။
သာသနာ့ဘက်လိုလိုဟိုဘက်လိုလိုနဲ့ ဆရာ။ ။စကားကြော ရှည်လျားလာတော့ အပြောအဆို တွေ မှားမှားပြီးအငြင်းပွားတတ်တယ်၊တကယ်အမှန် ပြောပြန်တော့လည်းမှန်တာပြောမခံနိုင်လို့ မုန်းတီးခြင်းခံ ခဲ့ရတယ်၊မကောင်းဘူးဒကာကြီးတို့ရဲ့။ ကိုယ့်စိတ်ရှိဆန္ဒကို တိုတိုနဲ့ ဖွင့်ချလိုက်ရင် အရှင်းရလွယ် တယ်၊ ခုတော့ကာ ပုဂံရာဇ ၀င်ရောက်လိုရောက်၊ထွက် ရပ်ပေါက် ပထမံဆရာတွေ ပါလိုပါ၊ မှော်ဆရာတွေထည့် လိုထည့်၊ဒကာကြီးတို့ဝါဒကသာသနာဘက်လိုလို ဟို ဘက်လိုလိုနဲ့ စကားကြောရှည် ရှုပ်ထွေးကုန်ပြီ၊ဘယ် ဟာကိုမေးလို့ ဘာဖြေရမှန်းတောင်မသိတော့ဘူး၊ ဒါ ကြောင့် သာသနာတော်ဝင် မဂ္ဂင်ရှစ်ခန်း သမထ ဈာန် လမ်းကို ဒီတွင်ပဲ စခန်းသိမ်းကြစို့။
ဘယ်ဆရာများကိုမှထိပါးပုတ်ခတ်တာမဟုတ်ပါ ဒကာ။။ ဟာ….သည်လိုမလုပ်ပါနဲ့ ဟိုဘက်က မဟုတ် ပါဘူးဆရာတော်၊ လောကမှာ သဟာမျိုးတွေရှိနေတာ ဘယ်သူမှ မငြင်းမပယ်နိုင်ပါဘူး၊ အရှိကိုအရှိအတိုင်း လျှောက်တင်ပြ တာပါ၊ဒကာကြီးကိုယ်တိုင် ဘေးတီး (ဒလံ)တို့က အပြောအဆွယ်သရုပ်ပြကောင်းတာနဲ့ ပါသွားပြီး အထက်ဆရာကြီးတို့ရဲ့ မ စမှုကို ရနိုးနိုး ယုံကြည်ကာ ကိုယ့်ဆီကသာ ထုတ်ကာ ထုတ်ကာနဲ့ လိမ်ညာခံထိဘူးတဲ့အကြောင်းအမှန်အရှိတို့ကို ဆရာ တော်သိရအောင် ထုတ်ဆောင်ပြခြင်းမျှသာပါ ဆရာ တော်၊ ဘယ်အဖွဲ ဘယ်ဂိုဏ်းဆရာကိုမှ ထိပါးပုတ်ခတ် တာ မဟုတ်ပါဘူး။
မြေလျှိုး မိုးပျံ သိဒ္ဓိရှင်ကြီး လုပ်နည်း ဒါကြောင့် အလွန်တန်ဖိုးရှိတဲ့ သာသနာတော်ဝင် မဂ္ဂင် ရှစ်ပါးမှာလာတဲ့သမ္မာသမာဓိနဲ့ ပဉ္စမဈာန်တန်ခိုးနဲ့ မြေ လျှိုးမိုးပျံ လိုရာရာပြီးနိုင်တဲ့ နည်းလမ်းများများကို ဒကာ ကြီးတို့နားလည် နိုင်ရုံ အတိုဆုံးအကျဉ်းဆုံးသဘောမျှ သာ ပြောပြပါဆရာတော်၊ဒကာကြီးဉာဏ်နားနဲ့ မိ အောင် ထောင်ဖမ်းပြီး နောင်လာနောင်သားတို့အတွက် မှတ်တမ်းတင်ထားပါမည်၊ဒကာကြီးက သာသနာတော် ဘက်သက်သက်ပါ ယောဆရာ မဟုတ်ပါဘူးဆရာတော်။
ဆရာ။ ။ကိုင်း… ယောဆရာ မဟုတ်ရင် ပြောတာကိုလုပ် ရအောင် ဟောကာထုတ် လိုက်မည် နားစိုက်ကာ ထောင်ပါ၊ ဈာန်ခန်းတုန်းက ပထမဈာန်၊ ဒုတိယဈာန်၊တတိယဈာန်၊ စတုတ္ထဈာန်လို့ လေးမျိုးအပြားခွဲခြားပြောခဲ့ပြီးပြီ၊ သိတယ် မဟုတ်လား။ ဒကာ။။ မှန်ပါ့၊ဈာန်မျိုးလေးမျိုးတွင်မက ယင်းလေးပါးတို့ တွင် တစ်ပါးတစ်ပါး၌ယင်းဈာန်ရဲ့အင်္ဂါ ငါးပါး၊ သုံးပါး၊ နှစ်ပါး၊ နှစ်ပါးတို့ကိုပါခြားနားစွာ မှတ်သားခဲ့ပါတယ် ဆရာတော်။ ဆရာ။ ။အဲဒီ ဈာန်လေးပါးထဲက ချမ်းသာသုခကို လျစ် လျူရှုနိုင်ခြင်းဥပက္ခာနဲ့ စိတ်ထားစူးစိုက်စိမ်နှစ်တည်ငြိမ် ခြင်းဧကဂ္ဂတာ၊အင်္ဂါနှစ်ပါးရှိ စတုတ္ထဈာန်သမာဓိကို ရရှိ ထားတဲ့ ယောဂီဟာ ယင်းစတုတ္ထဈာန်ကိုပင်၊ သို့မဟုတ် ပဉ္စမဈာန်ကိုပင် အကြိမ်ကြိမ် အဖန်ဖန် အခါခါ အထပ်ထပ် သုံးသပ်ဝင်စားနေထိုင်သောအခါ အလွန့်အလွန် ကြည် လင်သန့်ရှင်းစင်ကြယ်၍လာတဲ့သူရဲ့စိတ်ကိုမြင်တွေ့ သိရှိ၍လာတော့တာပဲ တဲ့။
ပုဗ္ဗေ နိဝါသ အဘိညာဉ် ဘယ်လောက်များသန့်ကြည်စင်ကြယ်နေသလဲဆိုရင် အဲဒီအခိုက်မှာ ယောဂီသူမြတ် ရဲ့ စိတ်ထဲကရှေးရှေး ဘ၀များစွာ၌ နေခဲ့ဖူးသော သူရဲ့ဖြစ်စဉ် ဘ၀အထူးထူး တို့ကို သိလိုစိတ် ပေါ်ကာ အာရုံပြုညွတ်လိုက်တာနဲ့ တစ် ပြိုင်နက် သူရှေးရှေးက ဖြစ်ခဲ့နေခဲ့ဖူးတဲ့ ဘ၀အထူးထူး အဆက်ဆက်များစွာတို့ကို တစ်ခါတည်းထင်မြင်ကာ သိလာတော့တာပဲ၊ အဲသည်လို စတုတ္ထ ဈာန် သမာဓိ စိတ် ဉာဏ်ရဲ့ တန်ခိုးနဲ့ ထင်မြင်သိလာတာကိုပင် (ပုဗ္ဗေ နိဝါသာနုဿတိ အဘိညာဉ်ပိုင်) ရှေးဘ၀တွေကို သိမြင်ျအာက်မေ့နိုင်တဲ့တန်ခိုးသိဒ္ဓိရှင်ကြီးလို့ခေါ်ရမှတ်ရ တယ်။
ဈာန် အဘိညာဉ် ပုဒ်ခွဲခန်း ဒကာ။။ ဈာန်၊ အဘိညာဉ် ဆိုတာကို ဒကာကြီးတို့ နား လည်အောင် ခွဲပြပေးပါဦးဆရာတော်။ ဆရာ။ ။အင်း….ဈာန၊အဘိ၊ ဉာဏ ဆိုတဲ့ ပါဠိပုဒ်ကိုပင် ဈာန် အဘိညာဉ်လို့ ခေါ်နေ ကြာတာ ဈာန ကတစ်ပုဒ်၊ အဘိ က တစ်ပုဒ်၊ ဉာဏ က တစ်ပုဒ် ပေါင်းသုံးပုဒ်ရှိတယ်။ ၁။ ဈာန = ကမ္မဋ္ဌာန်း အာရုံတစ်ခုတည်း၌စူးစိုက် စိမ်နှစ် နေသောစိတ်။ ၂။ အဘိ = လွန်လွန် ကျူးကျူးထူးထူး ထွေထွေ။ ၃။ ဉာဏ = သိရှိတွေ့မြင်နိုင်သော စွမ်းအင် သတ္တိ။ အဲဒီ အသိဉာဏ်ထူးရရှိထားသူဟာ ဈာန်အဘိညာဉ်ရသူ တန်ခိုးသိဒ္ဓိရှင်ကြီး ဖြစ်နေ တော့တာပဲ၊ အဘိညာဉ်က ခြောက်မျိုးရှိတယ်၊ သိချင်ရင် ဆရာတော်ရေးသားထားတဲ့ “သုတေသနသရုပ်ပြအဘိဓါန် ကျမ်းကြီးမှာ ရှာကြည့်ပေ တော့၊ ကဲ….ဘယ်နှယ့်လဲ၊ ဒကာကြီးတို့ဉာဏ်ထဲ ဈာန်၊ အဘိညာဉ်ပုဒ်ခွဲအဓိပ္ပါယ်ရှင်းလင်းရဲ့မိရဲ့လား။ ဒကာ။။ တပည့်တော် ဉာဏ်ထဲ ရှင်းလိုက် လင်းလိုက်တာ ဆရာတော်၊ အော်…ဈာန်၊ အဘိညာဉ် ၀င်စားတယ်ဆိုတာ သဟာမျိုးကို ခေါ်တာကိုး၊ အနို့ ဒိဗ္ဗ စက္ခု ဆရာကြီးတွေဆို တာကကော ဒီသဘောပဲလားဆရာတော်။(ဆက်ရန်)
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment