Wednesday, May 01, 2013

" တထာဂတော ဟိ ဘိက္ခဝေအရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ီတရာဂေါဝီတဒေါသော ၀ီတမောဟော အဘီရု အဆမ္ဘီအနုကြတာသီ အပလာယီတိ။" - ဗုဒ္ဓ(ဓဇဂ္ဂသုတ်ပါဠိတော်) —

ဝီပဿီစသော ရှေးရှေးသော ဘုရားရှင်များနည်းတူ လာခြင်းကောင်းသောငါဘုရားသည် လူသူလေးပါး ကင်းသည့် ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြု၊မလုပ်။သစ္စာလေးပါး တရားတော်မြတ်ကို ကိုယ်တိုင် ကောင်းစွာ ထိုးထွင်းသိမြင်ပြီးဖြစ်၏။ - တဏှာရာဂလုံးဝကင်းစင်၏။ - အမျက်ဒေါသ လုံး ၀ကင်းစင်၏။ - မသိမောဟ လုံးဝကင်းစင်၏။ ကြောက်လည်း မကြောက်တက်၊အကြောက်အလန့်မရှိ။ ကြောက်၍တုန်လှုပ်သည်ဟူ၍လုံးဝမရှိ။မထိတ်တတ်၊ မလန့်တတ်။ ကြောက်လန့်၍ထွက်ပြေးသည်ဟူ ၍ဘယ်အခါမျှမရှိ။ ထို့ကြောင့် ဘုရားဂုဏ်၊တရားဂုဏ်၊သံဃဂုဏ်ကို အာရုံညွတ်၍ ကြည်ညို စိတ်ထားပွားများသူမှာ --ကြောက်ခြင်း၊ - ကိုယ်တုန်လှုပ်ခြင်း၊ -ကြက်သီးမွေးညှင်းထခြင်းဟူသမျှ ကင်းပျောက်ရမြဲ ဖစ်လေသည်။"


- ဗုဒ္ဓ (ဓဇဂ္ဂသုတ်ပါဠိတော်)


" တထာဂတော ဟိ ဘိက္ခဝေအရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ီတရာဂေါဝီတဒေါသော ၀ီတမောဟော အဘီရု အဆမ္ဘီအနုကြတာသီ အပလာယီတိ။"


- ဗုဒ္ဓ(ဓဇဂ္ဂသုတ်ပါဠိတော်) —


No comments: