Thursday, May 02, 2013

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသ၏ သာသနာတော် နှင့် နိုင်ငံတော်အပေါ်အမြင်

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသ၏ သာသနာတော် နှင့် နိုင်ငံတော်အပေါ်အမြင်


============================== ==================


တပည့်တော်ရဲ့ စိတ်ထဲမှာ တိုက်တစ်တိုက် ၊ဂိုဏ်းတစ်ဂိုဏ်း ၊သာသနာတစ်ရပ်ကောင်းစားရေးဆိုတဲ့ စိတ်ထားမရှိပါဘူး။ အများကောင်းစားစေလိုတဲ့ စိတ်ချည်းပါပဲ။တပည့်တော်က သာသနာရေးစိတ်နဲ့ ချည်းကြိုးစားတာမဟုတ်ပါဘူး။ နိုင်ငံရေးစိတ်နဲ့လည်းကြိုးစားတာပါ။ဗုဒ္ဓမြတ်စွာရဲ့ အမွေအနှစ်ဖြစ်တဲ့သာသနာတော်ကြီးကိုလည်းကောင်း၊ သာသနာတော်ကို ကြည်ညိုထောက်ပံ့ကြတဲ့ ဒကာ ၊ ဒကာမတို့နေရာ နိုင်ငံတော်ကိုလည်းကောင်း အင်မတန်သာယာစေလိုတဲ့ဆန္ဒ တပည့်တော်မှာပြင်းပြနေပါတယ် ဘုရား။ပြီးတော့လည်းသာသနာတော်ကို အကြောင်းပြုပြီး နိုင်ငံပါအေးချမ်းသာယာတယ်ဆိုတဲ့ ဂုဏ်ကိုအလွန်လိုချင်ပါတယ်။


ဆရာတော်ဘုရားကြီး၏ကိုယ်တိုင်ရေးထေရုပ္ပတ္တိမှ


တစ်ခေတ်မှာ တစ်ယောက်သာ ပေါ်ထွန်းတဲ့ သာသနာ့အာဇာနည် ဆရာတော်ဘုရားကြီး၏ စိတ်နေသဘောထားမှာယနေ့ ခေတ် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းအပေါင်းတို့ အားလုံး အတုယူဖွယ်ရာ ပြယုဂ်တစ်ခုဆိုလျှင် ငြင်းနိုင်ဖွယ်ရာမရှိ။


မြတ်စွာဘုရားဟောကြားညွန်ပြဆုံးမခဲ့သော တရားဓမ္မများနှင့်အညီ ၊ ဆရာတော်ဘုရားကြီး၏စိတ်နေသဘောထား ဆန္ဒကို အတုယူကာ သာသနာတော်ကို အကြောင်းပြုပြီး နိုင်ငံတော်ကို အေးချမ်းသာယာအောင် ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့ ။


No comments: