သတိ ဝီရိယ သမာဓိ။
ဝင်လေထွက်လေ အာရုံက ကျေးဇူးပြုမှုဖြင့်ဖြစ်ပေါ်လာသော သတိနှင့် ဝီရိယ အစွမ်းကြောင့် ထိုအာရုံကို ကပ်၍ တည်သော သမာဓိသည်ဖြစ်တည်လာပေမည်။ မိမိသည် သတိ၊ ဝီရိယဆိုသော အကြောင်းတရားကိုသာ ဖြည့်ဆည်းရခြင်း ဖြစ်ပါသည်။အကြောင်းတရားပြည့်စုံပါက သမာဓိဟူသော အကျိုးတရားသည် သူ့သဘော သူဆောင်ကာ ဖြစ်ပေါ်လာပေမည်။
ဝီရိယရှိသော သမာဓိသည် ပျင်းရိခြင်း၊ငိုက်မျဉ်းခြင်း မရှိသလို သမာဓိရှိသော ဝီရိယသည်လည်းပျံ့လွင့်ခြင်းမရှိပါ။
သတိသည် အပို အလို မရှိအောင် စောင့်ရှောက် ထိန်းသိမ်းနိုင် ပြီးသတိဦးဆောင်မှုဖြင့်ရုပ်နာမ် အကြောင်းအကျိုး၊ ဖြစ်ကြောင်းပျက်ကြောင်းနှင့် ဖြစ်ခြင်းပျက်ခြင်းစသည်တို့ကို အခြေပြု၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတို့ကို ဉာဏ်မှာ (ရှေးရှုထင်ရှား) စေခြင်း ဖြစ်ပါသည်။
သို့သော် တချို့တွင်သတိသည် အားနည်းနေပြီး သမာဓိ အားကြီးနေသောကြောင့် ငြိမ်ငြိမ်ကြီးအချိန်ကြာကြာ ထိုင်နိုင်ကြပါသည်။ထိုသို့ (သမာဓိငြိမ်း) ငြိမ်းနေသည်ကိုပ င် တရားရပြီဟု ထင်နေတတ်ကြပါသည်။
အများအားဖြင့် ထိုသူတို့သည် ပတ်ဝန်းကျင်နှင် ကင်းကွာတတ်ကြပါသည်။ထို့ကြောင့်သမထနှင့်ဝိပဿနာကို ပိုင်းခြားနိုင်အောင် အထူးသတိထားရပေမည်။
ဤသို့ဖြင့် သတိသည် ဝီရိယနှင့် သမာဓိတို့၏ အထောက်အပံ့ဖြင့် ရုပ်နာမ် အရှုခံတရားတို့ကိုဉာဏ်မှာ (ရှေးရှုထင်ခြင်း)ကို ဖြစ်စေပါသည်။
ဉာဏ်မှာ ရှေးရှုထင်လာသော ရုပ်နာမ်တို့ကိုသာ ပညာမဂ္ဂင်ဖြစ်သော သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပတို့ဖြင့် အနိစ္စ၊ဒုက္ခ၊ အနတ္တ လက္ခဏာတို့ကို ရှုပွားရခြင်း ဖြစ်ပါသည်။ယင်းသို့ နှလုံးသွင်းရှုပွားခြင်းကိုပင် သတိပဋ္ဌာန် ဝိပဿနာ အားထုတ်သည်ဟု ခေါ်ခြင်းဖြစ်ပါသည်။
ဒေါက်တာစိုးလွင်(မန္တလေး) ၏ လက်တွေ့လျှောက်လှမ်း ဓမ္မလမ်းစာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။
ဓမ္မ မိတ်ဆွေများသတိပဋ္ဌာန် ပွားများရာတွင် ရှိထားရမည့် သတိ၊ ဝီရိယ၊ သမာဓိတို့နှင့်ပြည့်စုံနိုင်ကြ ပါစေ။ —
No comments:
Post a Comment