Monday, May 06, 2013

ချောင်ကပ် မနေကြတော့နဲ့ ရှောင်တိမ်းမနေကြတော့နဲ့

ဘုန်းကြီးတို့ရော ယောဂီတို့ရော-ဂင်္ဂါဝါဠု သဲစုမက -သမုဒ္ဒ၀ါဠူသဲစုမက ဘုရားအဆူဆူ ပွင့်သွားကြတာတောင် ပါမသွားဘူး။


ဘယ် ချောင်ကပ်ပြီးဘယ်ရှောင်တိမ်းလို့ ဘယ်အလည်လွန်နေကြတယ် မသိဘူး။


ဘုန်းကြီးလည်တွေ ယောက်ျားလည်တွေ မိန်းမလည်တွေချည်းဘဲ


သံသရာလုံးလည်လာခဲ့တာ ရှောင်တိမ်းခဲ့တာ ကိုယ့်ကိုကိုယ် သနားစရာ ၀မ်းနည်းစရာတွေ။


ခု ဘုရားစစ် ဘုရားမှန်၊တရားစစ် တရားမှန်၊ သံဃာစစ်၊ သံဃာမှန်တွေ တွေ့လဲ တွေ့နေပြီ။


အချိန်လဲ ရသေးတယ် အားထုတ်လို့လဲ ရသေးတယ်။


ချောင်ကပ် မနေကြတော့နဲ့ ရှောင်တိမ်းမနေကြတော့နဲ့


ကြိုးစား အားထုတ်ကြတော့ ...


မောင်းထောင် မြေဇင်းဆရာတော်ဘုရားကြီး


No comments: